Tuesday, February 8, 2011

အရိုးပါးရောဂါကုသဆေးကို ရေရှည်အသုံးပြုခြင်းက အရိုးများကို အားပျော့စေနိုင်

အရိုးတွေကို ကြွပ်ဆတ်စေတဲ့ အရိုးပါးရောဂါ (Ostcoporosis) ကို ကုသဖို့အတွက် အသုံးပြုတဲ့ ဆေးဝါးတွေက ရေရှည်မှာ အရိုးတွေကို ပိုပြီး လွယ်လွယ်ကူကူ ကျိုးစေနိုင်တယ်လို့ သုတေသန အသစ်တခုက တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေက အရိုးပါးရောဂါကုသဆေးဖြစ်တဲ့ Bisphosphonates တွေဟာ အရိုးတစ်သျှူးရဲ့ အရေအတွက်ကို တိုးစေပေမယ့် အရည်အသွေးကို ရေရှည်မှာ ကျဆင်းစေကြောင်း တွေ့ရှိခဲ့တာပါ။  ဒီဆေးတွေဟာ အရိုးကို ထိန်းသိမ်းပေးပေမယ့် ရေရှည်မှာ အရိုးတည်ဆောက်မှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဒီဆေးတွေနဲ့ ကုသမှုဟာ လေးနှစ် ဒါမှမဟုတ် ဒီထက်ကြာပြီးနောက်မှာ ပုံမှန်မဟုတ်တဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်တဲ့အန္တရာယ် ပိုများစေတယ်လို့ ယူဆရပါတယ်။

Bisphophonates ဆေးတွေက အရိုးတစ်သျှူးတွေကို ဖယ်ရှားပြီး ပြန်အစားထိုးဖြည့်တဲ့ သဘာဝဖြစ်စဉ် အရိုးဆုံးရှုံးမှုကို နှေးစေဖို့ ဒါမှမဟုတ် ရပ်တန့်ဖို့အတွက် ရည်ရွယ်ထားတာပါ။ Columbia University for Medical Centre နဲ့ Hospital for Special Surgery မှ သုတေသီတွေက သီးခြားလေ့လာမှု နှစ်ခုလုပ်ခဲ့ရာ Bisphophonates တွေက အရိုးရဲ့ သဘာဝဖြစ်စဉ်ကို ရေရှည်ဖိနှိပ်ထားခြင်းဟာ အရိုးရဲ့ဂုဏ်သတ္တိကို ပြောင်းလဲစေပြီး အရိုးရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေကာ ပုံမှန်မဟုတ်တဲ့ အရိုးကျိုးတာတွေကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

သုတေသီတွေက အရိုးပါးရောဂါရှိတဲ့ သွေးဆုံးပြီး အမျိုးသမီး ၁၁၁-ယောက်ကို လေ့လာခဲ့ရာ ၆၁-ယောက်က Bisphophonates ဆေးတွေ မပါဘဲ ကယ်လ်စီယမ်နဲ့ သောက်ခဲ့ပါတယ်။ ရလဒ်ကတော့ Bisphophonates ဆေးတွေဟာ ကုသမှုရဲ့ အစောပိုင်းကာလမှာ အရိုးတည်ဆောက်မှုကို တိုးတက်စေ ပေမယ့် အချိန်ကြာလာတဲ့အခါ ဒီအကျိုးကျေးဇူးဆုတ်ယုတ်လာတာကို တွေ့ရှိခဲ့ကြပါတယ်။

SSMN
(Good Health 3-17-10)

No comments: