ကျန်မာရေးအကျိုးကျေးဇူးများ ခံစားရသည်ဟူ၍ သိရှိနေသည့် တရားထိုင် (ကမ္မဋ္ဌာန်းအားထုတ်ခြင်း)ကြောင့် နှလုံးရောဂါ ဝေဒနာရှင်များ၏ သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်ကြောင်း သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သိရသည်။
နေ့စဉ် မိနစ် ၂၀-မျှ နှစ်ကြိမ် တရားထိုင်ပါက နှလုံးရောဂါ ဖြစ်နေသူများ၏ သေဆုံးမှုနှုန်း ၄၇-ရာခိုင်နှုန်း လျော့ပါးသွားကြောင်း လေ့လာသိရှိရပါသည်။
တရားထိုင်ခြင်းကြောင့် လူတဦးချင်းစီ၏ စိတ်ဖိစီးမှုနှင့် သွေးပေါင်ချိန်တို့ကို သိသိသာသာ လျှော့ချနိုင်သည်။ ထို့ကြောင့် နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာများ ကင်းဝေးရန် နေ့စဉ်ပုံမှန် တရားထိုင်သင့်ပေသည်။
နှလုံးရောဂါနှင့် ဆက်စပ်သည့် ရောဂါဝေဒနာများ ကာကွယ်ရေးအတွက် တရားထိုင်ခြင်းမှာ လတ်တလောတွေ့ရှိသည့် ဆေးဝါးအမျိုးအစား တရပ်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
မင်းစောထက်
Tuesday, October 26, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment