Tuesday, November 9, 2010

ပစ္စေကဗုဒ္ဓါ

ပစ္စေကဗုဒ္ဓါဖြစ်ဖို့ရန် နှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရသည်။ ထို့အောက် ယုတ်လျော့လျှင် ပစ္စေကဗုဒ္ဓါ မဖြစ်နိုင်။ ပစ္စေကဗုဒ္ဓါ ဆုတောင်းပြည့်ရန် (နိယတဗျာဒိတ်ရရန်) အင်္ဂါ ၅-ပါးနှင့် ပြည့်စုံဖို့ လိုသည်။
ထို ၅-ပါးမှာ-
၁။ မနုဿတ္တ=လူသားစင်စစ် ဖြစ်ရခြင်း။
၂။ လိင်္ဂသမ္ပတ္တိ=ပုရိသလိင်နှင့် ပြည့်စုံရခြင်း။( ယောက်ျားဖြစ်ရခြင်း)
၃။ ၀ိဂတာသ၀ ဒဿန=အာသဝေါတရားကင်းပြီးသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့တွင် တပါးပါးကို ဖူးမြင်ရခြင်း။
၎။ အဓိကာရ=ဘုရားရှင်စသည် အထံတော်၌ လွန်လွန်ကဲကဲ ပြုအပ်သော ကောင်းမှုရှိခြင်း။
၅။ ဆန္ဒတာ=ပစ္စေကဗုဒ္ဓါဖြစ်ဖို့ရန် ထက်သန်သောဆန္ဒရှိခြင်း တို့တည်း။

မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ၀ိဂတာသ၀ဒဿနံ။
အဓိကာရော စ ဆန္ဒတာ၊ ဧတေ အဘိနီဟာရကရဏာ။
ဝိဂတာသ၀ဒဿနန္တိ=ဗုဒ္ဓ ပစ္စေကဗုဒ္ဓ ဗုဒ္ဓသာဝကာနံ ယဿ ကဿစိ ဒဿန္တိ အတ္ထော။ (အပဒါန-ဋ္ဌ၊ ၁၊ ၁၅၈)

ဦးဇောတာလင်္ကာရ-၏ ပိဋက မှတ်စု နှာ-၂၆၁

No comments: