Saturday, February 5, 2011

ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ

(၁) ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော ပေါင်မုန့်---
ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာအဖြစ် စားသူတွေဟာ ဂျုံနုနဲ့လုပ်ထားတဲ့ ပေါင်မုန့်စားသူတွေထက် ၃-နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုးသက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင်တယ်လို့ ဆိုပါတယ်။



(၂) နွားနို့---
အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ် စားသုံးသူတွေဟာ နေ့လယ်စာမှာ အစာစားတဲ့ပမာဏကို လျှော့ချနိုင်ပါတယ်။ သြစတြေးလျ တက္ကသိုလ်မှ သုတေသနပြုသူတွေက နံနက်စာကို နွားနို့သောက်သူတွေဟာ အချိုရည်သောက်သူတွေထက် ပိုမိုဗိုက်ပြည့်တင်းမှုရစေပြီး နေ့ခင်း အစာစားချိန်မှာ ၂၀၀-ကယ်လိုရီလောက် လျှော့စားဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၃) ကြက်ဥ---
အစားလျှော့စားသူတွေအဖို့ နံနက်စာကို ကြက်ဥ စားသုံးရင် ကိုယ်အလေးချိန် ပိုလျော့နိုင်တယ်လို့ US မှ လေ့လာမှုအရ သိရပါတယ်။ နံနက်စာကို ကြက်ဥနှစ်လုံးနှင့် စတင်သူတွေဟာ ကိုယ်အလေးချိန် ၆၅-ရာခိုင်နှုန်း ပိုလျော့ပြီး BMI ၆၁-ရာခိုင်နှုန်း ပိုကျကာ စွမ်းအင်အဆင့်တွေ ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
(Good Health 3-17-10)

No comments: