Wednesday, October 20, 2010

နွားမေတ္တာစာ ဆရာတော်

လယ်တီဆရာတော်ကြီးသည် အမဲသား စားခြင်းကို တားမြစ်တော်မူခဲ့သည်။
တပည့်ရဟန်းတော်များကိုလည်း နွားသားကို မဘုဉ်းပေးကြရန် အလှူခံတော်မူသည်။
တရားပွဲများ၌ ပရိသတ်များကိုလည်း နွားသားမစားရန် အလှူခံတော်မူသည်။
နွားမေတ္တာစာကိုလည်း ရေးသားခဲ့သည်။

လယ်တီဆရာတော်ဘုရားကြီးသည် အမဲသားကို ရှောင်ကြဉ်ရန် ဆုံးမတော်မူသည်မှာ အချက် သုံးရပ် ရှိသည်။
(၁) ကျေးဇူးရှင်ကို ပြစ်မှားရာကျသဖြင့် ရှောင်ကြဉ်စေခြင်း။
(၂) နွားကို အခြေပြု၍ လုပ်ကိုင်နေရသော မြန်မာ့လယ်ယာလုပ်ငန်းကို မထိခိုက်စေလိုခြင်း။
(၃) ထို့ပြင် အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဆိုရာ၌ ထိရောက်စေလိုခြင်းကြောင့် ဖြစ်သည်။

No comments: