Monday, January 3, 2011

Knowledge School

ဒိန်ချဉ်တွေ လတ်ဆတ်စေဖို့---
ဒိတ်ချဉ်ကို နှစ်ခြိုက်စွာ ၀ယ်ယူသောက်သုံးလေ့ရှိသူများအတွက် နည်းလမ်းကောင်းလေးပါ။ ဒိန်ချဉ်ဘူးများကို ၀ယ်ယူလာပြီးပြီးချင်း အိမ်ကရေခဲသေတ္တာထဲမှာ ထည့်သွင်းသိမ်းဆည်းမှာ အမှန်ပါပဲ။
အဲဒီလို သိမ်းဆည်းတဲ့ အခါ ဒိန်ချဉ်ဘူးလေးများကို ဇောက်ထိုးထားရင် ပိုပြီးကြာရှည်ခံတဲ့အပြင် အရသာဟာလည်း လတ်ဆတ် ကောင်းမွန်နေပါလိမ့်မယ်။
**********************************************************************************

သံပုရာသီး အရည်ရွှမ်းစေဖို့---
သံပုရာသီးကို ခါတိုင်းထက် အရည်ပိုရွှမ်းအောင် ညှစ်နည်း သိပါသလား။
သံပုရာသီးကို မီးဖိုချောင် စားပွဲပေါ်တင်ပြီး သင့်ရဲ့လက်ဖ၀ါးနဲ့ အချိန်အတော်ကြာ လှိမ့်ပေးပြီးမှ အရည်ညှစ်ရင် ခါတိုင်းထက်ပိုပြီး အရည်ရွှမ်းရွှမ်း ထွက်လာပါလိမ့်မယ်။
****************************************************************************************

အရောင်အစုံ အစားအစာများ---
လူ့ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေတဲ့ အရောင်စုံအစားအစာများနဲ့ သူတို့ရဲ့ အကျိုးကျေးဇူးများကို ဖော်ပြ ပေးလိုက်ပါတယ်။
အရောင်များ>>>အနီရောင်
ဒီအစားအစာများမှာ တွေ့ရပါတယ်>>>ခရမ်းချဉ်သီး၊ ဖရဲသီး၊ ငရုတ်သီး၊ ငရုတ်ပွ။
ဒီလိုအကျိုးပြုဓာတ်တွေ ပါရှိပါတယ်>>>အင်တီအောက်ဆီဒင့် ကြွယ်ဝပြီး လိုင်ကိုပင်း (Lycopene) ပါဝင်တဲ့အတွက် နှလုံးရောဂါကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

အရောင်များ>>>လိမ္မော်နဲ့ အ၀ါရောင်။
ဒီအစားအစာများမှာ တွေ့ရပါတယ်>>>ရှောက်၊ သံပုရာ၊ လိမ္မော် စတဲ့ အသီးများ၊ မက်မွန်သီး၊ ရွှေဖရုံသီး။
ဒီလိုအကျိုးပြုဓာတ်တွေ ပါရှိပါတယ်>>>အမြင်အာရုံ ကောင်းမွန်ရေးအတွက် လိုအပ်တဲ့ လူတိန်း (Lutein) ပါဝင်ပါတယ်။ မျက်ကြည်လွှာကို အားကောင်းစေပြီး အတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

အရောင်များ>>>အစိမ်းရောင်။
ဒီအစားအစာများမှာ တွေ့ရပါတယ်>>>ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး။
ဒီလိုအကျိုးပြုဓာတ်တွေ ပါရှိပါတယ်>>>ဆဲလ်များကို ထိန်းသိမ်းခြင်းနဲ့ ပြုပြင်ခြင်းစတဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်များကို ကူညီပေးတဲ့ ဖော်လစ်အက်စ် ပါဝင်ပါတယ်။

အရောင်များ>>>အဖြူရောင်။
ဒီအစားအစာများမှာ တွေ့ရပါတယ်>>>ကြက်သွန်ဖြူ၊ ကြက်သွန်နီ။
ဒီလိုအကျိုးပြုဓာတ်တွေ ပါရှိပါတယ်>>>သဘာဝအတိုင်း ပိုးမွှားကာကွယ် ပေးနိုင်ခြင်းရဲ့ အကျိုးသက်ရောက်မှုရှိတဲ့ အယ်လီစင် (Allicin) ဒြပ်ပေါင်း ပါရှိပါတယ်။
***************************************************************************************

ကြက်ဥခွံ မကွဲအောင် ပြုတ်နည်း---
ကြက်ဥ၊ ဘဲဥတွေကို ကျက်ကျက်ပြုတ်တဲ့အခါ အခွံတွေ ကွဲအက်ထွက်လာတတ်ပါတယ်။ ဒီလိုမဖြစ်စေချင်ရင်တော့ ရေပွက်ပွက်မဆူခင်မှာ ဆားအနည်းငယ်ကို ထည့်ပြီး ပြုတ်ပေးပါ။ အခွံကွဲအက်ခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။
***************************************************************************************

ဆားတွေ ခဲမသွားစေဖို့---
ဆားထည့်ထားတဲ့ဘူးတွေ လေမလုံရင် ဆားတွေခဲတာ၊ အရည်ပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ မှိုင်းခံစက္ကူစလေးကို ဆားဘူးထဲမှာ ထည့်ထားပေးပါ။ မှိုင်းခံစက္ကူလေးတွေက ရေငွေ့နဲ့ စိုထိုင်းမှုတို့ကို စုပ်ယူနိုင်တဲ့အတွက် ဆားတွေခဲမသွားရအောင် ကာကွယ်ပေးပါလိမ့်မယ်။
***************************************************************************************
ယင်ပြေးစေမဲ့ ဗီနီဂါငွေ့---
ယင်ကောင်တွေဟာ အတော်ကို မနှစ်မြို့စရာကောင်းတဲ့ သတ္တ၀ါတမျိုး ဖြစ်ပါတယ်။
သင့်ရဲ့ မီးဖိုချောင်ထဲမှာ ယင်ကောင်တွေ သောင်းကျန်းနေပြီဆိုရင်တော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ယင်မောင်းနည်း တမျိုးရှိပါတယ်။ ရှာလကာရည် အစက်အနည်းငယ်ကို မီးဖိုပေါ်မှာ ချလိုက်ပါ။ ယင်ကောင်တွေ မနေနိုင်ဘဲ ပျံပြေးတာကို တွေ့ရပါလိမ့်မယ်။
****************************************************************************************

အသုံးဝင်တဲ့ ခြေအိတ်အဟောင်းများ---
ကလေးစီးအ၀တ် ဖိနပ်ဟောင်းလေးများနဲ့ ခြေအိတ်ဟောင်းလေးများကို လွှင့်မပစ်ဘဲ သိမ်းထားပါ။ ဒီခြေအိတ်ဟောင်းလေးများကို စားပွဲနဲ့ ကုလားထိုင်ခြေထောက်အစွပ်လေးများအဖြစ် ပြန်လည်အသုံးပြု နိုင်ပါတယ်။ ဒီလိုစွပ်ထားခြင်းအားဖြင့် ကြမ်းပြင်မှာ ခြစ်ရာမထင်စေဘဲ သင့်ရဲ့ပရိဘောဂကိုလည်း ကာကွယ်ပေးပါလိမ့်မယ်။
***************************************************************************************

မွေးမေ့ကိတ်လေး လှပစေဖို့---
မွေးနေ့ကိတ်ပေါ်က ရောင်စုံဖယောင်းတိုင်လေးတွေဟာ မျက်စိပသာဒ ဖြစ်စေတာ အမှန်ပါပဲ။ ဒါပေမဲ့ ဖယောင်းရည်တွေ ကိတ်ပေါ်ကို ပျော်ကျမှာတော့ စိုးရိမ်ရပါတယ်။ ဒါကြောင့် ပီကေလို ပျော့အိပြီး ၀ါးစားလို့ရတဲ့ သကြားလုံး အပျော့လေးတွေထဲမှာ ဖယောင်းတိုင်ကိုစိုက်ပြီး ထွန်းမယ်ဆိုရင်တော့ ဖယောင်းတိုင် လဲကျမှာနဲ့ ဖယောင်းရည်တွေကျမှာ မပူရဘဲ မွေးနေ့ကိတ်ကိုလည်း ပိုမိုအရောင်စုံလှပ စေနိုင်ပါတယ်။

(Image 2010-November)

No comments: