စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ကြီး ဘဒ္ဒန္တ၀ဏ္ဏာစာရ (၁၂၆၉-၁၃၃၇) သည် ဗုဒ္ဓဝေယျာဝစ္စပြုမှု၊ သမထ၊ ၀ိပဿနာ ကျင့်ကြံမှုစသော ကျင့်ဝတ်များ၌သာ ဇွဲကောင်းသည်မဟုတ်။ အာဟာရ ခြိုးခြံမှုနှင့် ပတ်သက်၍လည်း သာမန်ပုဂ္ဂိုလ် လိုက်မမီအောင် ဇွဲလုံ့လကောင်းလှသည်။
ဆရာတော်သည် အသက်ထက်ဆုံး အသက်သတ်လွတ် ဆွမ်းဘုဉ်းပေးသွား၏။ တခါတရံ အသက်သတ်လွတ် ဆွမ်း၌ အပြစ်မြင်၍ ပဲဆွမ်း (ပဲပြုတ်) ချည်း ဘုဥ်းပေးနေတတ်၏။ အသက်အရွယ်ကလည်း ကြီးလာသဖြင့် ပဲပြုတ်ချည်း ဘုဉ်းပေးလာသည့်အခါ အားက သိသိသာသာ နည်းလာ၏။ အားနည်းလာသဖြင့် ဆရာတော်၏ ကျန်းမာရေးကို အမြဲတမ်းကြပ်မတ်ကြည့်ရှုပေးနေရသည့် ဆရာဝန်၊ ဆရာမများက ကောက်ဆွမ်း (ဆန်ကိုချက်ထားသည့်ဆွမ်း) ပြန်ဘုဉ်းပေးရန် လျှောက်ထားလျှင် ကောက်ဆွမ်းစားလည်း သေ၊ ပဲဆွမ်းစားလည်း သေတာပါပဲကွယ်။ ဘာပဲစားစား သေမယ့်အတူတူ ကောက်ဆွမ်းပြန်မစားပါရစေနဲ့-ဟူ၍ ဆရာတော်ကြီးက အမိန့်ရှိ၏။
Monday, November 15, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment