Monday, March 7, 2011

သြ၀ါဒ


* အိမ်ရာတည်ထောင် လူ့ဘောင်၌နေထိုင်ကြသော ဒါယကာ ဒါယိကာမများနှင့် အိမ်ရာမထောင် သာသနာ့ဘောင်၌ နေထိုင်ကြကုန်သော ရဟန်းတော်များသည် ကိုင်းကို ကျွန်းမှီ၊ ကျွန်းကို ကိုင်းမှီသကဲ့သို့လည်းကောင်း။
ရေကို ကြာမှီ၊ ကြာကို ရေမှီ ဆိုသကဲ့ကိုလည်းကောင်း။ အချင်းချင်း အပြန်အလှန် မှီခိုအားကိုး၍ နေထိုင်ကြရသည်။ 

* ဒါယကာ ဒါယိကာမများက ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး-ဟု ဆိုအပ်သော ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းတော်များကို ထောက်ပံ့လှူဒါန်းကြသည်။ ရဟန်းတော်များကလည်း ဒါယကာ ဒါယိကာမတို့အား တရားဓမ္မ ဟောပြောဆုံးမခြင်းဟု ဆိုအပ်သော ဓမ္မာနုဂ္ဂဟဖြင့် ပြန်လည်ချီးမြှောက်ကြသည်။

* ဤသို့ ဆရာ ဒကာ အချင်းချင်း ပစ္စယ, ဓမ္မ နှစ်ဝအားဖြင့် မှီခိုအားထား၍ နေကြမည်ဆိုပါက ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ-ဟုဆိုအပ်သော သာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တံ့နိုင်မည် ဖြစ်ပါသည်။

ဘဒ္ဒန္တ ခေမိန္ဒသာမိ မဟာထေရ်
ရန်ကန်ုတိုင်း ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက် 

No comments: