Tuesday, February 1, 2011

လစဉ်ဟောစာတမ်း ( ဖေဖော်ဝါရီလ) ၂၀၁၁

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဖေဖော်ဝါရီလ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။



( တနင်္လာ )

မိတ်ဆွေ ဒီလထဲမှာ ငွေကြေးတွေ အကုန်အကျများနေမယ်။ သတိထားပါ။ တပါးသူရဲ့ မကောင်းသတင်းတွေ အလွင့်ခံရသလို အလုပ်မှာလဲ အဆင်မပြေ ဖြစ်တတ်တယ်။ အလုပ်နဲ့ပတ်သက်လို့ အခက်အခဲတွေ့နေမယ်။ ကျန်းမာရေး=၀မ်းရေ၌ ဥပါဒ်ပေးမယ်။

ယတြာ=ဘုန်းကြီးကို နာနတ်ယို လှူပါ။ ဥပုသ်သည်ကို ထီး-လှူပါ။

*****************************************************************************


( အင်္ဂါ )


မိတ်ဆွေ ဒီလထဲမှာ လက်ရှိအလုပ်ကနေ တခြားအလုပ်ကို ပြောင်းချင်နေတာလား မလုပ်ပါနဲ့။ လုပ်ငန်းပြောင်းရန် မသင့်လျော်ပါ။ လူလိမ်လူကောက်များကို သတိထားပါ။ ပါသွားလိမ့်မယ်။ အိမ်ထောင်ရေး သတိထားပါ။ အထင်လွဲနေတတ်တယ်။

ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်လိမ့်မယ်။

ယတြာ=အသက်ကြီးတဲ့ လူမမာကို ဆေးဘိုးလှူဒါန်းပါ။

*******************************************************************************


( ဗုဒ္ဓဟူး )


မိတ်ဆွေ ဒီလထဲမှာ မမျှော်လင့်ဘဲ ငွေတွေဝင်လာလိမ့်မယ်။ ဆုံးပြီဟုထင်ရသော ငွေတွေလဲ ပြန်လည်ရရှိ တတ်တယ်။ သတင်းကောင်းတွေ ကြားရသလို လူချစ်လူခင် အတော်များမယ်။ ငွေကုန်များခြင်း၊ ငွေမမြဲခြင်းကြောင့် အ်မ်ထောင်ရေးပြဿနာ ပေါ်တတ်တယ်။

ကျန်းမာရေး=သင့်ပါတယ်။

ယတြာ=လောက၀ိဒူ ဂုဏ်တော်ကို အဓိဋ္ဌာန်နဲ့ ပုတီးစိပ်ပါ။

********************************************************************************


( ကြာသပတေး )


မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေသလို ရာထူးတွေလဲ တက်တတ်တယ်။ ကြံစည်ထားတာတွေလဲ အောင်မြင်တတ်တယ်။ မျိုးမတူ ဘာသာကွဲရဲ့ ကူညီစောင့်ရှောက်မှုတွေလဲ ခံရတတ်တယ်။

မှတ်ချက်။ အထက်လူကြီးတွေ အထင်လွဲတတ်တယ်။ သတိထားပါ။

ကျန်းမာရေး=မျက်နှာပြင်မှာ ဥပါဒ်ပေးတတ်တယ်။

ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ် စားပါ။

*******************************************************************************


( သောကြာ )


မိတ်ဆွေ ဒီလထဲမှာ စီးပွားရေးတွေ ညံ့နေတယ်။ ငွေကြေးတွေလဲ လက်လွန်နေတတ်တယ်။ လုပ်ငန်းတွေ အခက်အခဲဖြစ်သလို အောက်လက်ငယ်သားတွေရဲ့ ဆန့်ကြယ်တော်လှန်မှုကို ခံရတတ်တယ်။ အိမ်တွင်းရေးလဲ မသာမယာ ဖြစ်တတ်တယ်။

ကျန်းမာရေး=ပါးစပ်မှ ဥပါဒ်ပေးတတ်တယ်။

ယတြာ=ဘုရားစင်၌ သန့်ရှင်းရေး လုပ်ပါ။ ဘုန်းကြီးကျောင်းမှ ကုဋီအိမ်သာ ဆေးကြောပါ။

********************************************************************************


( စနေ )


မိတ်ဆွေ ဒီလထဲမှာ ငွေတွေတသောသော ၀င်နေလိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေလဲ ရတတ်တယ်။ လုပ်ငန်းရာထူး တိုးတက်မယ်။ စက်ပစ္စည်းအသစ်တွေ ၀င်လာတတ်တယ်။

ကျန်းမာရေး=သင့်ပါတယ်။

ယတြာ=မကြာမကြာ အိပ်ရာ ရွှေ့အိပ်လိုက်ပါ။

********************************************************************************


( တနင်္ဂနွေ )


မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ ပိနေလို့ အလွန်ကို ပင်ပန်းလိမ့်မယ်။ ဖြေရှင်းစရာ ပြဿနာတွေလဲ ပေါ်တတ်တယ်။ ငွေကြေးတွေလဲ ဆုံးပါးတတ်တယ်။ သတိထားပါ။ အိမ်ထောင်ရေးကလဲ တကျက်ကျက် ဖြစ်နေတတ်တယ်။

ကျန်းမာရေး=ညံ့တယ်။

ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စား၍ လပြည့်လကွယ်နေ့တိုင်း အဓိဋ္ဌာန် ပုတီးစိပ်ပါ။


ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: