အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ပုံမှန်စားသုံးပါက ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေ နိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်အရ သိရသည်။
ပန်းသီးနှင့် ဟင်းသီးဟင်းရွက်များ ဓာတ်တိုးပစ္စည်းချေဖျက်သည့်ဓာတ်များ ပါဝင်မှုများပြားသည့်အတွက် သွေးအတွင်း သကြားဓာတ်ပမာဏ များပြားမှုကို လျော့နည်းကျဆင်းစေနိုင်ကြောင်း အဆိုပါ သုတေသန ပြုချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပန်းသီး၊ ရှောက်သီး စသော အသီးအနှံများကို စားသုံးပေးခြင်းဖြင့် အင်ဆူလင်ထွက်ရှိမှုကို ပုံမှန်ဖြစ်စေသည်။ ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း ၂၅-ရာခိုင်နှုန်း ကျဆင်းစေနိုင်သည်။
ထို့ကြောင့် ပန်းသီး၊ ရှောက်သီး စသော အသီးအနှံများအပြင် ဟင်းသီးဟင်းရွက်များကိုပါ ပုံမှန်စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါ အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း အဆိုပါ သုတေသနပြုချက်အရ သိရသည်။
Wednesday, October 20, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment