Wednesday, November 10, 2010

အသီတိ မဟာသာဝက

ရှစ်ကျိပ်သော သာဝကကြီးများကို အသီတိ မဟာသာဝက-ဟု ခေါ်သည်။
ဆုတောင်းမှု၏ ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်ကြောင့် မဟာသာဝက-ဟု ခေါ်ဆိုရသည်။
အဂ္ဂသာဝက ၂-ပါးတို့သည်လည်း မဟာသာဝကတို့၌ အတွင်းဝင်ကုန်၏။
အကြောင်းကား အရှင်မြတ် ၂-ပါးတို့ကို သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်ခြင်းဖြင့် သာဝကတို့တွင် အရဟတ္တမဂ်ကို ရရာမှာ အမြတ်အရာ၌ တည်ကုန်သော်လည်း ဆုတောင်းမှု၏ ကြီးကျယ်မြင့်မြတ်ခြင်း တူသည်၏အဖြစ်ကြောင့် မဟာသာဝက-ဟု ဆိုအပ်ကုန်သည်။

အသီတိ မဟာသာဝက မှာ-
၁။ အရှင် အညာသိကောဏ္ဍည
၂။ အရှင် ၀ပ္ပ
၃။ အရှင် ဘဒ္ဒိယ
၎။ အရှင် မဟာနာမ်
၅။ အရှင် အဿဇိ
၆။ အရှင် နာဠက
၇။ အရှင် ယသ
၈။ အရှင် ၀ိမလ
၉။ အရှင် သုဗာဟု
၁၀။ အရှင် ပုဏ္ဏဇိ (၁-ကျိပ်)

၁၁။ အရှင် ဂ၀မ္ပတိ
၁၂။ အရှင် ဥရုဝေလကဿပ
၁၃။ အရှင် နဒီကဿပ
၁၄။ အရှင် ဂယာကဿပ
၁၅။ အရှင် သာရိပုတ္တရာ
၁၆။ အရှင် မဟာမောဂ္ဂလာန်
၁၇။ အရှင် မဟာကဿပ
၁၈။ အရှင် မဟာကစ္စာန
၁၉။ အရှင် မဟာကောဋ္ဌိက
၂၀။ အရှင် မဟာကပ္ပိန (၂-ကျိပ်)

၂၁။ အရှင် မဟာစုန္ဒ
၂၂။ အရှင်အနုရုဒ္ဓ
၂၃။ အရှင် ကင်္ခါရေ၀တ
၂၄။ အရှင် အာနန္ဒာ
၂၅။ အရှင် နန္ဒက
၂၆။ အရှင် ဘဂု
၂၇။ အရှင် နန္ဒိယ
၂၈။ အရှင် ကိမိလ
၂၉။ အရှင် ဘဒ္ဒိယ
၃၀။ အရှင် ရာဟုလ (၃-ကျိပ်)

၃၁။ အရှင် သီဝလိ
၃၂။ အရှင် ဥပါလိ
၃၃။ အရှင် ဒဗ္ဗ
၃၄။ အရှင် ဥပသေန
၃၅။ အရှင် ခဒိရ၀နိယ ရေ၀တ (ရှားတော၌ နေသော အရှင်ရေ၀တ)
၃၆။ မန္တာနီပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏ
၃၇။ သုနာပရန္တတိုင်းသား အရှင်ပုဏ္ဏ
၃၈။ အရှင် သောဏကုဋိကဏ္ဏ (ကုဋိကဏ္ဏ သောဏထေရ်)
၃၉။ အရှင် သောဏကောဠိဝိသ (ကောဠိဝိသ သောဏထေရ်)
၄၀။ အရှင် ရာဓ (၄-ကျိပ်)

၄၁။ အရှင် သုဘူတိ
၄၂။ အရှင် အင်္ဂုလိမာလ
၄၃။ အရှင် ၀က္ကလိ
၄၄။ အရှင် ကာဠုဒါယီ
၄၅။ အရှင် မဟာဥဒါယီ
၄၆။ အရှင် ပိလိန္ဒ၀စ္ဆ
၄၇။ အရှင် သောဘိတ
၄၈။ အရှင် ကုမာရကဿပ
၄၉။ အရှင် ရဋ္ဌပါလ
၅၀။ အရှင် ၀င်္ဂီသ (၅-ကျိပ်)

၅၁။ အရှင် သဘိယ
၅၂။ အရှင် သေလ
၅၃။ အရှင် ဥပ၀ါဏ
၅၄။ အရှင် မေဃိယ
၅၅။ အရှင် သာဂတ
၅၆။ အရှင် နာဂိတ
၅၇။ အရှင် လကုဏ္ဍကဘဒ္ဒိယ
၅၈။ အရှင် ပိဋောလဘာရဒွါဇ
၅၉။ အရှင် မဟာပန္ထက
၆၀။ အရှင် စူဠပန္ထက ( ၆-ကျိပ် )

၆၁။ အရှင် ဗာကုလ
၆၂။ အရှင် ကုဏ္ဍဓာန
၆၃။ အရှင် ဒါရုစိရိယ
၆၄။ အရှင် ယသောဇ
၆၅။ အရှင် အဇိတ
၆၆။ အရှင် တိဿမေတ္တေယျ
၆၇။ အရှင် ပုဏ္ဏက
၆၈။ အရှင် မေတ္တဂု
၆၉။ အရှင် ဓောတက
၇၀။ အရှင် ဥပသီဝ ( ၇-ကျိပ် )

၇၁။ အရှင် နန္ဒ
၇၂။ အရှင် ဟေမက
၇၃။ အရှင် တောဒေယျ
၇၄။ အရှင် ကပ္ပ
၇၅။ အရှင် ဇတုကဏ္ဏီ
၇၆။ အရှင် ဘဒြာဝုဓ
၇၇။ အရှင် ဥဒယ
၇၈။ အရှင် ပေါသလ
၇၉။ အရှင် မောဃရာဇ
၈၀။ အရှင် ပိင်္ဂိယ ( ၈-ကျိပ် ) ဤ ရှစ်ကျိပ်တို့တည်း။
(ထေရဂါထာ အဋ္ဌကထာ ၂-၅၄၁-၅၄၃)

ဦးဇောတာလင်္ကာရ-၏ ပိဋက မှတ်စု နှာ-၂၆၃

No comments: