Tuesday, March 1, 2011

လစဉ်ဟောစာတမ်း ( မတ်လ ) ၂၀၁၁


ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းကို စဉ်းစားချင့်ချိန်လုပ်ပါ။ လုပ်သလောက် အကျိုးမရှိ ဖြစ်တတ်တယ်။ သတိထားပါ။ အလုပ်တွေလဲ မပြီးမပြတ်နဲ့ တပိုင်းတစ ဖြစ်တတ်တယ်။ အိမ်ထောင်ရေးလဲ အထင်အမြင် လွဲတတ်တယ်။ လုပ်ငန်းမပြောင်းပါနဲ့။ သည်းခံ၍ ဆက်လုပ်လိုက်ပါ။ 
ကျန်းမာရေး=ဦးခေါင်းကိုက်နေလိမ့်မယ်။ 
ယတြာ=အသက်ကြီးတဲ့သူကို ဆေးဖိုးလှူပါ။ 
*****************************************************************************

( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေလာလိမ့်မယ်။ ကူညီစောင်မမဲ့သူတွေ တွေ့ရမယ်။ လူအများရဲ့ အရေးပေးချင်းတွေလဲ ခံရတတ်တယ်။ မမျှော်လင့်တဲ့ဆီက ငွေတွေ ၀င်လာလိမ့်မယ်။ ဆုံးပြီးသားတွေ ပြန်ရတတ်တယ်။ အလှူအတန်း ပေးရကိမ်းလဲ မြင်တယ်။ ကားအသစ် လဲရတတ်တယ်။ အိမ်ထောင်းရေတော့ သတိထားပါ။ ပြဿနာ ကြုံရတတ်တယ်။ 
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=ကြာပန်းအဖြူရောင် ဘုရားတင်၍ ဆုတောင်းပါ။ 
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေမယ်။ ရာထူးတိုးတတ်တယ်။ အထက်လူကြီးတွေရဲ့ ကူညီစောင့်ရှောက်မှုကို ခံရတတ်တယ်။ ငွေတွေလဲ ရွှင်နေလိမ့်မယ်။ မိမိမျှော်လင့်ထားတာတွေ ဖြစ်လာလိမ့်မယ်။ လွတ်လပ်သူဆိုရင် အိမ်ထောင်ကျကိမ်း မြင်တယ်။ အင်္ဂါနံ စက်တွေ, စိန်တွေလဲ ၀င်တတ်တယ်။
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=မွေးနေ့မှာ သက်သတ်လွတ် စားပါ။ 
********************************************************************************

( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အတွက် စိတ်ညစ်စရာ ပေါ်တတ်တယ်။ ဒါပေမဲ့ ရာထူးတိုးတာချင်းလဲ ခံရတတ်တယ်။ ခရီးယာယီကိန်းတွေ များနေမယ်။ မကြာခဏ ခရီးတွေ သွားရတတ်တယ်။ မျက်နှာတွေလဲ စမ်းပွင့်နေမယ်။ လာဘ်လာဘတွေ ရွှင်ပြီး မမျှော်လင့်တဲ့ဆီ ငွေတွေရတတ်တယ်။ အလုပ်ကလဲ ထွက်ချင်တယ်၊ မထွက်ပါနဲ့လို့ အကြံပေးပါရစေ။ 
ကျန်းမာရေး=ဦးခေါင်းနဲ့ ၀မ်းရေ ဒုက္ခပေးတတ်တယ်။
ယတြာ=သစ္စာပန်း ခြောက်ပွင့်ကို ဘုရားမှာ ကပ်လှူပါ။
*******************************************************************************

( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ ငွေရေးကြေးရေး အခက်အခဲတွေ့နေမယ်။ချေးငှါးထားတဲ့ ငွေများလဲ ဆုံးပါးတတ်တယ်။ တပည့်လက်သားတွေလဲ ကိုယ့်ဆီကနေ တခြားထွက်ခွါသွားလိမ့်မယ်။ အမှုအခင်း သတိထားပါ။ ဖြေရှင်းစရာ ပေါ်တတ်တယ်။ အိမ်တွင်းရေးတွေလဲ ပူလောင်နေလိမ့်မယ်။ 
ကျန်းမာရေး=သွားကိုက် သွားနာ ဖြစ်လိမ့်မယ်။
ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စား၍ ဗုဒ္ဓေါ-ဆိုတဲ့ဂုဏ်တော်နဲ့ ပုတီးစိပ်ပါ။ 
********************************************************************************

( စနေ )
မိတ်ဆွေ ဒီလထဲမှာ ဘာတွေလုပ်နေလဲ လုပ်ငန်းတွေ တိုးချဲ့ရတော့မယ်။ လပ်ငန်းတွေ တိုးတက်သလို ရာထူးတွေလဲ တိုးတက်တတ်တယ်။ အိုးပိုင် အိမ်ပိုင်တွေ ရသလို အိမ်နေရာလဲ ပြောင်းရွှေ့ရတတ်တယ်။ 
ကျန်းမာရေး=အပူလောင်တတ်တယ်။  ခြေထောက် နာတတ် မျက်တတ်တယ်။
ယတြာ=တနင်္ဂနွေထောင့်မှာ မီးသက်စေ့လှူပါ။ 
********************************************************************************

( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင်တွေ ထိခိုက်တတ်တယ်။ အလုပ်လုပ်ရတာလဲ အခက်အခဲတွေနဲ့ ကြုံရတတ်တယ်။ အလုပ်မှာ ပင်ပန်းသလောက် အကျိုးမရှိသလို ဖြစ်တတ်တယ်။ သူတပါးရဲ့ မကောင်းသတင်း လွင့်ခြင်းတွေလဲ ခံရတတ်တယ်။
ကျန်းမာရေး=အတူနေ အိမ်သားတွေ ဆေးရုံဆေးခန်း ပို့ရတတ်တယ်။ 
ယတြာ=ဥပုသ်သည်ကို ထီးတလက် လှူပါ။ 

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: