Thursday, April 7, 2011

အနာနှင့်ဆေး သင့်အောင်ပေး ပျောက်ရေးမခက်ပါ

( ဖြူနေတဲ့ဆံပင်တွေ မည်းချင်သလား)
သင့်ခေါင်းမှာ ဆံပင်ဖြူတွေ ရှိနေပြီလား၊ အသက်အရွယ်ကြီးရင့်လာလို့ တချို့ ဆံပင်ဖြူကြပေမယ့် တချို့က အသက်အရွယ် ဘာမှမကြီးရင့်သေးဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြူနေကြတာတွေ တွေ့မြင် သတိပြုမိကြမှာပါ။ တရုတ်ရိုးရာ အနှိပ်ပညာမှာ ဆံပင်ဖြူတွေကို ပြန်မည်းစေတဲ့ နှိပ်နည်းတချို့ ရှိပါတယ်။ အဲဒီထဲကမှ မှတ်မိတဲ့တနည်းကို ပြန်လည်ဖော်ပြပေးပါမယ်။

နှိပ်ရမယ့်နည်းက မခက်ပါဘူး။ နေ့တိုင်း ညအိပ်ရာဝင်ခါနီးမှာ တကြိမ်၊ မနက် အိပ်ရာထမှာ တကြိမ် ၂-မိနစ်ကနေ ၄-မိနစ်လောက်ထိ နှိပ်ပေးရမှာပါ။ ဘယ်လို ဘယ်ပုံ နှိပေးရမှာလဲဆိုတော့ သင့်လက်ဆယ်ချောင်းစလုံးနဲ့ သင့်ဦးခေါင်းဦးရေပြားကို နဖူးစက ဦးခေါင်းထိပ်ပိုင်းထိ နှိပ်သွားပြီး ဦးခေါင်းနောက်ပိုင်းအထိရောက်အောင် ဆက်နှိပ်ပေးသွားပါ။ တမိနစ်အတွင်းမှာကို အခေါက်ခေါက် အပြန်ပြန် (အကြိမ်ပေါင်း သုံးလေးဆယ်လောက် ရအောင်) နှိပ်ပေးပါ။ 

မူလ ၄-မိနစ်ကနေ ၅-မိနစ် ၁၀-မိနစ်ထိ နေ့စဉ်ရက်ဆက် နှိပ်ကြည့်စမ်းပါလို့ တိုက်တွန်းပါတယ်။ ဒီလိုနှိပ်နှယ်ခြင်းကြောင့် သင့်ဆံပင်ဖြူတွေ ဖြူနေရာကနေ မည်းလာတာကို အံ့သြဖွယ် တွေ့မြင်ရမယ့် အပြင် ဦးရေပြားအတွင်း သွေးလည်ပတ်မှုတွေ ဇီဝရုပ်ဖြစ်ပျက်ပြောင်းလဲမှုတွေပါ ထူးခြားလာပြီး သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးမှာ အကျိုးထူးတွေ ဖြစ်ပေါ်ခံစားလာရလိမ့်မယ်လို့ ရဲရဲကြီး အာမခံပါရစေ။
*********************************************************************
( တရုတ်ရိုးရာ အစာအာဟာရ ဆေးစွမ်းကောင်းများ)
(ဆန်ပြုတ်) 
ကိုယ်ခန္ဓာအတွင်းမှာ စွမ်းအင်တွေ တိုးပွားလာစေပြီး သွေးလည်ပတ်မှု နည်းပါးအောင် သွေးကြောနံရံတွေပေါ်မှာ ကပ်ငြိနေကြမယ့် ကိုယ်လက်စထရောတွေကိုပါ ဖယ်ရှားကင်းစင်စေအောင်၊ ပြီးတော့ သွေးပေါင်ကျစေအောင် တရုတ်ရိုးရာ စားသုံးနည်းတခု-ကို ဖတ်မှတ်ထားတာ ရှိပါတယ်။ အဲဒါကတော့---

ဆန်ကြမ်း (၁၀၀ ဂရမ်) သစ်ကြားဆန် (၂၅ ဂရမ်) နှင်းပန်းဥ (၁၀ ဂရမ်) နဲ့ နှမ်းနက် (၂၀ ဂရမ်) တို့ကို ရေအသင့်အတင့်ရောပြီး ဆန်ပြုတ် ပြုတ်ရပါမယ်။ ဆန်ပြုတ်ဖြစ်လာပြီဆိုရင် ပုံမှန်သောက်သုံးပေးဖို့ပဲ ဖြစ်ပါတယ်။ 
*********************************************************************
(လက်ဖက်ရည်)
ဗီတာမင် စီ-ဟာ သွေးကြောနံရံ မပျက်ယွင်းအောင် ကာကွယ်နိုင်သလို ဗီတာမင် ပီနဲ့ ကက်တီချင်နစ်အက်ဆစ်-တို့ကလည်း သွေးကြောကို ပျော့ပျောင်းစေပါတယ်။ သီပေါ်လီဖီနော-ကလည်း ကိုလက်စထရောကို ကျစေတဲ့အပြင် အဆီဓာတ်တွေကို ကျဆင်းလျော့နည်းစေနိုင်တာနဲ့အမျှ သွေးဆီပျစ်ချွဲမှုကိုလည်း ကျဆင်းစေပါတယ်။ ကက်ဖီအင်း၊ သီအင်း-ဓာတ်တွေကလည်း ဦးနှောက် အပြင်သားနဲ့ အသက်ရှူ နာဗ်ကြောကို အားကောင်းစေတယ်။ မှတ်ဉာဏ်ကို ထက်သန်စေတယ်။ နွမ်းနယ်မှုကို ပြေပျောက်စေတယ်လို့ ဆိုပါတယ်။ 

အဲဒီ ဖော်ပြခဲ့တဲ့ ဗီတာမင်တွေ၊ ဓာတ်သဘာဝတွေဟာ လက်ဖက်ရည်၊ လက်ဖက်ခြောက်ထဲမှာ ပါဝင်နေကြတာဖြစ်တဲ့အတွက် လက်ဖက်ရည်ကြမ်းကို အသင့်အတင့် သောက်သုံးပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
********************************************************************
(အဆီဓာတ် များပြားတဲ့ ညစာ)
ညစာ စားသုံးကြတဲ့အခါ အဆီဓာတ်တွေ အများအပြားပါဝင်နေမယ်ဆိုရင် အဲဒီအဆီဓာတ်က ခန္ဓာကိုယ်တွင်း လည်ပတ်နေတဲ့ သွေးတွေကို ပျစ်ချွဲစေကာ သွေးစီးမှုကို နှေးကွေးစေတယ်လို့ သိရပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရဲ့ သွေးကြောတွေဟာ အနည်းနဲ့အများ မာကျစ်တတ်တဲ့အတွက် မနက်ခင်း အိပ်ရာကထတဲ့အခါ ဦးနှောက်သွေးလွှတ်ကြောမျှင်တွေ ပိတ်ဆို့ပြီး လေဖြတ်တတ်ပါသတဲ့။ ဒါကြောင့် အစားအသောက်ကို ဆင်ခြင်စားသုံးကြဖို့၊ တ၀ကြီး အလွန်အကျူး မစားဖို့ အဆီဓာတ်များပြားတဲ့ အစားအစာတွေကို (အထူးသဖြင့် ညစာ စားသုံးရာမှာ) မစားကြဖို့ လိုအပ်ကြောင်း တရုတ်ဆေးပညာ ရှုထောင့်ကနေ ဖော်ပြထားတာ တွေ့ရှိမှတ်သားခဲ့ရပါတယ်။
********************************************************************
(အသုံးတဲ့တည့် ကော်ဖီ)
ကော်ဖီသောက်ကြတဲ့အခါ သစ်သားခုံပေါ် အချိုရည် သကြားရည်တွေ ဖိတ်စဉ်ပြီး အစွန်းအထင်း အကွင်းအကွက်ဖြစ်ခဲ့ရင် ကော်ဖီအနည်အနှစ် ပူပူနွေးနွေးနဲ့ တိုက်ချွတ်လိုက်ပါ။ ပြီးရင် အ၀တ်စ နူးနူးညံ့ညံ့ ကလေးနဲ့ သုတ်ပေးလိုက်ပါ။ အစွန်းအထင်း အကွက်တွေ ပျောက်သွားပါလိမ့်မယ်တဲ့။ 
ထို့အတူ ပရိဘောဂတွေမှာ ခြစ်ရာ ရှရာတွေရှိခဲ့ရင်လည်း ကော်ဖီရည် အနည်းငယ်နဲ့ ခြစ်ရာ ရှာရာမှာ သုတ်လိမ်းပြီး ခြောက်သွေ့သွားတဲ့အခါ အ၀တ်အစိုစနဲ့ သုတ်လိုက်ပါတဲ့။ တကြိမ်နဲ့ မပျောက်ရင် နောက်တကြိမ် ထပ်လုပ်ဖို့လည်း လိုပါလိမ့်မယ်။

နောက်တခုက ပန်ကန်ဆေးတဲ့ ကန်အောက်က ရေထုတ်ပြွန်က နံစော်နေမယ်၊ ဆီတွေ အညစ်အကြေးတွေ ကပ်ငြိပေရေနေမယ်ဆိုရင် ကော်ဖီအနည်အနှစ်ကို ပန်းကန်ဆေးကန်ထဲသွန်ပြီး ရေလောင်းပေးလိုက်ပါတဲ့။ အနံ့ဆိုးတွေ ပြယ်ပြီး ဆီချေးတွေ ရှင်းသွားမယ်ဆိုတာ လက်တွေ့လုပ်ကြည့်ကြပေတော့။

အင်တာနက်မောင်မောင် 
(သြကာသ ၂၀၀၈-သြဂုတ်လ)

No comments: