Monday, October 25, 2010

ကျန်းမာရွှင်လန်း ဆေးအစွမ်း

* သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ကြီး၏။
* ချစ်သူမကွဲ၊ ဆင်းရဲရန်ဘေး၊ ကင်းစင်ဝေးငြား၊ ခြံရံပွား၊ အများရိုသေ၏။
* ဆေးကိုလှူက၊ ကျိုးဆယ်ဝ၊ မုချရနိုင်၏။ (အပဒါန-၁/၂၆၃)
* ဆေးရုံဆေးခန်း၊ စိတ်ရွှင်လန်းစွာ၊ လှူသူမှာလဲ၊ ဆယ်မျိုးပဲ၊ မလွဲရနိုင်၏။
* ဆေးကိုပေးမူ၊ အသက်လှူ၊ လှူသူမှာလည်း၊ သက်ရှည်၏။
* တရားအသက်၊ တွဲ၍ဖက်၊ ရင့်ကျက်ရှည်လို၏။
*ဆေးကိုပေးမူ၊ ကျန်းမာလှူ၊ လှူသူမှာလည်း ကျန်းမာ၏။
* ကိုယ်စိတ်အနာ၊ ကင်းစင်ကွာ၊ ချမ်းသာအေးလို၏။
* ဆေးကိုပေးမူ၊ အားလုံးလှူ၊ လှူသူမှာလည်း အားလုံးပြည့်။
* အားလုံးထဲမှာ၊ လွတ်ငြိမ်းတာ၊ မှန်စွာရလို၏။
* ကျန်းမာရွှင်လန်း၊ ဆေးအစွမ်း၊ အေးချမ်းရလို၏။

တိပိဋကဓရ ယောဆရာတော်

No comments: