ယခုတင်ပြမည့် လိမ်းဆေးသည် သွေးဖော, လေဖော နှစ်မျိုးစလုံးကို လိမ်းနိုင်ပါသည်။
ဤဆေးလိမ်းနေသည့်ကာလတွင် ဓာတ်စာအဖြစ် ပဲနောက်ဟင်းချိုကို နေ့စဉ်လို ဟင်းတခွက်အဖြစ် ချက်စားသောက်ပေးရပါမည်။
လိမ်းဆေးဖော်စပ်နည်း---
၁။ မဖောက်ထုံးမှုန့်.....၁-ကျပ်သား
၂။ မုတ်ခါး................၁-ကျပ်သား
၃။ ဆေးပရုတ်..........၂-ကျပ်သား
၎။ အရက်ပြန်..........၂-ကျပ်သား
၅။ ရေ ..................၂၅-ကျပ်သား
ဆေးအမည် ငါးပါးကို ပုလင်းထဲ စုထည့်ပိတ်ပြီး သမအောင် နာနာလှုပ်ပေးပါ။ ဆေးလိမ်းကာနီးတိုင်း နာနာလှုပ်ပြီးမှ လိမ်းပေးပါ။ တနေ့ နှစ်ကြိမ်မှ သုံးကြိမ်အထိ အဆင်ပြေသလို လိမ်းပေးပါ။
နတ်မောက်-ကောင်းမွန်မြင့်
(နက္ခတ္တရောင်ခြည် ၂၀၀၉-မေလ)

No comments:
Post a Comment