Wednesday, April 6, 2011

အသည်းရောင်ရော၈ါ ကူးစက်ခြင်းမှ ကာကွယ်ရမည့် အချက်များ

အသည်းရောင် အသားဝါရောဂါ ဖြစ်စေသော ရောဂါပိုးများတွင် အသည်းရောင် အသားဝါ ဘီပိုး နှင့် စီပိုးသည် အဓိက ပါဝင်သည်။ ယင်း ဘီပိုးနှင့် စီပိုးများသည် လူတဦးနှင့် တဦး သွေးမှသော်လည်းကောင်း၊ ခန္ဓာကိုယ်တွင်း အရည်မှသော်လည်းကောင်း၊ ကူးစက်နိုင်သည်။ အသည်းရောင် အသားဝါ ဖြစ်ရာမှ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းတို့ကြောင့် သေဆုံးသည်အထိ အန္တရာယ် ရှိသည်။

သို့ဖြစ်ပါ၍ အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်အတွက် အောက်ပါတို့ကို သတိပြု ဆင်ခြင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော် ထားသည်။

၁။ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ သွားပွတ်တံ စသည်တို့ကို သီးခြား အသုံးမပြုလျှင် 
    ကူးစက်တတ်သည်ကို သတိပြုပါ။
၂။ လိုင်ဆက်ဆံရာမှ ကူးစက်တတ်သည်ကို သတိပြုပါ။
၃။ အပ်စိုက်၊ ဆေးထိုး ဆေးသွင်းရာမှ ကူးစက်တတ်သဖြင့် သန့်ရှင်းသော တခါသုံးအပ်များကိုသာ 
    အသုံးပြုပါ။
၎။ သွေးမှတဆင့် ကူးစက်မှုကို ကာကွယ်ရန်အတွက် သန့်စင်သော သွေး ရရှိရန် ဆောင်ရွက်ပါ။ 
၅။ ရောဂါ ကာကွယ်ကုသရန်အတွက် နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ပါ။

No comments: