Monday, March 7, 2011

ရေကို အကျိုးရှိစွာ သောက်နည်း


မြန်မာမှုတွင် ထမင်းအသက် ၇-ရက်၊ ရေ အသက် တမနက်-ဟူသော ရေ၏ အရေးကြီးပုံကို တင်စားညွှန်းဆိုထားသော စကားရှိပေသည်။ ရေသည် အလွန်အရေးပါလှသဖြင့် ရေကို ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် သောက်သုံးရာတွင် အကျိုးရှိစေရန် မည်သို့ ချိန်ဆ သောက်သုံးသင့်ကြောင်း တင်ပြလိုပါသည်။

(၁) နံနက် အိပ်ရာမှ ထထချင်း ရေ ၂-ဖန်ခွက် သောက်ပါ၊ (ဤကဲ့သို့ သောက်ခြင်းဖြင့် သင်၏ 
     ခန္ဓာကိုယ်အတွင်း အထူးသဖြင့် ၀မ်းဗိုက်အတွင်းရှိ အူသိမ်၊ အူမများကို လှုပ်ရှားလာစေပါလိမ့်မည်)။
(၂) ထမင်းမစားမီ မိနစ် ၃၀-အလိုခန့်တွင် ရေ ၁-ဖန်ခွက် သောက်ပါ။ (အစာချေဖျက်မှုကို 
     ကူညီပါလိမ့်မည်)။
(၃) ရေမချိုးမီ ရေ ၁-ဖန်ခွက် သောက်ပါ။ (သွေးတိုးနှုန်း ကျဆင်းစေရန် အထောက်အကူ ပြုပါလိမ့်မည်)။
(၄) ည အိပ်ရာမ၀င်မီ ရေ ၁-ဖန်ခွက် သောက်ပါ။ (လေဖြတ်ခြင်း၊ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းနည်းပါးစေရန် 
     အထောက်အကူပြုပါလိမ့်မည်)။

စောဝင်းသိမ်း
အကိုး-အင်တာနက်သတင်း

No comments: