Tuesday, January 4, 2011

Do You Know ?

လိမ္မော်ခွံရဲ့အကျိုး---
သုတေသနပြုချက်များအရ လိမ္မော်ခွံမှာရှိတဲ့ ကာဗိုဟိုက်ဒြိတ်ဟာ အူလမ်းကြောင်းရှိ အကျိုးပြု ဗက်တီးရီးယားများကို တိုးပွားစေပါတယ်။
မသန့်ရှင်းတဲ့ အစားအသောက်တွေမှာ ရှိနေတတ်တဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။
ငါးကင်နဲ့ Salad တွေထဲမှာ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
လိမ္မော်ခွံတွေကို လွှင့်မပစ်ဘဲ ရေခဲသေတ္တာထဲ ထည့်သွင်းသိမ်းဆည်းထားပြီး သင့်ရဲ့ ဟင်းပွဲတွေကို ရိုးရိုးလေးပဲ တန်ဆာဆင်ပေးနိုင်ပါတယ်။
****************************************************************************************

အသည်းကို အားကောင်းစေဖို့---
အသည်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ အန္တရာယ်ရှိတဲ့ ပစ္စည်းများကို အဓိကတိုက်ထုတ် ကာကွယ်ပေးပါတယ်။
ဒါပေမဲ့ အညှိ၊ အချွဲတွေကိုတော့ တားဆီးနိုင်စွမ်း မရှိပါဘူး။
သင့်ရဲ့ အစားအသောက်ထဲမှာ အာတီချုပ်ကို ထည့်စားကြည့်ပါ။ အာတီချုပ်ဟာ သည်းခြေလည်ပတ်မှုကို တိုးမြှင့်ပေးတဲ့အပြင် ခန္ဓာကိုယ်တွင်းမှ အဆိပ်များကို တိုက်ထုတ်နိုင် စွမ်းလည်း မြင့်မားလာစေပါတယ်။
****************************************************************************************

အရာရာကို မှတ်မိချင်ပါသလား---
သင်ဟာ နာမည်တွေနဲ့ မျက်နှာတွေကို လွယ်လွယ်နဲ့ မမှတ်နိုင်ဘူး။ တခါတလေ မနေ့က ဘာဟင်းနဲ့ ထမင်းစားခဲ့တယ်ဆိုတာတောင် တော်တော်နဲ့ ပြန်စဉ်းစားလို့မရဘူးဆိုရင်တော့ စပျစ်ရည်ကို သောက်သုံးပေးသင့်ပါတယ်။
စပျစ်ရည်က မှတ်ဉာဏ်စွမ်းကို မြှင့်ပေးပါတယ်။
လေ့လာချက်တွေအရ သုံးလခန့် စပျစ်ရည်သောက်သုံးထားသူတွေကို မသောက်သုံးသူတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ သောက်သုံးထားသူတွေက ပိုပြီး မှတ်ဉာဏ်ကောင်းတယ်ဆိုတာ စစ်ဆေးတွေ့ရှိရပါတယ်။

(Image 2010-November)

No comments: