ပွေးကိုင်း..........၁၀-ကျပ်သား
ထန်းလျက်.......၁၀-ကျပ်သား
သကြား...........၁၀-ကျပ်သား
ပျားရည်..........၁၀-ကျပ်သား
ထောပတ်........၁၀-ကျပ်သား
ပွေးကိုင်းရွက်ကို အရိပ်မှာ သွေ့အောင်လှန်း၊ ပေါင်ဒါသားကျအောင် မှုန့်ပါ။
ထန်းလျက်ကို ပါးပါးလှီးပါ။ ပြီးလျှင် သကြား၊ ပျားရည်၊ ထောပတ် စုပေါင်းပြီး ပုလင်းအတွင်း နှံ့အောင်မွှေ၍ အဖုံးလုံစွာ ဖုံးထားပါ။
တခါစား လက်ဖက်ရည်ဇွန်း တဇွန်းခန့် စားပါ။ ၀မ်းအလွန်ချုပ်သူများ ဆေးလုံးအလယ် ဆားကူ စားပါ။
ထိုဆေးနည်းကိုပေးခဲ့သော ကွယ်လွန်သူ အဘ ဦးချစ်တင်-အား ဤစာစုဖြင့် ကန်တော့အပ်ပါသည်။ရှင်နှောင်းညို( အထူး-၄)
(နက္ခတ္တရောင်ခြည် ၂၀၀၉-မေလ)

1 comment:
ပွေးကိုင်း မှမမြင်ဖူးတာ ဘယ်လိုလုပ်မလဲ..ပုံလေးရှိရင်တင်ပေးပါလားနော်...
Post a Comment