ဆေးနည်း---
၁။ ကြခတ်ဝါးမြစ် .....၅-ကျပ်သား
၂။ ထုံး .................၁-ကျပ်သား
၃။ ထမင်းကြမ်း ...... ၃-ကျပ်သား
ကြခတ်ဝါးမြစ်ကို ဓားနှင့် နုပ်နုပ်စဉ်း၊ မှုန့်မှုန့်ညက်ညက် သီးခြားထောင်းပါ။ ပြီးမှ ထုံး၊ ထမင်းကြမ်းများနှင့် နယ်ပြီး ကြိတ်ပါ။ ကြိတ်ပြီးသော ဆေးကို နှင်းခူနာပေါ်တွင် အုံပေးပါ။
တနေ့မှာ တကြိမ်ပဲ အုံပါ။ နှစ်ရက် သုံးရက် ဆက်အုံပေးပါ။ တဖြည်းဖြည်း ပျောက်သွားပါလိမ့်မည်။
ယင်းဆေးအုံချိန် နှင်းခူနာမှ စစ်စစ် ကိုက်ခဲတတ်၏။ မကြောက်ပါနဲ့။ တဖြည်းဖြည်း ဆေးဝါးက နှင်းခူနာကို စုပ်ယူပြီး ခြောက်လျက် ကွာကျသွားပါလိမ့်မည်။
ဇော်လင်းဝေ
(နက္ခတ္တရောင်ခြည် ၂၀၀၉-မေလ)

1 comment:
thank so much
Post a Comment