Tuesday, February 15, 2011

ကောင်းသူနှင့် ပေါင်းပါ

* ကိုယ့်ထက်သိတတ်၊ သူတော်မြတ်၊ ဆည်းကပ် မှီဝဲပါ။
* ကိုယ့်ထက်တတ်သူ၊ ဆည်းကပ်မူ၊ နည်းတူ တတ်သည်သာ။
* ပန်းမွန်မြတ်လေး၊ ရောကာထွေး၊ ဖက်မွှေး တတ်သည်သာ။

* တရားကိုယ်ကျင့်၊ ပျက်သူနှင့်၊ မသင့် မပေါင်းရာ။
* တရားပျက်သူ၊ ပေါင်းဖက်မူ၊ နည်းတူ ပျက်မည်သာ။
* တမာခါးသက်၊ မြစ်ရောယှက်၊ သရက် ခါးတတ်ပါ။
* ငါးပိပုပ်ထုပ်၊ ဖက်ရွက်စုတ်၊ အဟုတ် နံတတ်ပါ။

စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး

No comments: