ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( နိုဝင်ဘာလ ၂၀၁၀ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လာဘ်လာဘ ရွှင်မယ်။ မျက်နှာပွင့်မယ်။ မိတ်ဆွေတို့ရဲ့ ကူညီမှု စောင့်ရှောက်မှု ခံရတတ်တယ်။ သားသမီးသော်၎င်း၊ အောက်လက်ငယ်သားသော်၎င်း သူတို့အတွက် စိတ်သောက ရောက်ရတတ်တယ်။
ကျန်းမာရေး=၀မ်းရေ ဒုက္ခပေးမယ်။ ဒူးခေါင်းကိုက်မယ်။ မျက်စိ အားနဲမယ်။
ယတြာ=တနင်္လာနေ့မှာ မိမိအိမ်က ဘုရားကို အမွှေးနံ့သာနဲ့ ရေသပ္ပါယ်ပါ။
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်း ကိုင်ခန်းတွေ အခက်အခဲတွေ့နေမယ်။ စီးပွားရေးလဲ အဖြစ်ထက် အပျက်က ပိုနေတတ်တယ်။ နေရထိုင်ရတာ မပျော်ပိုက်ပဲ စိတ်ညစ်စရာတွေ ရောက်လာတတ်တယ်။ အောက်လက်ငယ်သား သတိထားပါ။
ကျန်းမာရေး=ခြေထောက်-ခါး နာတတ်တယ်။
ယတြာ=စနေနေ့မှာ ထန်းလျက် ၈-ခဲနဲ့ ရေတခွက် မိမိအိမ်က ဘုရားကို ဆွမ်းတော်တင်ပါ။
*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်မှာ ပြဿနာတွေပေါ်တတ်တယ်။ အလုပ်မှာလဲ စိတ်မ၀င်စားသလို ဖြစ်တတ်တယ်။ ဖြေရှင်းစရာတွေ ပေါ်လာတတ်တယ်။ ငွေကြေး အချေးအငှား မလုပ်ပါနဲ့ ဆုံးပါးတတ်တယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေ ဖြစ်တတ်တယ်။
ကျန်းမာရေး=သွားကိုက်သွားနာ ဖြစ်တတ်တယ်။
ယတြာ=လပြည့် လကွယ်နေ့တိုင်း သက်သတ်လွတ် စားပါ။
********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်မပြေ ဖြစ်တတ်တယ်။ လုပ်သလောက် အရာမရောက်သလို ဖြစ်နေမယ်။ ပြောင်းရွှေ့ချင်စိတ် ပေါ်တတ်တယ်။ သတိထားပါ။ အိမ်ထောင်ဘက်ကလဲ အထင်လွဲတတ်တယ်။
ကျန်းမာရေး=ဦးခေါင်း ကိုက်လိမ့်မယ်။
ယတြာ=ကော်ဖီတခွက်နဲ့ ကောက်ညှင်းပေါင်း ဘုရားလှူပါ။ သတိ အုန်းသီး မထည့်ပါနဲ့။
*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေမယ် ရာထူးလဲ တိုးတတ်တယ်။ လာဘ်လာဘလဲ ရွှင်နေတတ်တယ်။ အထက်လူကြီးတွေရဲ့ ကူညီမစချင်းတွေ ခံရတတ်တယ်။ လွတ်လပ်သူဆိုရင် ချစ်သူရည်းစား ရတတ်တယ်။
ကျန်းမာရေး=သင့်တယ်။
ယတြာ=မိမိကိုးကွယ်ရာ ဘုရားကျောင်းသို့ မကြာမကြာ ဘုရားကျောင်းတက်ပါ။ အိပ်ရာ ပြောင်းရွှေ့အိပ်ပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ ငွေကြေးပျောက်ရှတတ်တယ်။ ငွေကြေးအတွက် သောကရောက်ရတတ်တယ်။ မော်တော်ကား အဆင်းအတက် သတိထားပါ။ အလုပ်အကိုင်တွေလဲ အခက်အခဲတွေ တွေ့ရတတ်တယ်။
ကျန်းမာရေး=၀မ်းရေနဲ့ပတ်သက်လို့ ဥပါဒ်ပေးတတ်တယ်။
ယတြာ=စနေနေ့ နံနက်မှာ ထီးနီ သက်စေ့လှူပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ သတိထားပါ။ သင်ပိုင်ပစ္စည်းတွေ လုံခြုံစွာ သိမ်းထားပါ။ သူခိုး ခိုးခံရတတ်တယ်။ အိုးအိမ်နေရာ ပြောင်းရွှေ့ရကိန်း မြင်တယ်။ နေရာကောင်း အလုပ်ကောင်း ရတတ်တယ်။
ကျန်းမာရေး=အပူလောင်တတ်တယ်။ ခြေထောက် နာတတ် ကိုက်တတ်တယ်။
ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ် စားပါ။
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်
No comments:
Post a Comment