Thursday, October 7, 2010

မေတ္တသုတ်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

(မေတ္တသုတ် ပရိတ်)

ပရိတ် အကျိုးရအောင် ဆောင်ရွက်နည်း

ပရိတ်သည် အတန်တန်သော ဘေးရန်အန္တရာယ်တို့ကို ကာကွယ်တားဆီးနိုင်သည် ဆိုသော်လည်း ပရိတ်ရွတ်ဖတ် နာယူနည်း မကျပါက အကျိုးရမည် မဟုတ်ချေ။

ဆေးဝါးဟူသည် ရောဂါကိုပယ်ဖျောက်ရန် စီမံထားသော ပစ္စည်းဖြစ်၍ ဆိုင်ရာရောဂါကို ပျောက်စေနိုင်သည် မှန်သော်လည်း အညွှန်းအတိုင်း မလိုက်နာပဲ သုံးစွဲလျင်ကား ဆေးအကျိုးကို ခံစားရမည် မဟုတ်ပေ။

ထို့အတူပင် ပရိတ်တော်တို့မှာ ရွတ်ဖတ်နာယူသူတို့၏ ဘေးရန် ကင်းကွာရေးအတွက် ဟောထားသော တရားများဖြစ်သော်လည်း ရွတ်ဖတ်နာယူရာ၌ ဆိုင်ရာညွှန်ကြားချက်တို့ကို မလိုက်နာလျှင်ကား လိုအပ်သောအကျိုးကို ရနိုင်မည်မဟုတ်ပေ။

ယင်းညွှန်ကြားချက်တို့ကား

ပရိတ်ရွတ်သူတို့ ပြည့်စုံရမည့် အင်္ဂါ ( ၃ ) ပါးနှင့်

ပရိတ်နာသူတို့ ပြည့်စုံရမည့် အင်္ဂါ ( ၃ ) ပါးတို့ပင် ဖြစ်ပေသည်။

ပရိတ်ရွတ်သူ အင်္ဂါ ၃-ပါး

၁။ ပုဒ်,ပါဌ်,အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။

၂။ အနက်အဓိပ္ပါယ်ကို သိရှိနားလည် ကျေအောင်လေ့လာထားခြင်း။

၃။ ပစ္စည်းလာဘ်လာဘကို မငဲ့ပဲ ပရိတ်နာသူတို့အပေါ် မေတ္တာ ကရုဏာ ရှေ့ထား၍ ရွတ်ဆိုခြင်း။

ပရိတ်နာသူ အင်္ဂါ ၃-ပါး

၁။ ပဉ္စာနန္တရိယကံ-မှ လွတ်ကင်းခြင်း။( ကံကြီးငါးပါး ထိုက်သူ မဟုတ်ခြင်း )

၂။ ကံ ကံ၏အကျိုးကို ပစ်ပယ်သော (နိယတ) မိစ္ဆာဒိဋ္ဌိအယူမရှိခြင်း။

၃။ ပရိတ်တန်ခိုးကို ယုံကြည်ခြင်း။

လင်္ကာ။ ပုဒ် ပါဌ် မပျက်, မှန်လျက်ရှိစေ, ကျေအောင်လေ့လာ,

မေတ္တာရှေ့ထား, ရွတ်သူအား, ကျိုးများ ပရိတ်မြတ်။

ပဉ္စာနန္တရိ, နိယတဒိဋ္ဌ်, ပရိတ်မယုံ, နာသူကြုံ, ကျိုးဂုဏ် မရတတ်။


(မေတ္တသုတ်ပရိတ်)

အမွှမ်းနှင့်တကွသော ဤမေတ္တသုတ် ပရိတ်တော်ကို အချင်းချင်း မညီမညွတ် ဖြစ်သည့်အခါ, ကြောက်ရွံ့သည့်အခါ, သူတပါးတို့ ရန်ငြိုးထား၍ တိုက်ခိုက်သည်ဟု ထင်ရသောအခါ စသည်တို့၌ ရွတ်ဖတ်လေ့ရှိသည်။

(မေတ္တသုတ် ရွတ်ဖတ်ရကျိုး)

ချမ်းချမ်းသာသာ အိပ်ရ နိုးရစေသည်၊ အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်၊ မျက်နှာကြည်လင်၍ လူချစ်လူခင် များလိမ့်မည်၊ အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ ဘီလူးစီးခြင်း၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း၊ အိပ်ရာနားရှိ တွေ့ကရာပစ္စည်းတို့ဖြင့် ယောင်ယမ်းပြီး ပစ်ပေါက်ခြင်း စသည်တို့ ကင်းသည်၊ ထိုသို့ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကို ရွတ်သင့်ပေသည်။

(တိုက်တွန်းချက်)

၁။ ယဿာ,နုဘာဝတော ယက္ခာ ၊ နေ၀ ဒေဿန္တိ ဘီသနံ။ ယမှိ * စေ၀ါ,နုယုဉ္ဖန္တော ၊ ရတ္တိန္ဒိဝ,မတန္ဒိတော ။

* ယဥှိ ( က )

၂။ သုခံ သုပတိ သုတ္တော စ ၊ ပါပံ ကိဉ္စိ န ပဿတိ။

ဧ၀မာဒိ ဂုဏူပေတံ ၊ ပရိတ္တံ တံ ဘဏာမ ဟေ ။

( မေတ္တာရှေ့သွား အကျင့် ၁၅-ပါး )

( ဆောင်ရန်အကျင့် ၁၄-ပါး )

၃။ *ကရဏီယ,မတ္ထကုသလေန ၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ ၊

သက္ကော ဥဇူ စ သုဟုဇူ စ ၊ သူဝစော စဿ မုဒု အနတိမာနီ ။

* ဤမေတ္တသုတ် ပရိတ်တော်ကို ခုဒ္ဒကပါဌပါဠိတော် ၁၀-၁၁ ၊

သုတ္တနိပါတ် ပါဠိတော် ၃၀၀-၃၀၁ တို့၌ တွေ့နိုင်သည်။

၎။ သန္တုဿကော စ သုဘရော စ ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ ။

သန္တိန္ဒြိယော စ နိပကော စ ၊ အပ္ပဂဗ္ဘော ကုလေသွ,နနုဂိဒ္ဓေါ ။

( ရှောင်ရန်အကျင့် ၁-ပါးနှင့် မေတ္တာပွားနည်း )

၅။ န စ ခုဒ္ဒ,မာစရေ ကိဉ္စိ ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ ။

သုခိနော ၀ ခေမိနော ဟောန္တု ၊ သဗ္ဗသတ္တာ* ဘ၀န္တု သုခိတတ္တာ ။

* သဗ္ဗေ သတ္တာ ( သီ,သျာ )

( မေတ္တာပွားပုံအကျယ် )

၆။ ယေ ကေစိ ပါဏဘူတတ္ထိ ၊ တသာ ၀ါ ထာဝရာ ၀,န၀သေသာ ။

ဒီဃာ ၀ါ ယေ ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ ။

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ ၊ ယေ၀*ဒူရေ ၀သန္တိ အ၀ိဒူရေ ။

ဘူတာ ၀* သမ ၻေ၀သီ၀ ၊ သဗၺသတၱာ ဘ၀ႏၲဳ သုခိတတၱာ ။

* ယေ စ ( သီ,သျာ,ကံ,ဣ ) * ၀ါ ( သီ,သျာ,ကံ,ဣ )

( မေတ္တာပို့ တမျိုး, တောင့်တပွားများပုံ )

၈။ န ပရော ပရံ နိကုဗ္ဗေထ ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ *

ဗျာရောသနာ ပဋိဃသည ၊ နညမညဿ ဒုက္ခ,မိစ္ဆေယျ ။

* နံ ကဉ္စိ ( သီ,ဣ )။ နံ ကိဉ္စိ ( သျာ )။

( တဦးတည်း သားပမာ မေတ္တာစိတ်ထားနည်း )

၉။ မာတာ ယထာ နိယံ ပုတ္တ ၊ မာယုသာ ဧကပုတ္တ,မနုရက္ခေ ။

ဧ၀မ္ပိ သဗ္ဗဘူတေသု ၊ မာနသံ ဘာဝယေ အပရိမာဏံ ။

( မေတ္တာကို နှံ့အောင်ပွား )

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ ၊ မာနသံ ဘာဝယေ အပရိမာဏံ ။

ဥဒ္ဓံ အဓော စ တိရိယဉ္စ ၊ အသမ္ဗာဓံ အဝေရ,မသပတ္တံ ။

( ထူးမြတ်သော နေခြင်း-ဗြဟ္မ၀ိဟာရ )

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀ * သယာနော ယာဝတာ,ဿ ၀ိတမိဒ္ဓေါ *

ဧတံ သတိံ အဓိဋ္ဌေယျ ၊ ဗြဟ္မ,မေတံ ၀ိဟာရ,မိဓ မာဟု ။

* ၀ါ ( သီ,သျာ,ကံ,ဣ ) * ၀ိဂတမိဒ္ဓေါ ( အများ )

( မေတ္တာဘာဝနာမှ မဂ်ဖိုလ်သို့ ကူးနိုင်ပုံ )

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ ၊ သီလ၀ါ ဒဿနေန သမ္ပန္နော ။

ကာမေသု ၀ိနေယျ * ဂေဓံ ၊ န ဟိ ဇာတု,ဂ္ဂဗ ၻေသယ် ပုန ရေတိ ။

* ၀ိနယ ( က )

မေတ္တသုတ္တံ နိဋ္ဌိတံ ။

ခုဒ္ဒကပါဌပါဠိ-၁၀-၁၁။ သုတ္တနိပါတပါဠိ-၃၀၀-၁-၂။


နမော တတ်သ ဘဂ၀တော အရဟတော သမ်မာသမ်ဗုတ်ဓတ်သ

မစ်တသုတ်

တိုက်တွန်းချက်

၁။ ယတ်သာ,နုဘာဝတော ယက်ခါ ၊ နေ၀ ဒတ်သင်တိ ဘီသနံ ။

ယံမှိ * စေ၀ါ,နုယုန်ဇန်တော ၊ ရတ်တိန်ဒိဝ,မတန်ဒိတော ။

* ယင်ဥှိ ( က )

၂။ သုခံ သုပတိ သုတ်တော စ ၊ ပါပံ ကိန်စိ န ပတ်သတိ ။

အေ၀မာဒိ ဂုဏူပေတံ ၊ ပရိတ်တံ တံ ဘဏာမ ဟေ ။

( မေတ္တာရှေ့သွား အကျင့် ၁၅-ပါး )

( ဆောင်ရန်အကျင့် ၁၄-ပါး )

၃။ *ကရဏီယ,မတ်ထကုသလေန ၊ ယန်တ သန်တံ ပဒံ အဘိသမစ်စ။

သက်ကော ဥဇူ စ သုဟုဇူ စ ၊ သူဝစော စတ်သ မုဒု အနတိမာနီ ။

* ဤမေတ္တသုတ် ပရိတ်တော်ကို ခုဒ္ဒကပါဌပါဠိတော် ၁၀-၁၁ ၊

သုတ္တနိပါတ် ပါဠိတော် ၃၀၀-၃၀၁ တို့၌ တွေ့နိုင်သည်။

၎။ သန်တုတ်သကော စ သုဘရော စ ၊ အတ်ပကိတ်စော စ သန်လဟုက၀ုတ်တိ။

သန်တိန်ဒရိယော စ နိပကော စ ၊ အတ်ပဂတ်ဘော ကုလေသွ,နနုဂိတ်ဓော ။


( ရှောင်ရန်အကျင့် ၁-ပါးနှင့် မေတ္တာပွားနည်း )

၅။ န စ ခုတ်ဒ,မာစရေ ကိန်စိ ၊ ယေန ၀ိန်ညူ ပရေ အုပ၀ဒေယျုံ ။

သုခိနော ၀ ခေမိနော ဟွန်တု သတ်ဗသတ်တာ* ဘ၀န်တု သုခိတတ်တာ ။

* သတ်ဗေ သတ်တာ ( သီ,သျာ )

( မေတ္တာပွားပုံအကျယ် )

၆။ ယေ ကေစိ ပါဏဘူတတ်ထိ ၊ တသာ ၀ါ ထာဝရာ ၀,န၀သေသာ ။

ဒီဃာ ၀ါ ယေ ၀ မဟန်တာ ၊ မစ်ဈိမာ ရတ်သကာ အဏုကထူလာ ။

၇။ ဒိတ်ထာ ၀ါ ယေ၀ အဒိတ်ထာ ၊ ယေ၀*ဒူရေ ၀သန်တိ အ၀ိဒူရေ ။

ဘူတာ ၀* သန်ဘဝေသီဝ ၊ သတ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ ။

* ယေ စ ( သီ,သျာ,ကံ,ဣ ) * ၀ါ ( သီ,သျာ,ကံ,ဣ )

( မေတ္တာပို့ တမျိုး, တောင့်တပွားများပုံ )

၈။ န ပရော ပရံ နိကုတ်ဗေထ ၊ နာတိမင်ညေထ ကတ်ထစိ န ကင်စိ *

ဗျာရောသနာ ပဋိဃသင်ည ၊ နင်ညမင်ညတ်သ ဒုတ်ခ,မိတ်ဆေယျ ။

* နံ ကင်စိ ( သီ,ဣ )။ နံ ကိန်စိ ( သျာ )။

( တဦးတည်း သားပမာ မေတ္တာစိတ်ထားနည်း )

၉။ မာတာ ယထာ နိယံ ပုတ်တ ၊ မာယုသာ အေကပုတ်တ,မနုရက်ခေ။

အေ၀ံပိ သတ်ဗဘူတေသု ၊ မာနသံ ဘာဝယေ အပရိမာဏံ ။

( မေတ္တာကို နှံ့အောင်ပွား )

၁၀။ မစ်တင်စ သတ်ဗလောကသမိ ၊ မာနသံ ဘာဝယေ အပရိမာဏံ ။

အုတ်ဓံ အဓော စ တိရိယင်စ ၊ အသံဗာဓံ အဝေရ,မသပတ်တံ ။

( ထူးမြတ်သော နေခြင်း-ဗြဟ္မ၀ိဟာရ )

၁၁။ တိတ်ထံ စရံ နိသိန်နော ၀ * သယာနော ယာဝတတ်,သ ၀ိတမိတ်ဓော*

အေတံ သတိန် အဓိတ်ထေယျ ၊ ဗြန်မမေတံ ၀ိဟာရ,မိဓ မာဟု ။

* ၀ါ ( သီ,သျာ,ကံ,ဣ ) * ၀ိဂတမိတ်ဓော ( အများ )

( မေတ္တာဘာဝနာမှ မဂ်ဖိုလ်သို့ ကူးနိုင်ပုံ )

၁၂။ ဒိတ်ထိန်စ အနုပက်ဂန်မ ၊ သီလ၀ါ ဒတ်သနေန သန်ပန်နော ။

ကာမေသု ၀ိနေယျ * ဂေဓံ ၊ န ဟိ ဇာတု,က်ဂဘသေယျ ပုန ရေတိ ။

* ၀ိနယ ( က )

မစ်တသုတ်တံ နိတ်ဋ္ဌိတံ ။

ခုဒ္ဒကပါဌပါဠိ-၁၀-၁၁။ သုတ္တနိပါတပါဠိ-၃၀၀-၁-၂။



Namo tassa bhagavato arahato sammasambuddhassa.

METTA SUTTA

DISCOURSE ON LOVINGKINDNESS

(The Paritta should load automatically)

uyyojanna

1.yassanubhavato yakkha,

nevadassenti bhisanam;

yamhi cevanuyunjanto,

rattindivamatandito.

2.sukham supati sutto ca,

papam kinci na passati;

evammadi gunupetam,

parritamb tam bhanama he.

3.karaniyam atthakusalena,

yanta santam padam abhisamecca

sakko uju ca suhuju ca,

suvaco cassa mudu anatimani

4.santussako ca subharo ca,

appakicco ca sallahukavutti;

santindriyo ca nipako ca,

appagabbho kulesvananugiddho.

5.na ca khuddhamacare kinci,

yena vinnu pare upavadeyyum;

sukhino va khemino horitu,

sabbasatta bhavantu sukhitatta.

6.ye keci panabhutatthi,

tasa va thavara va-navasesa;

digha va ye va mahanta,

majjhima rassaka anukathula.

7.dittha va ye va additha,

ye va dure vasanti avidure;

bhuta va sambhavesi va,

sabbasatta bhavantu sukhitatta.

8.na paro param nikubbetha,

natimannetha katthaci na kanci;

byarasana patighasanna;

nannamannassa dukkhamiccheyya.

9.mata yatha niyamputta

mayusa ekaputtamanurakkhe;

evampi sabbabhuitesu,

manasam bhavaye aparimanam.

10.mettanca sabbalokasmi,

manasam bhavaye aparimanam;

uddham adho ca tiriyanca,

asambadham averamasapattam.

11.tittham caram nisinno va,

sayano yavatassa vigatamiddho;

etam satim adhittheyya,

brahmametam vihara-midha-mahu.

12.ditthinca anupaggamma,

silava dassanena sampanno;

kamesu vinaya gedham,

na hi jatuggabbhaseyya puna-reti.

Metta Suttam Nitthitam.

Khuddakapatha 10-11; Suttanipata 300-302


မေတ္တသုတ် စကားပြေ အဓိပ္ပါယ်

အချီးအမွှမ်း။ ။ ယဿာနုဘာဝတော-စသည်ကား မေတ္တသုတ်ကို ရွတ်ဆိုပွားများခြင်း၌ အားစိုက်ကြိုးပမ်းလာချင်အောင် အကျိုးဂုဏ်အင် အာနိသင်ပြကာ ဂုဏ်တင်ချီးကျူးသော အချီးအမွန်းဂါထာပင်တည်း။ ဘာရားဟောကား မဟုတ်သး၊ ရှေးဆရာတို့၏ အဆိုဖြစ်သည်။

နိဒါန်း အတ္ထုပ္ပတ်။ ။ မေတ္တသုတ် အာနုဘော်ကြောင့် နတ်အများတို့ ကြောက်မက်ဖွယ် အာရုံကို မပြနိုင်ဟူသော အကျိုးကား မေတ္တသုတ် အဖွင့် အဋ္ဌကထာများလာ ၀တ္ထုအရ အကျိုးပြပင်ဖြစ်၏။

အခါတပါး ရဟန်းငါးရာတို့သည် ဘုရားမြတ်ထံမှ ကမ္မဋ္ဌာန်း ယူပြီးလျှင် ဟိမ၀န္တာနှင့်တစပ်တည်း တည်နေသော တောအုပ်တခုသို့ ၀င်ရောက်ကာ သစ်ပင်ရင်းများ၌ တရားအားထုတ်နေကြ၏။ ထိုရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် သစ်ပင်များရှိ နတ်များမှာ သစ်ပင်၌ မနေ၀ံ့ကြပဲ ကလေးများကို လက်ဆွဲကာ လှည့်လည်နေကြ ကုန်၏။ တနေ့ ပြန်နိုးနိုး စောင့်နေခဲ့ရာ အရှင်များ မပြန်တော့မည်ကို သိရ၍ မနေ၀ံ့အောင် ညဥ့်အခါ ကြောက်မက်ဖွယ် အဆင်းအသံများ ပြကာ ခြောက်လှန့်ကြတော့သည်။ ထိုအကြောင်းကြောင့် ရဟန်းများ ထိတ်လန့်ကြ၍ ရောဂါအမျိုးမျိုးရကာ သမာဓိမရဖြစ်ကြရာ မိမိတို့ ဤအရပ်မှာ မနေသင့်ဟု ဆုံးဖြတ်ပြီးလျှင် ဘုရားရှင်ထံ ကြွရောက် ကြ၍ ဤအကြောင်းကို လျှောက်ထားကြ၏။ မြတ်စွာဘုရားလည်း ဤရဟန်းများ ထိုနေရင်းအရပ်မှလွဲ၍ သပ္ပါယဖြစ်ရာ အခြားအရပ်မရှိ-ဟု မြင်တော်မူ၍ ထိုအရပ်သို့ပင် ပြန်လည်နေကြရန် မိန့်တော်မူပြီးလျှင် ဤမေတ္တသုတ်ကို ကမ္မဋ္ဌာန်းအလို့ငှါ၎င်း, အကာအကွယ် အရံအတား အလို့ငှါ၎င်း, သင်ကြားပေးအပ်တော်မူခဲ့၏။

ရဟန်းတော်များလည်း ပြန်လာကြပြီးလျှင် ဘုရားရှင် သင်ပေး ညွှန်ကြားအပ်သည့်အတိုင်း မေတ္တသုတ်ကို ရွတ်ဆိုလျက် မေတ္တာ ဘာဝနာကို ပွားများကြရာ နတ်အများက ချစ်မြတ်နိုးကြလျက် ၀တ်ကြီး ၀တ်ငယ်များပင် ပြုလုပ်စောင့်ရှောက်ကြ၏။ ထိုရဟန်းများလည်း မေတ္တာဘာဝနာပွား၍ ထိုမေတ္တသုတ်ကို အခြေခံကာ ၀ိပဿနာ အားထုတ်ခြင်းဖြင့် ၀ါတွင်းမှာပင် ရဟန္တာအဖြစ်သို့ အားလုံးရောက် ကြလျက် မဟာပ၀ါရဏာနေ့၌ ၀ိသုဒ္ဓိပ၀ါရဏာကို ပြုကြရကုန်သတတ် (အကျယ်ကို သုတ္တနိပါတ် ၁၉၁။ ခုဒ္ဒကပါဌ ၂၁၅ အဋ္ဌကထာများ၌ ကြည့်ပါ)

၁-၂။ အို-သူတော်ကောင်းတို့၊ မေတ္တသုတ်ပရိတ်တော်၏ အာနုဘော်ကြောင့် နတ်အများတို့သည် ကြောက်မက်ဖွယ် အာရုံမျိုးကို မပြနိုင်ပဲ ရှိကြရသည်၊ ထိုမေတ္တသုတ် ပရိတ်တော်၌ နေ့ညဥ့်မပြတ် ထပ်တလဲလဲ စွဲမြဲရွတ်ပွား ကြိုးစားအားထုတ်သူသည် ချမ်းချမ်းသာသာ အိပ်စက်ရ၏၊ အိပ်ပျော်သည်ရှိသော် မကောင်းသော အိပ်မက်မျိုးလည်း မမြင်မက်ရပေ၊ ဤသို့စသော အကျိုးအာနိသင်နှင့်ပြည့်စုံသော မေတ္တသုတ်ပရိတ်တော်ကို ငါတို့ရွတ်ကြကုန်စို့။

( ရှင်းလင်းချက် )။ ။ မေတ္တာပွားသူ၌ အေးချမ်းရွှင်ာကည် တည်ငြိမ်သောစိတ်ရှိရာ ထိုစိတ်ကြောင့်ပင် မေတ္တာမပွားသူ လူသာမန်တို့ကဲ့သို့ ဟောက်ခြင်း, လူလှိမ့်ခြင်း မရှိ, သမာပတ်ဝင်စားသော ပုဂ္ဂိုလ်ပမာ တည်ငြိမ်သက်သာ ချမ်းသာစွာအိပ်ရတတ်၏။ အိပ်စဉ်က ချမ်းသာစွာအိပ်ရသောကြောင့် နိုးသောအခါလည်း ညဉ်းတွားဖြင်း တွန့်လိမ်ခြင်း စသော ဖောက်ပြန်မှုမရှိ, ပကတိ သက်သာ ချမ်းသာစွာ နိုးရတတ်၏။ တညိငြိမ်အေးမြသော ကိုယ်စိတ်ရှနေသော ထိုမေတ္တာပွားသူ၌ ဓာတ်ချောက်ချားခြင်း စသော ဖော်ကပြန်မှု မရှိသောောကာင့် မကောင်းသော အိပ်မက်ဆိုးများလည်း မမြင်မမက်ရပေ။ သတ္တ၀ါတို့အပေါ်မှာ ချစ်မြတ်နိုးလျက် ရှိနေသော မေတ္တာပွားသူ၏ မေတ္တာဓာတ်မှာ ဓာတ်ခိုက်လျက်ရှိရာ ထိုသူအား လူတို့ကလည်း ချစ်ကြရ၏။ နတ်တို့ကလည်း ချစ်မြတ်နိုးကြသည်ပင်။ ချစ်မြတ်နိုးကြသောကြောင့် နတ်တို့က စောင့်ရှောက်ကြ၏။

မေတ္တာသည် အကာအကွယ် အဆီးအတားကောင်း တရပ်ဖြစ်ရာ ပွားသူအား အဆိပ်, လက်နက်, မီးများ, မထိမလောင် မစူးရှနိုင်ပေ။ မေတ္တာပွားသူ၌ ကိုယ်စိတ်ငြိမ်းအေးခြင်း ပဿဒ္ဓိဖြစ်လျက်နေ၏။ ယင်းပဿဒ္ဓိမှာ သမာဓိဖြစ်ကြောင်းဖြစ်ရာ စိတ်လျင်မြန်စွာတည်ာကည်ပေတော့သည်။ မေတ္တာဓာတ် အမြဲကိန်းနေသဖြင့် မျက်နှာအဆင်း အလွန်ကြည်လင်လှပ၏။ ထိုအေးချမ်းတည့်ငြိမ်သော ကိုယ်စိတ်ရှိနေသောောကာင့်ပင် သောသောအခါ မတွေမဝေပဲ အိပ်ပျော်သွားသလို သေရတတ်၏။ အရဟတ္တဖိုလ်အထိ မပေါက်နိုင်သေးလျှင် ဈာန်အခြေရောက်နေသော ထိုမေတ္တာပွားသူမှာ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်။ ဤကား ဧကာဒသင်္ဂုတ္တရမှ မေတ္တာအကျိုး ၁၁-ပါးပင်တည်း။ (အံ-၃-၅၄၂)

( လင်္ကာ ) ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ပြီးခဲ့၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာ့ရွာ၊ လားရာမေတ္တာကျိုး။

( အခြားအကျိုးများ )။ လူတယောက်သည် နံနက်အခါ ထမင်းအိုးကြီး အလုံးတရာလှူ၏။ နေ့လယ် တရာ, ညနေ တရာ လှူ၏။ တယောက်ကား နံနက် နွားနို့တညှစ်စာမျှ မေတ္တာပွား၏။ နေ့လယ် ညနေတို့၌လည်း နွားနို့တညှစ်ာမျှပင် မေတ္တာပွား၏။ တနေ့သုံးခါ ထမင်းအိုးကြီး အလုံးတရာစီ လှူသူ၏ ဒါနထက် တနေ့သုံးခါ နွားနို့တညှစ်စာမျှ မေတ္တာပွားသူ၏ ကုသိုလ်က သာလွန်အကျိုးကြီးလှ၏။ ဤအချက်ကို နိဒါန၀ဂ္ဂ သြပမ္မသံယုတ် ၄၅၅-၌ ဟောတော်မူ၏။ ဤေးသနာဖြင့် မေတ္တာတရားသည် အလွန်အကျိုးကြီးမား၍ မိမိတပည့်သာဝကများ မေတ္တာပွားရန် ဘုရားရှင် အထူးလိုလားတော်မူသည်ဟု သိရ၏။ ဘုရားရှင်လည်း လိုလား အကျိုးလည်း ကြီးမားသော ထိုမေတ္တာကို ဘုရားတပည့်တိုင်း မပွါးပဲ မနေထိုက်ဟု သိစေသည်။ ( နိဒါန၀ဂ္ဂ သြက္ခာသုတ္တ-၄၅၅ )။

( တမျိုး )။ မိန်းမများ၍ ယောက်ျားနည်းသော အိမ်မှာ သူခိုးဓားပြများ အလွယ်တကူ တိုက်ဖျက်နိုင်သကဲ့သို့ မေတ္တာမပွားသူအား နတ်ဘီလူးများက အလွယ်နှင့် ဖျက်ဆီးနိုင်၏။ ယောက်ျားများ၍ မိန်းမနည်းသောအိမ်ကိုမူ သူခိုးဓားပြများ တိုက်ဖျက်ရန် မလွယ်သကဲ့သို့ မေတ္တာပွားသူအား နတ်ဘီလူးများ မဖျက်ဆီးနိုင်။ ဤအကြောင်းကိုလည်း နိဒါန၀ဂ္ဂ သြပမ္မသံယုတ် ကုလသုတ် ၄၅၄-၅ ၌ ဟောတော်မူသည်။ တန်ခိုးရှိသော နတ်ဘီလူးများပင် မဖျက်ဆီးနိုင်လျှင် တန်ခိုးမရှိသော လူများကား ဘယ်မှာ ဖျက်ဆီးနိုင်တော့မည်နည်း။ ဤသို့ မည်သူမျှ မဖျက်ဆီးနိုင်ဆိုသဖြင့် မေတ္တာဘာဝနာ၏ တကယ့်အကာအကွယ် အရံအတားကောင်းအဖြစ်ကို သိနိုင်၏။ ဘေးရန်ဟူသမျှကို ကွယ်ကာတတ်သော ထိုမေတ္တာအရံအတားကို အဘယ်သူသည် မပြုထိုက်ပဲရှိအံ့နည်း။

( အကျိုးထူးတရပ် )။ လက်ဖျစ်တခါတီးမျှ မေတ္တာပွားသူကား ဈာန်မဆိတ်သူ, ဘုရားမြတ် အဆုံးအမသြ၀ါဒကို လိုက်နာသူဖြစ်၍ တိုင်းပြည်၏ဆွမ်းကို အကျိုးမဲ့ အချည်းနှီးဖြစ်အောင် မပြုပဲ သုံးဆောင်သူဖြစ်ကြောင်း ဧကင်္ဂုတ္တရ ၉-၌ ဟောတော်မူ၏။

မေတ္တာပွားသောရဟန်း၏ ဆွမ်းသုံးဆောင်ခြင်းမှာ သာမိပရိဘောဂ-စိုးရပိုင်ဆိုင်ခြင်းဖြင့် သုံးဆောင်ခြင်း။

အာဏဏျပရိဘောဂ-ကြွေးမတင်သော သုံးဆောင်ခြင်း။

ဒါယဇ္ဇပရိဘောဂ-အမွေခံအဖြစ်ဖြင့် သုံးဆောင်ခြင်း။ ဖြစ်၍ အကျိုးရှိသော သုံးဆောင်ခြင်းမျိုးဖြင့် သုံးဆောင်သည်မည်၏။ ဆွမ်းလှူသူအား အကျိုးကြီးမားစေတတ်၍လည်း အကျိုးရှိသော သုံးဆောင်ခြင်း ဖြစ်ရ၏။ ဤစကားဖြင့် မေတ္တာပွားသူ၌ ဂုဏ်အရည်အသွေး အရှိန်အ၀ါ တိုးတက်လာကြောင်း သိရ၏။ လူပင်ဖြစ်စေ မေတ္တာပွားသူနှင့် မပွားသူမှာ အရည်မတူတ်ပဲရှိရာညီတူညီမျှလှူလျှင် မေတ္တာပွားသူကို လှူခြင်းက ပိုအကျိုးရနိုင်သည်။ ဤ၌ မေတ္တာနှင့် ဆိုင်သောအရာဖြစ်၍ မေတ္တာကို ဆိုနေရခြင်းဖြစ်၏။

ဤသို့ ဂုဏ်အရည်အသွေးတက်မှုမှာ အခြားမဂ်ဖိုလ်ရကြောင်း သတိပဋ္ဌာန်စသော ဘာဝနာမှုဖြင့်လည်း တိုးတက်လာနိုင်ကြောင်း ၄င်းအင်္ဂုတ္တရအရပင် သိရ၍ ဘာဝနာမှုမှန်သမျှ ပုဂ္ဂိုလ်၏ အရည်အသွေး တက်လာစေသည်ဟု သိနိုင်၏။ သို့အရဘည်အသွေးတက်လာနိုင်သည်ဆိုလျှင် မိမိ၏အရည်အသွေးကို မေတ္တာဘာဝနာဖြင့် တင်မပေးထိုက်ပဲ ရှိပါတော့်မည်လော။ မေတ္တာပွားသူ၌ ၈ုစ်ကြက်သရေတက်လျက်ရှိ၏။ ကြက်သရေရှိသူမှာ မကောင်းသော ဘေးရန်အန္တရာယ်များ မကပ်လာနိုင်ပဲ ကောင်းသော လာဘ်သပ်ပကာ ချမ်းသာစည်းစိမ်များသာ ၀င်လာလိမ့်မည်ဟု ယုံကြည်လျှင် ထိုယုံကြည်မှုမှာ တကယ်ဖြစ်နိုင်သော ယုံကြည်ချက်သာ ဖြစ်ပေသည်။

မေတ္တာစိတ်ရှိနေသူ၌ အခြား ကရုဏာ, မုဒိတာ, ဥပေက္ခာ ဗြဟ္မ၀ိဟာရများ ဖြစ်ပွားနိုင်တော့သည်။ ဒါန သီလ စသော ပါရမီများ ပြည့်ရန်လည်း လွယ်ကူလျက်ရှိတော့သည်။ ဝေလာမသုတ္တန်အရဆိုလျှင် ဒါနမှန်သမျှနှင့် သရဏဂုံသီလ မှန်သမျှတို့ထက် နွးနို့းတညှစ်စာမျှ မေတ္တာက ပိုအကျိုးကြီးကြောင်း သိရ၏။ ဤမေတ္တာသုတ်ကို အနက်မသိ ပါဠိမျှရွတ်ဆိုခြင်းဖြင့် ဘေးအသွယ်သွယ် အန္တရာယ်အရပ်ရပ်တို့မှ ကင်းလွတ်ကြသူတို့မှာ မနည်းလှပေ။ ထို့ထက် အနက်သိ၍ ရွတ်ရသူတို့ထက် မေတ္တသုတ်လာ မေတ္တာဘာဝနာပွားများသူတို့အဖို့ကား ဆိုဖွယ်ရာမရှိပေ။ သဒ္ဓါ ၀ီရိယ-သာ ပဓာနဖြစ်၍ တကယ်ယုံကြည်ကြိုးစားခြင်းဖြင့် မေတ္တသုတ်၏ အစွမ်းအာနုဘော်ကို ခံစားကြရပါစေ။

၃-၄။ ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို ဖောက်ထွင်းသိမြင်၍ နေလိုသော, အကျိုးစီးပွား၌ လိမ်မာသူသည် ပြုကျင့်ရမည့် သိက္ခာသုံးပါး အကျင့်များကို ပြုကျင့်ရမည်။

ထိုသူကား-စွမ်းနိုင်ရမည်၊ ဖြောင့်မတ်ရမည်၊ အလွန်ဖြောင့်မတ်ရမည်၊ ဆိုဆုံးမလွယ်ရမည်၊ နူးညံ့ ပျော့ပျောင်းရမည်၊ မာနမကြီးရ၊ ရောင့်ရဲလွယ်ရမည်၊ အမွေးအမြူ လွယ်သူဖြစ်ရမည်၊ ကိစ္စနည်းပါးရမည်၊ ပေါ့ပါးသော အဖြစ်မျိုး ရှိရမည်၊ ငြိမ်သက်သောဣနြေ္ဒ ရှိရမည်၊ ရင့်ကျက်သောပညာ ရှိရမည်၊ မကြမ်းတမ်း မရိုင်းပြ ယဉ်ကျေးသူ ဖြစ်ရမည်၊ လူတို့၌ တွယ်တာ မက်မောခြင်း မရှိရ။

(ရှင်းလင်းချက်)။( စွမ်းနိုင်သူ )။ ။ လောက၌ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ယုံကြည်ချက်မရှိသူ, မကျန်မာသူ, ပျင်းသူ, ဉာဏ်မရှိသူများကား ဉာဏ်ဖြင့်လုပ်ရမည့် အလုပ်မျိုးကို လုပ်လိမ့်မည်မဟုတ်။ ယုံကြည်ချက်ရှိသူ, ကျန်းမာသူ ၀ီရိယရှိသူ, ဉာဏ်ရှိသူများသာ ထိုအခုပ်မျိုးကို ဖြစ်မြောက်အောင် လုပ်နိုင်ကြ၏။ ဓမ္မအရာ၌လည်း ဤနည်းပင်ဖြစ်သည်။ ဤအချက်ကို မဇ္ဈိမပဏ္ဏာသ ဗောဓိရာဇကုမာရသုတ် ၂၉၇-ဖြင့် သိအပ်၏။ ထိုသုတ်၌ ဗောဓိမင်းသားက-အရှင်ဘုရား ဘုရားမြတ်ဟူသော ဆုံးမနည်းညွှန်မည့်ပုဂ္ဂိုလ်ကို ရသောရဟန်းသည် ဘယ်လောက်ကြာမှ အရဟတ္တမဂ်ဖိုလ်ကို ရပါသနည်း-ဟု လျှောက်သော်

မင်းသား-ဤအရေး၌ သင့်ကိုပင် မေးရဦးမည်။ သင် ဆင်စီးချွန်းကိုင် အတတ်ကို တတ်သလော-ဟု မေးတော်မူရာ

တတ်ပါကြောင်း-လျှောက်၏။

လူတယောက်သည် သင့်ထံ ဆင်စီးချွန်းကိုင်အတတ်ကို သင်မည်ဟု လာ၏။ ထိုသူကား ယုံကြည်မှုလည်း မရှိ၊ ကျန်းလည်း မကျန်းမာ၊ ကောက်ကျစ်လှည့်ဖြားတတ်သူလည်း ဖြစ်၏။ ပျင်းလည်း ပျင်း၏။ ဉာဏ်လည်း မရှိ။ ထိုသူဖြစ်မြောက်အောင် သင်နိုင်ပါမည်လော-ဟု မေးတော်မူ၏။

ဤအင်္ဂါငါးပါးအတက် တပါးပါးနှင့် ပြည့်စုံနေလျှင်ပင် သင်နိုင်မည်မဟုတ်ပါ၊ ငါးပါးလုံး ပြည့်စုံနေလျှင်ကား ဆိုဖွယ်မရှိတော့ပါ-ဟု လျှောက်၏။

တယောက်သော်ကား-.ုံကြည်ချက် ရှိသူ, ကျန်းမာသူ, ဖြောင့်မတ်သူ, မပျင်းမရိ ကြိုးစားတတ်သူ, ဉာဏ်ရှိသူဖြစ်၏။ ထိုသူကား သင်ကြားတတ်မြောက်နိုင်ပါမည်လော-ဟုမေးသော် ထိုသူမျိုးမှာ တခုခုသော အင်္ဂါနှင့်ပြည့်စုံလျှင်ပင် သင်ကြားတတ်မြောက်နိုင်ပါ၏။ ငါးပါးလုံး ပြည့်စုံပါမူကား ဆိုဖွယ်မရှိတော့ပါ-ဟု လျှောက်၏။

မင်းသား ထို့အတူပင် တရားအားထုတ်သူဖြစ်ကြောင်း အင်္ဂါ (ပဓာနိယင်္ဂ) များကား ငါးပါးတို့တည်း။

ဘုရား၌ ယုံကြည်သော သဒ္ဓါရှိခြင်း, ကျန်းမာခြင်း, မစဉ်းစလဲ မလှည့်ဖြားခြင်း, မိမိအဖြစ်မှန်ကို တင်ပြတတ်ခြင်း, အားထုတ်မှု ရှိခြင်း တို့ဖြစ်၏။ ဤငါးပါးနှင့် ပြည့်စုံသော် တရားလျင်မြန်စွာ ရနိုင်၏-ဟု ဟောတော်မူသည်။ ထို့ကြောင့် ဤ၌ သက္ကော-စွမ်းနိုင်သူ ဆိုသည်မှာ ထိုပဓာနိယင်္ဂ တရား ငါးပါး ပြည့်စုံသူဖြစ်ရမည်ဟု သိအပ်သည်။

(လင်္ကာ) ယုံကြည် သဒ္ဓါ၊ ကျန်းမာခြင်းတွဲ၊ စဉ်းလဲမပြု၊ အားထုတ်မှုပါ၊ သိပညာ၊ ပဓာနိယင်္ဂ ငါး။

( ဖြောင့်မတ်သူ, အလွန်ဖြောင့်မတ်သူ )။

ဥဇု-သုဟုဇု ကား ပဓာနိယင်္ဂ ငါးပါးတို့တွင် တပါးအ၀င်အပါဖြစ်သော မစဉ်းလဲ မလှည့်ဖြားတတ်သူ, မိမိအဖြစ်မှန်ကို ဘုရားထံ သီတင်းသုံးဖော်များထံ ဖော်ပြတတ်သူ ဖြစ်ရမည်ဟူသော အင်္ဂါအရပင်ဖြစ်ါ၏။ ကျောက်ကျစ်စဉ်းလဲခြင်း, လှည့်ဖြားခြင်း ရှိသူများကား သူတပါးအပေါ် မေတ္တာထားနိုင်မည်မဟုတ်၊ မေတ္တာသာ မဟုတ် ထိုကဲ့သို့ မရိုးမဖြောင့်သူများ၌ အခြား အကျင့်တရားကောင်းများဖြစ်ပွားရန်လည်း မလွယ်။ စင်ကြယ်သော ပိတ်ကားချပ်ပေါ်မှာသာ ပန်းချီဆေး တောက်ပပေါ်လွင်စွာ ထင်ရှားနိုင်၍ ညစ်ပေနေသော ပိတ်ကားချပ်ပေါ်တွင် ဆေးရောင်မပေါ်လွင် မထင်ရှားနိုင်သကဲ့သို့ ကောင်းမြတ်သော တရားများကား သန့်ရှင်းသော စိတ်ဓာတ်၌သာ စွဲမြဲစွာ ထင်နိုင်တည်နိုင်၍ စိတ်ဓာတ်မသန့်ရှင်းသူ၌ တည်နိုင်ခွင့်မရှိ။ ထို့ကြောင့် ရိုးသားဖြောင့်မတ်မှုသည် အလွန်အေရးကြီးသောကြောင့် ဥဇု, သုဟုဇု-ဟု နှစ်ချက်ထပ် ဟောကြားခဲ့ခြင်းဖြစ်သည်။

အဋ္ဌကထာ၌ ဤနှစ်ပုပ်ကို အနည်းနည်း ခွဲပြ၏။

တကြိမ်တခါ သို့မဟုတ်-ငယ်ရွယ်စဉ်အခါ ဖြောင့်မတ်မှု ဥဇု-ဖြင့် ကျေနပ်မနေသေးပြ အသက်ထက်ဆုံး ထပ်တလဲလဲ မလျော့အောင် ပြုခြင်းဖြင့် အလွန်ဖြောင့်မတ်သူ သုဟုဇု-ဖြစ်အောင် ပြုရမည်၏ူ`။

ထို့ပြင် ကိုယ်နှုတ်ကောက်ကျစ်မှုကို ပယ်ခြင်းဖြင့် ဥဇု-ဖြစ်အောင်, စိတ်ထားကောက်မှု ပယ်ခြင်းဖြင့် သုဟုဇု ဖြစ်အောင် ပြုရမည်။

အဓိသီလ အဓိစိတ္တ သိက္ခာဖြင့် ဥဇု-ဖြစ်ရန်၎င်း, အဓိပညာ သိက္ခာဖြင့် သုဟုဇု ဖြစ်ရန်၎င်း ကြိုးစားရမည် စသည်ဖြင့် ဖွင့်ပြ၏။

ဤအဋ္ဌကထာအလိုကို သတ္တုချကြည့်သော် အကျင့်ကို ကြိုးစားဖြင်းဖြင့် အရဟတ္တမဂ်ရကာ ကိလေသာကုန်စင်မှ အပြည့်အစုံ ဥဇု, သုဟုဇု ဖြစ်သည်ဟု သိရ၏။

ထိုအဖြစ်မျိုးရောက်အောင် မိမိစိတ်ဓာတ်ကို ပဋိပတ်ဖြင့် အမြဲတစေ ဖြောင့်ပေးနေရမည့် အဖြစ်ကို သိစေသည်။

(ဆိုဆုံးမလွယ်သူ) အဆိုအဆုံးမခက်သူကို ဒုဗ္ဗစ-ဟုဆို၏၊ ထိုပုဂ္ဂိုလ်များမှာ ဤအမှုကို မပြုအပ်ဟုပြောလာသော် သင်မြင်သလား, ကြားသလား, ဘယ်သူကပြောသလဲ စသည်ဖြင့် အပြောမခံ ပြန်လန်ဆိုတတ်၏။ အရေးမလုပ်သလို ဆိတ်ဆိတ်သော်လည်း နေတတ်၏။ စကားကို လက်ခံသော်လည်း ဆိုသည့်အတိုင်း မကျင့်ပဲ လုပ်မြဲလုပ်နေတတ်၏။ ဤသူမျိုးကား တရားထူရဖို့အရေး အလှမ်းဝေးနေတတ်သူပင်။

သုဝစ-ဆိုဆုံးမလွယ်သူ ပုဂ္ဂိုလ်များကား တစုံတယောက်က ဆုံးမလာသော် အလွန်အားရ၀မ်းသာစွာ လက်ခံတတ်၏။ နောင်အခါလည်း ဆုံးမပါရန် ပန်ကြားတတ်၏။ ဆုံးမသည့်အတိုင်းလည်း ကျင့်တတ်၏။ ထိုသူမျိုးကား တရားထူးရဖို့ အလွန်နီးကပ်လျက် ရှိသူများပင်တည်း။

အဆုံးအမခက်သူမှာ ဤသူ ငါ့အကျိုးစီးပွား လိုသားသူပါတကား-ဟု နားမလည်တတ်၊ ဆရာလုပ်သည်ဟု ထင်လျက် မနှစ်သက်တတ်၊ ထိုပုဂ္ဂိုလ်မျိုးမှာ ထဒ္ဓမန-အဆုံးအမနှင့် ဆုံးမသူသို့ မလိုက်ပါ တင်းမာနေသော စိတ်ရှိသူ ပုဂ္ဂိုလ်မျိုးဖြစ်ရာ မေတ္တာဖြစ်ဖို့ မလွယ်သည့်အပြင် အခြားအကျင့်တရားများဖြစ်ရန်လည်း ဝေးကွာလှ၏။ အဆုံးအမကို လိုလားသူကား ဆုံးမတတ်သူကို လေးစားမြတ်နိုးတတ်၏။ အဆုံးအမနှင့် ဆုံးမတတ်သူသို့ လိုက်လျောရန် အခန့်သင့်ပျော့ပျောင်းနူးညံ့သော စိတ်ရှိနေရာ ထိုစိတ်မျုးမှာ မေတ္တာနှင့် သဟဇာတ်ဖြစ်သော စိတ်ထားပင်ဖြစ်၍ မေတ္တာတမင်မပွားသော်လည်း မေတ္တာဖြစ်လျက်နေ၏။ ထိုသူမျိုးမှာ အကျိုးစီးပွား အစစ်အမှန်ကို လိုလားတောင့်တသူမျိုးဖြစ်ရာ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော-အမှန်တရားသိဖို့ရာ ဆရာရှာ်ရမည်-ဟူသော နိဒါန၀ဂ္ဂ နိဒါနသံယုတ် ၃၄၉-လာ ဘုရားအမိန့်တော် လိုက်နာရန် ၀န်မလေး၍ မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဧကန်နီးကပ်လျက်ရှိသူ ဆိုရတော့သည်။

( နူးညံ့ပျော့ပျောင်းသူ )

ဤ၌ မုဒု-နူးညံ့သူ ဟူသည်မှာ ဖရုသ-ကြမ်းတမ်းခြင်း၏ ဆန့်ကျင်ဘက် နူးညံ့သိမ်မွေ့ခြင်းဆိုသော နူးညံ့ခြင်းမျိုး မဟုတ်၊ ထဒ္ဓ-ခက်ထန်ုခြင်း, တင်းမာခြင်း၏ ဆန့်ကျင်ဘက် နူးညံ့ပျော့ပျောင်းခြင်းကို ဆိုလိုသည်။ ပဋိပတ်၌ ကျင့်ရန် ပျင်ရိဆုတ်နစ်သူ, သဒ္ဓါနည်းသူ စသည်တို့မှာ ထိုထိုအကျင့်များသို့ မရောက်နိုင်ပဲ တင်းမာနေသူများပင်တည်း။ သဒ္ဓါဆန္ဒရှိသူ, စိတ်အားထက်သန်၍ ၀ီရိယရှိသူတို့ကား ထိုထိုအကျင့်တရားတို့၌ လိုက်လျောပါသွားလောက်အောင် နူးညံ့ပျော့ပျောင်း နေသူများတည်း။

ထို့ကြောင့် အမုဒု-ခက်ထန်ခိုင်မာနေသူ, တင်းမာနေသူကား ပရိကံ-ပြုပြင်စီမံမှု မပြုရသေးသောကြောင့် လိုရာအထည် ပြုလုပ်ရန် အသင့်မဖြစ်သေးသည့် မာကျောနေသော ရွှေစင်ပမာ ဤမေတ္တာဘာဝနာစသော အမှု၌ လိုက်ပါမည်မဟုတ်ပေ။ မုဒု-နူးညံ့ပျော့ပျောင်းသူကား ပြုပြင်စီမံဖန်တီးထား၍ လိုရာအထည်တန်ဆာဖြစ်ရန် အသင့်ဖြစ်နေအောင် ပျော့ပျောင်းနေသော ရွှေစင်ပမာ မေတ္တာဘာဝနာစသော ပဋိပတ်အမှု ပြုလိုက်တိုင်းပါအောင် ဆောင်လိုသမျှလိုက်အောင် နူးညံ့ပျော့ပျောင်းလျက်ရှိ၏။

မုဒု-၏ သိမ်မွေ့နူးညံ့ခြင်း အနက်ကိုလည်း အဋ္ဌကထာ တနည်း ဖွင့်သေးသည်။ ကိုယ်အမူအရာ နငတ်အမူအရာ နူးညံ့သော ဤပုဂ္ဂိုလ်မျိုးမှာ သိမ်မွေ့ပြေပြစ်၍ ချစ်မြတ်နိုးဖွယ်ဖြစ်ရာ ဆိပ်ကမ်းကောင်းပမာ အများအလွယ်တကူ သက်ရောက်ခိုဝင်ရာဖြစ်၏။ ထိုပုဂ္ဂိုလ်မျိုးမှာ မျက်မှောင်မကြုတ် ပေါ်လွင်ရွှင်ပျသော မျက်နှာရှိခြင်း, ချိုမြသာယာ နားချမ်းသာစော စကားရှိခြင်း, ပွင့်လန်းသောမျက်နှာဖြင့် ပဋိသန္ထာရ ပြုတတ်ခြင်းစသော ဂုဏ်များကြောင့်ပင် မေတ္တာ၏သဘာဝများ ရှီနေပြီးဖြစ်ရာ မေတ္တာဘ၀ာနဖြစ်ရန် အလွန်လွယ်ကူလျက် ရှိတော့သည်။

( မာန်မာန မရှိသူ)

အမျိုးအနွယ်စသော မာန်ဖြစ်ကြောင်း ၀တ္ထုတို့ဖြင့် သူတပါးအပေါ်မှာ မထေမဲ့မြင် မပြုသူကို အနတိမာနီ ဆိုသည်။ မာနထောင်တတ်သူကား သူတပါးတို့ကို မိမိနှင့် မတုမတန်ဟု သဘောထားကာ အဖက်မလုပ် အရေးမစိုက်လိုပဲ ရှိတတ်ရာ ထိုသဘောမှာ မေတ္တာကင်းခြင်း လက္ခဏာဖြစ်၍ ထိုသို့သဘောရှိသူကား မေတ္တာ၏တည်ရာ အဘယ်မှာဖြစ်အံ့နည်း။ မနာကင်းသူကား မိမိထက် ကြိးသူမြတ်သူများကို လေးစားခယတတ်၍ မိမိထက်ငယ်သူ အောက်ကျသူများကိုလည်း ကူညီတတ်ခြင်း, ငဲ့ညှာတတ်ခြင်းစသည်ဖြင့် ထိုသူများအပေါ် စိတ်သဘောထား နူးညံ့လျက်ရှိရာ ထိုသူမျိုးမှာ မေတ္တာတမင်မပွားပဲပင် မေတ္တာစိတ်ဖြစ်လျက် ရှိနေပေသည်။

မာနကြီးသူမှာ သူတပါးအပေါ် မောက်ောမ်လိုခြင်း, ပြိုင်လိုခြင်းစသော သဘောဆိုးများရှိတတ်ရာ တရားကိုပင် အားထုတ်သော်လည်း ပြိုင်လို မော်လိုစိတ်ဖြင့် အားထုတ်မည်ဖြစ်ရာ အဘယ်မှ တရားထူးရနိုင်အံ့နည်း။ အလွန်သိမ်မွေ့သော မာနကလေးများပင် တရားရေး၌ အနှောင့်အရှက် ဖြစ်တတ်သေးရာ အတိမာနမှာ ကား ဆိုဖွယ်ရာမရှိပေ။ ထို့ကြောင့် မေတ္တာဘာဝနာအရာ၌ အနှောင့်အယှက် အတားအဆီးဖြစ်၍ပင် အနတိမာနီ-မာန်မထောင်သူ ဖြစ်ရမည်ဟု ညွှန်ကြားတော်မူသည်။

( ရောင့်ရဲလွယ်သူ )

ရတတ်သမျှ, ရှိသမျှ, ဖြစ်သမျှနှင့် တင်းတိမ်ကျေနပ်သူကို သန္တုဿက-ရောင့်ရဲလွယ်သု ဆို၏။ ရတတ်သမျှနှင့် မရောင့်ရဲသူမှာ ရှာရဖွေရ ကြောင့်ကြစိုက်ရ သဖြင့် ဗျာပါရတွေများခြင်း, ရှာ၍မရလျှင် စိတ်မချမ်းသာခြင်း, စတိဆိုးခြင်း, ရပြန်လျှင် ပိုရအောင်ရှာခြင်း, ရှာတိုင်းမရသောအခါ စိတ်မသက်မသာဖြစ်ခြင်း, စိတ်ဆိုးခြင်း စသည်ဖြစ်တတ်ရာ မေတ္တာဖြစ်ရေး ဝေးနေသူတည်း။ ရတတ်သမျှ ဖြစ်သမျှနှင့် အားရတင်းတိမ်နေသူမှာ ပစ္စည်းမရမှုနှင့်စပ်၍၄င်း, တပါးပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍၄င်း, စိတ်မချမ်းသာဖွယ် စိတိဆိုးဖွယ်မရှိ, စိတ်အစဉ် အေးချမ်းလျက်ရှိရာ ထိုပုဂ္ဂိုလ်၏စိတ်ဓာတ်မှာ မေတ္တာနှင့် သဟဇာတ်ဖြစ်ဖို့ရာ အလွန်ဆီလျော်လျက်ရှိသည်။ ထို့ကြောင့် မေတ္တာဘာဝနာဖြစ်ရန် အခြေခံအကျင့်အဖြစ်ဖြင့် ဟောတော်မူခဲ့ခြင်းဖြစ်၏။

( အမွေးအမြူ လွယ်သူ )

သူတပါးကို မှီနေရသူဖြစ်လိက် သူကျွေးသမျှ ပေးသမျှနှင့် မကျေနပ်နိုင်သူကို ဒုဗ္ဘရ (အမွေးခက်သူ) ဟု ဆို၏။ ထိုသို့မဟုတ်ပဲ ကျွေးသမျှ ပေးသမျှနှင့် ကျေနပ်သူကား သုဘရ (အမွေးလွယ်သူ) ပင်တည်း။ မိမိကိုယ်ကို မိမိ အမွေးခက်သူ, လွယ်သူ, သူတပါး၏ အမွေးခက်သူ, လွယ်သူဟု လေးမျိုးရှိ၏။ ထိုတွင် အချိုရလျှင် အချဥင်္ရှာ, အချဉ်ရလျှင် အချိုရှာ, စသည်ဖြင့် ရှာတတ်သူကို မိမိကိုယ်ကို မိမိ အမွေးခက်သူဆို၏။ ထိုသို့မဟုတ်ပဲ ကောင်းသည်ဖြစ်စေ, ဆိုးသည်ဖြစ်စေ ရတတ်သမျှ ကျေနပ်စွာစားပြီး မိမိအလုပ် အားထုတ်သူကို မိမိကိုယ်ကို မိမိ အမွေးလွယ်သူဟု ဆို၏။

အကြင်ရဟန်းသည် အကောင်းကို လှူစေကာ မျက်နှာမသာ မနှစ်သက်သည့် အမူအရာ ပြတတ်၏။ အလှူ့ဒကာရှေ့မှာပင် ဘယ်လိုဟာများ လှူရသလဲဟု မောင်းမဲလျက် ရှင်လူတို့အား ပေးလိုက်၏။ ထိုရဟန်းမျိုးကား သူတပါး အမွေးခက်သော ရဟန်းမျိုးတည်း။ ရဟန်းတပါးမှာမူ ကောင်းကောင်းဆိုးဆိုး နည်းနည်း များများ ဒကာပေးသမျှ ရသမျှနှင့် ကျေနပ်နှစ်သက်စွာ ကြည်လင်သော မျက်နှာရှိသည်ဖြစ်၍ မျှတ၏။ ဤရဟန်းကား အလုပ်အကျွေးဒကာတို့၏ အမွေးရလွယ်သော ရဟန်းမျိုးတည်း။ ဤရဟန်းနှစ်မျိုးတွင် အမွေးရခက်သူမှာ မေတ္တာဖြစ်ရန် အလွန်ခက်သည်ကို တွေ့ရပေလိမ့်မည်။ အခြား ပဋိပတ်များလည်း ဖြစ်ရန်မလွယ်၊ ထို့ကြောင့် မေတ္တာဖြစ်ရန်၎င်း, အခြား ပဋိပတ်များဖြစ်ရန်၎င်း, လွယ်ကူစေသော သုဘရ (အမွေးအမြူ လွယ်ကူသူ) ဖြစ်ရေးကို ညွန်တော်မူခဲ့သည်။

( ကဿပသံယုတ် )။ ။ လူများထံမှ ရ-မရနှင့်စပ်၍ စိတ်ထိခိုက်မှုမရှိရန် သဘောထား မှန်ကန်ရေးအတွက် ကဿပသံယုတ်၌ ရှင်တော်ဘုရား ဟောကြားခဲ့ရာ ထိုအချက်မှာ ရောင့်ရဲလွယ်သူ, အမွေးအမြူ လွယ်သူဖြစ်ရေးနှင့် သက်ဆိုင်၍ အချုပ်မျှထုတ်ပြဦးမည်။

ငါ့ကို မလှူ မရှိပါစေနဲ့ လှူကြပါစေ၊ နည်းနည်း မလှူကြပါစေနဲ့၊ များများ လှူကြပါစေ၊ အညံ့ကို မလှူကြပါစေနဲ့၊ အကောင်းကို လှူကြပါစေ၊ နှေးနှေး မလှူကြပါစေနဲ့၊ မြန်မြန် လှူကြပါစေ၊ ကောင်းမွန်အောင် မစီမံပဲ မလှူကြပါစေနဲ့၊ ကောင်းအောင်စီမံကာ လှူကြပါစေ-ဤသို့သော စိတ်ထားမျိုးဖြင့် အိမ်များသို့ ချဉ်းကပ်သော ရဟန်းသည် မိမိတောင့်တသည့်အတိုင်း မရသော် စိတ်ထိခိုက်ကာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတော့သည်။

ရဟန်းတပါးကား မလှူမရှိပါစေနဲ့ လှူကြပါစေ-စသော ဆိုခဲ့ပြီး တောင့်တချက်များအတိုင်း သူစိမ်းပြင်ပဖြစ်သော သူတပါးအိမ်တို့၌ ဘယ်မှာ ရကောင်းပါအံ့နည်း-ဟု ဤစိတ်ထားမျိုးဖြင့် အိမ်များသို့ ချဉ်းကပ်၏။ ထိုရဟန်းမှာ မရခြင်း စသော အကြောင်းကြောင့် စိတ်မထိခိုက်၊ မဆင်းရဲရ၊ ကဿပ နမူနာဖြင့် သင်တို့အား ဆုံးမ၇တော့မည်၊ ထိုနမူနာအတိုင်း ကျင့်ကြလေ-ဟု ဘုရားရှင် ဟောတော်မူခဲ့လေသည်။ (နိဒါန၀ဂ္ဂ၊ ကဿပသံယုတ်-၄၀၃)။

(ကိစ္စနည်းပါးသူ)။ ။ မိမိပြုလုပ်ရမည့် အလုပ်မှတပါး အခြားမဆိုင်သော အကျိုးမရှိသော အလုပ်များ၌ ကြောင့်ကြစိုက်သူကို အလုပ်များသူဟု ဆို၏။ ထိုပုဂ္ဂိုလ်များ၌ မိမိအလုပ် လစ်ဟင်း၍ အကျိုးဏီးပွား ပျက်ပြားဆုတ်ယုတ်တတ်သည်သာ။ ဓမ္မရေး၌ကား ထိုအပ္ပကိစ္စအဖြစ်မှာ လွန်စွာပင် လိုလားအပ်တော့သည်။ န၀ကမ္မ စသော အလုပ်ကိစ္စ၌ ပျော်မွေ့တတ်ခြင်း, စကားများမှု၌ ပျော်မွေ့တတ်ခြင်း, အပေါင်းအသင်း၌ ကေပျာ်မွေ့တတ်ခြင်း, စသည်ဖြင့် အကျိုးမရှိသော အလုပ်များ၌ ပျော်ပိုက်တတ်သူများကား ကိစ္စများ၍ တရား အားမထုတ်နိုင်သူများတည်း။ မိမိ အားထုတ်ရမည့် တရားမှတပါး အခြားမည်သည့် အလုပ်ပိုကိုမျှ မလုပ်သူကို အပ္ပကိစ္စ (ကိစ္စနည်းဝူ)ဟု ဆိုသည်။ ထိုပကြောင့် တရားအားထုတ်မည့်သူများမှာ ပလိဗောဓဆယ်ပါး ဖြတ်တောက် ရှင်းလင်းထားရမည့် အဖြစ်ကို ၀ိသုဒ္ဓိမဂ်၌ မိန့်ဆိုခြင်းဖြစ်၏။ အပ္ပကိစ္စ ပုဂ္ဂိုလ်သာ ပဋိပတ်၌ ဖြစ်မြောက်ပေါက်ရောက်အောင် အားထုတ်နိုင်မည်ဖြစ်၍ ဤမေတ္တာ၏ရှေ့သွား အကျင့်များ၌ ကိစ္စနည်းပါးသူ ဖြစ်ရမည့်အရေးကို အကျင့်တခုအနေ ဟောကြားတော်မူခြင်း ဖြစ်သည်။

( ပေါ့ပါးသောအဖြစ်ရှိသူ )။ ။ လောက၌ မိမိမှာ ရှိသင့်သည်ထက် အသုံးအဆောင်တွေ ပိုမိုများပြားစွာ ရှိနေလျှင် ထိုအရာများကို သိမ်းဆည်းရ, စောင့်ရှောက်ရ, ပြုပြင်ရ, စီမံရသဖြင့် ကိစ္စတွေ အလွန်များပြား၍ ထိုအရာများအတွက် ထိုသူ့မှာ အလွန်ဝန်လေးလျက်ရှိ၏။ ဓမ္မရေး၌မူ ထိုဝန်လေးမှုကို ပို၍ မလိုလားအပ်ပေ။ ထို့ကြောင့် ဓမ္မသက်သက် အားထုတ်ရမည့် ရဟန်းတော်များ၌ မိမိလုံလောက်ရုံ ပရိက္ခရာမျှသာ ဆောင်ထားရမည့်အဖြစ် ခရီးသွားသောအခါ ငှက်များသည် အခြားဘာမျှမပါ မိမိအတောင်ပံအားဖြင့်သာ လိုရာပျံသန်းသွားလာသကဲ့သို့ မိမိ ပရိက္ခရာရှစ်ဖြာမျှ ဆောင်ကာ တာဝန်ပေါ့ပါးစွာ သွားလာရမည့်အဖြစ်ကို ဟောတော်မူ၏။ ပစ္စည်းများလျှင် တာဝန်လေး၍ တရားကို ကောင်းစွာ အားမထုတ်ဖြစ်ရာ သလ္လဟုက၀ုတ္တိအဖြစ်လည်း တရားအားထုတ်ရေး၌ လွန်စွာလိုလားထိုက်သော အကျင့်တရပ်ဖြစ်ပေသည်။


၅။ ပညာရှိအများ သူတပါးတို့ ကဲ့ရဲ့ပြစ်တင်မည့် ဒုစရိုက်စု ယုတ်ညံ့သောအမှုမျိုးကို အသေးအဖွဲ အနည်းငယ်မျှပင်ဖြစ်စေ မြု့ကျင့်ပါလေနဲ့၊( ထို့နောက် မေတ္တာပွားရမည်မှာ) သတ္တ၀ါမှန်သမျှ ကိုယ်ချမ်းသာကြပါစေ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာကြပါစေ၊ စိတ်လည်း ချမ်းသာကြပါစေ။

၆-၇။ အလုံးစုံသော ထိတ်လန့်တတ်သော ပုထုဇဉ် သေက္ခများ, မထိတ်လန့်တတ်သော ရဟန္တာပုဂ္ဂိုလ်များ, ကိုယ်ခန္ဓာရှည်လျားသော သတ္တ၀ါများ, ကိုယ်ခန္ဓာကြီးမားသော သတ္တ၀ါများ, ကိုယ်ခန္ဓာ အလတ်စား သတ္တ၀ါများ, ပုကွ နိမ့်တို ကိုယ်ရှိသော သတ္တ၀ါများ, သေငယ်မှုံမွှားသော သတ္တ၀ါများ, ဆူဖြိုးဝိုင်းဝန်းသော သတ္တ၀ါများ, မြင်ဘူးသော သတ္တ၀ါများ, မမြင်ဘူးသော သတ္တ၀ါများ, အဝေး၌ နေသော သတ္တ၀ါများ, အနီး၌နေသော သတ္တ၀ါများ, နောင် မဖြစ် ကြမည့် ဖြစ်ပြီးဖြစ်ရသော ရဟန္တာများ, နောင် ဘ၀သစ် ရှာမှီးတတ် သော သေက္ခပုထုဇဉ်များ, လောကရှိ ဤသတ္တ၀ါအားလုံး ကိုယ်စိတ် နှစ်ဖြာ ချမ်းသာကြပါစေ။

၈။ သူတယောက်သည် အခြားသူတယောက်ကို စဉ်းလဲ လှည့်ပတ်မှု မပြုပါစေလင့်၊ ဘယ်အရပ်မှာမဆို ဘယ်ပုဂ္ဂိုလ် တယောက်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်၊ ကိုယ်နှုတ်တို့ဖြင့် ထိပါး နှိပ်စက်ခြင်းဖြင့်၎င်း၊ ဒေါသစိတ်ဖြင့်၎င်း၊ အချင်းချင်း တယောက်သည် တယောက်၏ ဆင်းရဲမှုကို အလိုမရှိပါစေလင့်။

၉။ မွေးမိခင်သည် မိမိ၏ရင်သွေးဖြစ်သော တဦးတည်းသော သားကို မိမိအသက်နှင့်လဲ၍ပင် အစဉ်ကာကွယ် စောင့်ရှောက်ဘိသကဲ့ သို့ ထို့အတူ သတ္တ၀ါအားလုံးတို့၌ အတိုင်းအတာ ပမာဏမရှိသော မေတ္တာစိတ်ကို ပွါးများပါလေ။

၁၀။ အထက် အရူပ, အောက် ကာမ, အလယ် ရူပဘ၀ အလုံးစုံသော လောက၌ ပိုင်းခြားကန့်သတ်ချက် မရှိသော မေတ္တာစိတ် ကို အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်း မရှိအောင်, ဒေါသ ဟူသော အတွင်းရန် မရှိအောင်, အပရန်သူလည်း မရှိအောင် ပွါးများပါလေ။

၁၁။ ရပ်လျက်ဖြစ်စေ, သွားလျက်ဖြစ်စေ, ထိုင်လျက်ဖြစ်စေ, အိပ်လျက်ဖြစ်စေ, ငိုက်မျဉ်းခြင်း ကင်းနေသောအချိန်မှာ မေတ္တာဈာန် သတိကို စွဲမြဲစွာ ဆောက်တည်ရာ၏၊ ဤဘုရားသာသနာတော်၌ ဤမေတ္တာဈာန် သတိဖြင့် နေခြင်းကို ဗြဟ္မ၀ိဟာရ-( ထူးမြတ်သော နေခြင်းမျိုး ) ဟူ၍ ဘုရားရှင်များ ဟောကြားတော်မူခဲ့သည်။

၁၂။ ထိုမေတ္တာဈာန် ရပြီးသော ယောဂီသည် အတ္တဒိဋ္ဌိ အစွဲမရှိအောင်ပြု၍ လောကုတ္တရာ သီလရှိသော သောတာပတ္တိမဂ် ဉာဏ်နှင့် ပြည့်စုံသူဖြစ်လျက်ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကိလေသာဖြင့် တွယ်တာခြင်းကို အရှင်းပယ်ရှားပြီးသော် အမှန်ပင် နောက်တဖန် ပဋိသန္ဓေ မနေရတော့ပေ။

မေတ္တသုတ် စကားပြေ အဓိပ္ပါယ် ပြီး၏။

Namo tassa bhagavato arahato sammasambuddhassa.

3. DISCOURSE ON LOVINGKINDNESS.

Historical Sketch

Lord Buddha was then residing at Savatthi in the pleasaunce of Anthapindika; and a group of monks received permission from the Lord to meditate in a distant forest during their retreat for the rainy season. The monks took shelter under huge trees as temporary residence and engaged themselves intensively in the practice of meditation.

The tree deities inhabiting this forest could not stay in their tree-abodes which were above the monks, for the monks were imbued with spiritual power due to meditation, and they had to come down to stay on the ground. So the deities were very much annoyed and frustrated; and when they realised that the monks would spend the whole rainy season there, they tried to scare the monks away during the nights. They purposely harassed the monks in various ways.

Living under such impossible conditions for some time, the disturbed meditators rushed back to the Buddha and informed about their difficulties. So the Buddha advised them to recite the text of Loving-kindness and to radiate the spirit of Love to all sentient beings. Encouraged by this media, the meditators returned to forest and practised in accordance with the instructions to permeate the entire atmosphere with the radiant thoughts of Love. The tree-gods were very much pleased to be affected by this power of love and thenceforth let the monks stay there to meditate peacefully without any further disturbances.

This discourse, as a matter of fact, is the Buddhist doctrine of Love, which promulgates the method of practice to disseminate Love in order to attain Purity and Peace to realize finally the Perfect Emancipation.

This sutta is composed of twelve stanzas, with two introductory verses beautifully set by the learned elder-monks of Burma.


The Minor Readings; P.T.S. tr. The Lovingkindncss Discourse, pp. 10-11

The Illustrator of Ultimate Meaning; P.T.S. tr. Ch. IX, pp. 265-294.

3. METTA SUTTA

( Metta=Love; Affection; benevolence; eros; agape amour; Loving-kindness. )

Discourse on Love

Introduction

1. Due to the glorious power of this discourse on Love, spirits dare not disclose the frighful sights.

One who devotes to himself this doctrine day and night diligently.

2. sleeps soundly and does not see any nightmare when asleep.

Oh thou! Let us recite this doctrine endowed with such and other merits.

3. He who is clever in the benefaction and who has anticipated in the attainment of the state of Perfect Tranquility must work to be efficient, right, upright, discussable, gentle, and humble,

4. Contented, well-bred, less responsible, of fugal livelihood, serene in faculties, prudent, modest, not hanker after the families.

5. He must not commit even the slightest sin for which the wise men might censure. He must contemplate thus:- may all sentient beings be cheerful and be endowed with happy secured life.

6. Whatever breathing beings there may be the frail ones or the firm creatures, with no exception tall or stout, short or meduim-sized, thin or fat,

7. Those which are seen or those unseen those who are dwelling far or near those who are already born or those still seeking to become yet. May all these beings be endowed with happy-life.

8. Let not one be angry with another, let him not despise anyone in any place By means of physical and verbal provocation or by frustrated enmity, Let one not wish another's suffering.

9. Just like a mother would protect her baby, the only child, even so towards with her lifeall beings Let one cultivate the (Agape) boundless spirit of love.

10. Let him radiate the boundless of love rays towards the entire world, to the above, below, and across unhindered, without malice and enmity.

11. While standing, walking, or reclining, as long awake without sloth, sitting, as he be Let him devote himself to this mindfulness. This is called in this religion as "Noble Living" (Holy life).

12. If the meditator, without falling into wrong view (egoism), be virtuous, and endowed with perfect insight, has expelled passion in sensual desires, he will surely come never again to be born in any womb. The end of Metta-sutta


The End of Metta Sutta


ဒေါင်းမင်းအတွက် တင်ပြပေးလိုက်ပါသည်။

ကျန်းမာချမ်းသာပါစေ။

2 comments:

ဒေါင်းမင်း said...

အခုလိုကျွန်တော်ဒေါင်းမင်း..တောင်းဆိုမှုကိုတကူးတကတင်ပြပေးတဲ့။ကျွန်တော်လွန်စွာမှဝမ်းမြောက်မိပါတယ်ခင်ဗျာ။
အားလုံးသောမိတ်ဆွေရောင်းရင်းများလဲမေတ္တာသုတ်၊ကိုပွားများနိုင်ပါစေ။မေတ္တာတွေရှေ့ထားပြီးလောကကြီးသာယာနိုင်ပါစေ။

ကျွန်တော်ဒေါင်းရိုသေလေးမြတ်စွာဖြင့်ကူးယူသွားပါတယ်ခင်ဗျာ။
ခင်မင်လေးစားစွာဖြင့်
ဒေါင်းမင်း

ဒေါင်းမင်း said...

မေတ္တာသုတ်ကိုယခုလိုပါဌိလိုပါလွယ်ကူစွာဖတ်လို့ရခြင်းအတွက်၊
လွန်စွာမှတန်ဖိုးရှိလှပါသည်။အနက်အဓိပ္ပါယ်ပါသိရတဲ့အတွက်ပိုပြီးတန်ဖိုးရှိလှပါသည်။
ထို့ကြောင့်ကျွန်တော်ဒေါင်းမင်းသည်.မြတ်ဘုရားပရိတ်တော်ကိုရိုသေလွန်းလှသောကြောင့်..
မိမိကိုယ်တိုင်လက်ရေးဖြင့်သာ..ရိုကျိုးလေးစားစွာကူးယူသွားပါတယ်။
ခင်မင်လေးစားစွာဖြင့်
ဒေါင်းမင်း