* ငါဟုခေါ်တွင်၊ ငါကိုယ်ပင်ဟု၊ ထင်မြင်ရငြား၊ ခန္ဓာငါးပါးတို့သည်၊ စင်စစ်ဧကန်၊ အမှန်အားဖြင့် လေးလံလှစွာသော ၀န်ထုပ်ဝန်ပိုးကြီးပါတကား။
* သူ ငါ,ကစ၊ ပုဂ္ဂိုလ်ဟူသမျှတို့သည် ခန္ဓာဝန်ထမ်း အမြဲနွမ်းလျက် ပင်ပန်း၍သာ နေရပါတကား။
* ဤလောက၌ အ၀ိဇ္ဇာ တဏှာ အရင်းခံပါသဖြင့် ခန္ဓာဝန်ကိုယူရခြင်းသည် ဆင်းရဲခြင်း၏ အကြောင်းပါတကား။
* အရိယာမဂ်ဖြင့် ခန္ဓာဝန်ကို ပယ်ချလိုက်ခြင်းသည် ချမ်းသာခြင်၏ အကြောင်းပါတကား။
မာဂဓီ (သာစည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment