Friday, December 3, 2010

လစဉ် ဟောစာတမ်း ( ဒီဇင်္ဘာလ)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဒီဇင်္ဘာလ ၂၀၁၀ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။


( တနင်္လာ )

မိတ်ဆွေ ဒီလထဲမှာ အိမ်တွင်းရေး မသာမယာဖြစ်နေမယ်။ အိမ်မှာနေရတာ မပျော်ပိုက်ဘဲ ရှိနေမယ်။ တပည့်လက်သားတွေရဲ့ ဆန့်ကျင်တော်လှန်မှုကို ခံရသလို လုပ်ငန်းတွေမှာလည်း အခက်အခဲ တွေ့လိမ့်မယ်။ စီးပွားရေး မကောင်းပါ။ အ၀င်ထက် အထွက်က ပိုနေတတ်တယ်။

ကျန်းမာရေး=ခါးနာ, ခြေထောက်နာတာ ဖြစ်တတ်တယ်။

ယတြာ=ဘုရားမှာ တံမြက်စည်း လှည်းပေးပါ။ ဗုဒ္ဓေါ ဂုဏ်တော်ကို ပုတီးစိပ်ပါ။

*****************************************************************************

( အင်္ဂါ )

မိတ်ဆွေ ဒီလထဲမှာ အလုပ်မှာ ပြဿနာတွေ ပေါ်တတ်တယ်။ စိတ်သောကတွေ များနေမယ်။ အလုပ်မှာ စိတ်မ၀င်စားသလို ဖြစ်နေတတ်တယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတတ်တယ်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး အဆင်မပြေပါ။ တကျက်ကျက် ဖြစ်နေမယ်။

ကျန်းမာရေး=သွားနှင့် ပတ်သက်၍ ဥပါဒ်ပေးမယ်။ ကာမဂုဏ်စိတ်တွေ ကုန်ခန်းနေမယ်။

ယတြာ=ဂုဏ်တော်ကိုးပါး ပုတီးစိပ်ပါ။ *******************************************************************************

( ဗုဒ္ဓဟူး )

မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းကိစ္စတွေ ပြောဆိုပြီးကာမှ လွဲချော်သွားတတ်တယ်။ သူတပါးရဲ အနှောင့်အယှက်တွေလည်း ခံရတတ်တယ်။ မကောင်းသတင်း အလွင့်ခံရတတ်တယ်။ ငွေကြေးတွေ အကုန်အကျ ဆက်များနေအုံးမယ်။

ကျန်းမာရေး=မိမိနှင့်တကွ အတူနေအားလုံး ကျန်းမာရေး ညံ့နေမယ်။

ယတြာ=ဥပုသ်သည်ကို ထီးတလက် လှူပါ။

********************************************************************************

( ကြာသပတေး )

မိတ်ဆွေ ဒီလထဲမှာ လူအများရဲ့ ကြည်ညိုလေးစားချင်း ခံရတတ်တယ်။ လုပ်ငန်းသစ်တွေ လုပ်ရတတ်တယ်။ လာဘ်လာတွေ ရွှင်နေမယ်။ မျှော်လင့်မထားတဲ့ဆီက ရုတ်တရက် ငွေတွေဝင်လာမယ်။

ကျန်းမာရေး=သင့်ပါတယ်။

ယတြာ=ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပါ။ ကြာပန်းအဖြူရောင် ဘုရားလှူပါ။

*******************************************************************************

( သောကြာ )

မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေသလို အလုပ်နဲ့ပတ်သက်လို့ နေရာကောင်းတွေ ရတတ်တယ်။ အိုးအိမ်နေရာ ပြောင်းရွှေ့ဖို့လဲ မြင်တယ်။ လာဘ်လာဘလဲ ရွှင်တတ်ပါတယ်။

ကျန်းမာရေး=ခြေထောက်နဲ့ပတ်သက်လို့ ဥပါဒ်ပေးမယ်။

ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စားပါ။

********************************************************************************

( စနေ )

မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ပြောင်းရွှေ့ဖို့ စိတ်ကူးတယ်။ မပြောင်းပါနဲ့ လုံးဝအဆင်မပြေနိုင်ပါ။ အလုပ်အတွက် စိတ်သောက ဗျာပါဒတွေ များနေမယ်။ လုပ်ငန်းတွေ တပိုင်းတစဖြစ်နေတတ်တယ်။ အိမ်တွင်းရေး မကောင်းပါ။

ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်လိမ့်မယ်။

ယတြာ=အသက်ကြီးတဲ့ ဥပုသ်သည်ဖြစ်စေ, လူမမာဖြစ်စေ ဆေးဖိုးလှူပါ။

********************************************************************************

( တနင်္ဂနွေ )

မိတ်ဆွေ ဒီလထဲမှာ အလုပ်အတွက် စိတ်ညစ်စရာတွေ ပေါ်တတ်တယ်။ အလုပ်က ထွက်ချင်စိတ်တွေ ဖြစ်တတ်တယ်။ သားသမီးသော်၎င်း၊ တပည့်တပန်းသော်၎င်း၊ ၄င်းတို့အတွက် စိတ်သောက ရောက်ရတတ်တယ်။ လာဘ်လာဘတွေတော့ ရွှင်နေတတ်ပါတယ်။ အလှူတောင် လုပ်ရတတ်တယ်။

ကျန်းမာရေး=၀မ်းရေ၌ ဥပါဒ်ပေးမယ်။ ဦးခေါင်း မူးတတ်တယ်။

ယတြာ=တနင်္လာနေ့မှာ ဘုရားကို ကြာဖူးနှစ်ဖူး လှူပါ။


ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: