Saturday, April 2, 2011

အသက်ရှည်ကြောင်း ကုသိုလ်ကောင်းမှု ဤခြောက်ခု

၁။ ရေစစ်လှူခြင်း။
၂။ ဆေးလှူခြင်း။
၃။ သီတင်းသုံးရန် ကျောင်းအဆောက်အအုံ လှူခြင်း။
၎။ ပျက်စီး ယိုယွင်း ဟောင်းမြင်းနေသော လမ်း, တံတား, အဆောက်အအုံ စသည်များ ပြင်ဆင်ခြင်း။
၅။ ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်း။
၆။ ရှစ်ပါးသီလ စသည့် ဥပုသ်သီလ ဆောက်တည်ခြင်း။

ရေစစ်,ဆေး,ကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်,အဋ္ဌ၊ သီလမည်သာ၊ ဤခြောက်ဖြာလည်း၊ ဒီဃာယုက၊ ပုညခေါ်ရိုး၊ ကျင့်တမျိုးတည့်၊ အားကြိုးသမှု၊ ဆောက်တည်ပြုက၊ ယခုဒိဋ္ဌ၊ ဤဘ၀၌၊ သုခပွားစည်၊ စည်းစိမ်တည်၍၊ သက်ရှည်ဘုန်းကြီး၊ အံ့မပြီးအောင်၊ ၀ှဲခြီးလူ့ဘောင်၊ ဘ၀နောင်လည်း၊ အခေါင်ဓိမိုင်း၊ တုမဲ့နှိုင်းသည်၊ ဖြစ်တိုင်းကျော်ရမည်ကိုကား။
(မဃဒေ၀-၂၉၁)

No comments: