Tuesday, February 8, 2011

ကိုယ်ဝန်ပျက်ကျခြင်း

ကိုယ်ဝန်ပျက်ကျတာကို မသိလိုက်ခြင်း---(Abortion)
အချို့အမျိုးသမီးတွေဟာ ပထမကိုယ်ဝန်သုံးလမှာ မိန်းမကိုယ်မှ သွေးဆင်းတာကို ကြုံတွေ့ရတတ်ပါတယ်။ ပုံမှန် ဓမ္မတာလာရမယ့်အချိန်မှာ သွေးစွန်းတာလိုမျိုး ဖြစ်တာပါ။ ဒီလိုဖြစ်ရင် ကိုယ်ဝန်ပျက်ကျသလိုမျိုးပဲ ကုသမှု ခံယူရပါတယ်။  

မပြည့်မစုံ ကိုယ်ဝန်ပျက်ကျခြင်း---(Incomplete Abortion)
သားအိမ်မှ သန္ဓေသားဟာ ထွက်သွားပေမယ့် အချင်းနဲ့ အမြှေးပါးတွေဟာ သားအိမ်အတွင်းမှာ ကျန်ရှိနေသေးရင် သွေးဆင်းတာဟာ ခေတ္တရပ်ဆိုင်းသွားပါမယ်။ ဒါပေမဲ့ ရက်အချို့ ဒါမှမဟုတ် ရက်သတ္တပတ်အကြာမှာ သွေးပြန်ဆင်းတာဟာ သားအိမ်ထဲမှ ကျန်ရှိတဲ့ပစ္စည်းတွေကို ဖယ်ရှားတာဖြစ်ပြီး နောက်တခါ ကိုယ်ဝန်ဆောင်ဖို့ အခွင်အရေးရရှိတာပါ။

ကိုယ်ဝန်ပျက်ပြီး ရောဂါပိုးဝင်ခြင်း---(Septic Abortion)
ခေါတရံ Incomplete Abortion ဖြစ်ပြီးနောက်ပိုင်းမှာ သားအိမ်တွင်း ကျန်ရှိတဲ့ ပစ္စည်းမှ ရောဂါပိုးဝင်ရောက်တတ်ပါတယ်။ ဒါဟာ အန္တရာယ်များပါတယ်။ ရောဂါပိုးဟာ သားအိမ်မှ မမျိုးဥကို ပြန့်သွားပြီး ပြွန်လမ်းကြောင်း ပိတ်ဆို့သွားတတ်ပါတယ်။ ဒါကြောင့် မမျိုးဥနဲ့ သုက်ပိုး ထိတွေ့မှုမရှိနိုင်တော့ပဲ မြုံသွားတတ်ပါတယ်။

ရောဂါလက္ခဏာ---
* ပျို့အန်ခြင်း။
* ခေါင်းကိုက်ခြင်း။
* ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း။ 
* မိန်းမကိုယ်မှ ပြည်ရည်ထွက်ခြင်း။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ---
မိန်းမကိုယ်မှ သွေးတွေဆင်လာတာနဲ့အတူ ကိုယ်အပူချိန် မြင့်တက်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

ဆရာဝန် ဘာလုပ်ပေးမလဲ---
စမ်းသပ်စစ်ဆေးပြီး ကိုယ်ဝန်ပျက်ပြီး ရောဂါပိုးဝင်တယ်လို့ထင်ခဲ့ရင် ဆေးရုံသို့ ပို့ပေးပါမယ်။
ဆေးရုံမှာ ပဋိဇီဝဆေးပေးပြီး သားအိမ်ခြစ်ထုတ်ပေးပါမယ်။

ဒေါက်တာ ခင်မိုးမိုး
(Good Health 3-17-10)

No comments: