Sunday, March 6, 2011

ဂမုန်းညွန့်ပေါင်း ခေါ်-စပါးလင်ပင် ဆေးဖက်ဝင်


စပါးလင်ပင်ကို ရှေးသမားတော်ကြီးများက ဂမုန်းညွန့်ပေါင်းပင်လို့ ခေါ်တွင်ခဲ့ကြောင်း၊ ရိုးရိုးဟင်းစား စပါးလင်ပင်နှင့် စပါးလင်မွှေး-ဟူ၍ ၂-မျိုးရှိကြောင်း။
ဟင်းစား စပါးလင်ရော စပါးလင်မွှေးပါ ၂-မျိုးစလုံး ဆေးဖက်ဝင်ကြောင်း၊ ဆေးအဖြစ်သာမက ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း သုံးစွဲကြကြောင်း။

စပါးလင်မွှေးပင်ကို မိမိတို့အိမ်ခြံဝင်းအတွင်း စိုက်ပျိုးထားပါက မြွေဆိုးများ မ၀င်ရောက်နိုင်ကြောင်း၊ 
စပါးလင်ပင်ရွက်သည် ပူ-စပ်-ခါး အရသာရှိကြောင်း၊ လေသလိပ်ကို ကြေစေပြီး ခံတွင်း၌ ရှိသော မကောင်းသောအနံ့အသက်တို့ကို ပယ်ဖျက်စေပြီး အစာကိုလည်း ကြေစေကြောင်း။

စပါးလင်မွှေးပင်သည် ခါးသက်သောအရသာရှိပြီး လေကိုနိုင်ကာ ၀မ်းကိုသက်စေကြောင်း၊ ၀က်ရူးနာ၊ အူနှင့်ပတ်သက်သော ရောဂါတို့ကို သက်သာပျောက်ကင်းစေကြောင်း။
စပါးလင်အရွက်ကို ရေနွေးနဲ့ စိမ်သောက်ပေးရင် ၀မ်းကိုက်နာများ ပျောက်ကင်းပြီး အရွက်ကိုညှစ်ပြီး လိမ်းပေးပါက လေငန်းရောဂါများ သက်သာစေကြောင်း၊ စပါးလင်မွှေးအရွက်ကို ရေနဲ့ပြတ်ပြီး လေးခွက်တခွက်တင် ပြုတ်သောက်ရင် အဖျားရောဂါ၊ နှာစေးချောင်းဆိုးရောဂါနဲ့ လည်ချောင်းနာ ရောဂါများ ပျောက်ကင်းနိုင်ကြောင်းကို ကသာမြို့နေ တိုင်းရင်းဆေးဆရာကြီး ဦးကျော်ညွန့်က ရှင်းလင်းပြောပြခဲ့ပါသည်။ 

သပြေညို-ချစ်သန်းထွန်း
(နက္ခတ္တရောင်ခြည်-၂၀၀၉-မေလ) 

No comments: