Monday, November 15, 2010

ကန်စွန်းဥ

ကန်စွန်းဥသည် ဆေးဖက်ဝင်သည်ကို တရုတ်တိုင်းရင်းဆေးကျမ်းများ၌ တွေ့ရသည်။
အမေရိကန်မှ ပါမေက္ခ ဟိုစိုင်းဝေခ်ျသည် ကန်စွန်းဥ (ဒီအိတ်ခ်ျအီးအေ) ခေါ် အစွမ်းထက် ပစ္စည်းတမျိုး ထုတ်ယူရရှိသည်။ (ဒီအိတ်ခ်ျအီးအေ) သည် အူလမ်းကြောင်း ကင်ဆာနှင့် ရင်သား ကင်ဆာတို့ကို တားဆီးနိုင်သည်။

ဂျပန် ကင်ဆာ သုတေသနဌာနသည် လူပေါင်း ၂.၆ သိန်း၏ အစားအသောက်ကို ဆန်းစစ်ရာတွင် တွေ့ရှိချက်မှာ ကန်စွန်းဥ အကျက်၏ ကင်ဆာ တားဆီးမှုသည် ၉၈.၇ % ခန့်ရှိသည်။
ဟင်းသီးဟင်းရွက် သစ်သီးဖုတို့၏ ကင်ဆာတားဆီးနှုန်းတို့၏ ထိပ်ဆုံးနေရာတွင် ကန်စွန်းဥက ရောက်ရှိသည်။

ရွှေဝါ ကန်စွန်းဥတွင် သကြားဓာတ်များသော ပရိုတင်း၊ အသားဓာတ် ကြွယ်ဝသည်။ ထို့ကြောင့် နှလုံးသွေးကြော အဖွဲ့အစည်းတွင် အဆီများ အနယ်ထိုင်ခြင်းကို ကာကွယ်ပေးသည်။ သွေးလွှတ်ကြော၏ ရုန်းပြန်မှုအား ထိန်းသိမ်းပေးထားသည်။ သွေးကြော မာကျောလာခြင်းကို ကာကွယ်ပေးသည်။ ထို့ပြင် အသည်း၊ ကျောက်ကပ် တို့တွင် ဖွဲ့စည်းထားရှိသော အဖွဲ့အစည်းကို ကျုံ့ခြင်းမှ ကန်စွန်းဥက ကာကွယ်ပေးသည်။ အစာချေ လမ်းကြောင်း၊ အသက်ရှူ လမ်းကြောင်းတို့၏ စိုစွတ်မှုကို ထိန်းသိမ်းပေးသည်။

တရုတ်ပြည်မှ တိုင်းရင်းသမားတော်တို့သည် ကန်စွန်းဥနှင့် ပေါင်းစပ်ဖော်ယူသော ဆေးဝါးဖြင့် ဆီးချိုရောဂါကို ထိန်းပေးနိုင်သည်။ ထို့ပြင် သွေးရည်တွင်း သွေးဥမွှား လျော့နည်းနေသည်ကိုလည်း မြန်ဆန်စွာ ပြန်လည်တိုးပွား စေနိုင်သည်။

ရွှေဝါ ကန်စွန်းဥသည် သက်ရှည်စားဖွယ်-ဟု ဂုဏ်ပြုခေါ်ဝေါ်ခြင်း ခံရပြီး ကန်စွန်းဥ ဆန်ပြုတ်သည် အများစားသုံးဖွယ် ဖြစ်လာလေပြီ။
အချို့သည် ကန်စွန်းဥ အစားများလျှင် လေထတတ်သည်။ အချဉ်ရည် အန်တတ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ ကန်စွန်းဥတွင်ပါသော အင်ဇိုင်းဓာတ်နှင့် အမျှင်ဓာတ် တို့ကြောင့် ဖြစ်သည်။ လူ၏ ၀မ်းဗိုက်ထဲတွင် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ် မြောက်မြားစွာ ဖြစ်စေသည့်အတွက် လေထိုး၊ ကျွတ်ထိုး၊ လေအန်၊ လေလည်စေသည်။ ထို့ကြောင့် ကန်စွန်းဥကို တကြိမ်တည်းနှင့် များများ မစားသင့်ပေ။ ဖြစ်နိုင်လျှင် ဂျုံ၊ သာကူ၊ ဆန်တို့နှင့် ရောနှော တွဲဖက်စားသင့်သည်။

ကန်စွန်းဥနှင့် တည်သီး တွဲဖက်စားလျှင် ကျောက်တည်ရောဂါရတတ်သည်။ ထို့ပြင် အမည်းကွက်ထ၍ မကောင်းသော ကန်စွန်းဥကို စားလျှင် အဆိပ်သင့်နိုင်သည်။ ကင်ဆာရောဂါ ရနိုင်သည်ဟု ဆိုပါသည်။
အကိုး။ ။၂၀၀၂-ခုနှစ် အမှတ်-၆၊ Ba Xiao Shi Yiwai မဂ္ဂဇင်း။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၁၀-ခု မေလ)

No comments: