ဝဲ နှင်းခူ ဖြစ်ခဲ့သော်
သင်္ဘောသီး နုနု တလုံးရှာ၊
ထိပ်ဝကို ဓားနှင့်လျှပ်၊ အစေးထွက်လာလိမ့်မယ်။
အဲဒီ သင်္ဘောသီးထိပ်နဲ့ အနာကို ပွတ်တိုက်ပေး၊ ယားကျိကျိနဲ့ ခံလို့ကောင်းတယ်။
သွေး ညိုညို ပုပ်ပုပ်ကြီးတွေ ထွက်လာတယ်၊ ဆက်တိုက်ပေး။
အရည်ကြည်တွေ ထွက်လာပြန်ရော၊ ဆက်ပြီး ပွတ်တိုက်ပေး။
သွေးနီရောင်တွေ ထွက်လာတော့ နာလာလိမ့်မယ်။
သွေးထွက်လာလို့ နည်းနည်းကြာတော့ ရပ်ထားပြီး အနာကျက်ဆေး တခုခု ၀ယ်လိမ်းပေးလိုက်ပါ။
မကြာပါ အလွှာအလွှာလိုက် ကွာကျပြီး အသားနုတက်ပြီး သက်သာပျောက်ကင်းသွားပါတော့သည်။
သင်္ဘောသီးက ပိုးတွေ(အဆိပ်တွေ)ကို စုပ်ယူတဲ့သဘောပါ။ ဒါကြောင့် မြွေကိုက်ခံရတဲ့သူကို သင်္ဘောသီးထိပ်ဝနဲ့ တိုက်ပေးပြီး အဆိပ်ထုတ်ပေးတာ ဖြစ်မယ်။
နောက်ပြီး ပွေးခြောက်တွေကိုလည်း သင်္ဘောသီး နုနုနဲ့ ကုလို့ရတာ လက်တွေ့ပါ။
စိုးလင်းအောင် (မြန်အောင်)
(နက္ခတ္တရောင်ခြည် ၂၀၀၉-မေလ)

1 comment:
thank sao much,,,,,,,,,i will give to my father this method
Post a Comment