ထောပတ်သီးကို သီတင်းတပတ်လျှင် တကြိမ်ခန့် စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရော ကျဆင်းမှုကို အထောက်အကူပြုပေးနိုင်ကြောင်း၊ ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်အရ သိရှိရသည်။
ထောပတ်သီးတွင် ပိုတက်ဆီယမ်၊ သတ္ထုဓာတ်နှင့် အမျှင်ဓာတ်များ အဓိကပါဝင်သည်။ ထို့အပြင် မဂ္ဂနီဆီယမ်နှင့် အိုလီရစ်အက်စစ်တို့လည်း ပါဝင်သောကြောင့် ကိုလက်စထရောကို ထိန်းချုပ်ပေးနိုင်ကြောင်း သိရသည်။
ထောပတ်သီးကို သီတင်းတပတ်လျှင် တကြိမ်ခန့် စားသုံးပေးပါက သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်ကြောင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း၊ ထောပတ်သီးတွင် ပါဝင်သော ဓာတ်ပေါင်းက ဆီးကျိတ်ကင်ဆာ ဗိုင်းရပ်စစ်ပိုးများကို ဟန့်ထားနိုင်ကြောင်း သုတေသန ပြုချက်၌ ဖော်ပြထားသည်။
Monday, November 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment