ပဉ္စပွတ်နံ,ဂြိုဟ်နှင့်ပတ်သက်၍ သိသည့် စာရှုသူများ များစွာရှိသကဲ့သို့ မသိသေးသူများလည်း ရှိမည်ဖြစ်ရာ ပဉ္စပွတ်အကြောင်း အကျဉ်းမျှ ဖော်ပြလိုပါသည်။
ပဉ္စပွတ် ဆိုသည်မှာ မိမိလိုရာနံကို မူလပထမ အစထား၍ ရေတွက်သော် ငါးခုမြောက်ဂြိုဟ်ပင် ဖြစ်ပါသည်။
ဥပမာ-မိမိလိုရာနံသည် တနင်္ဂနွေဖြစ်သည် ဆိုပါစို့။ တနင်္ဂနွေဂြိုဟ်ကို မူလပထမ အစထား၍ရေလျှင်
တနင်္ဂနွေ(၁) တနင်္လာ(၂) အင်္ဂါ(၃) ဗုဒ္ဓဟူး(၄) ကြာသပတေး(၅) စသည်ဖြင့် အစဉ်အတိုင်းရှိရာ ငါးခုမြောက်ဖြစ်သော ကြာသပတေးသည် လိုရာနံ တနင်္ဂနွေ၏ ပဉ္စပွတ်နံ, ဂြိုဟ်ပင် ဖြစ်ပါသည်။
(၁) တနင်္ဂနွေ သားသမီးအတွက် ပဉ္စပွတ်သည် ကြာသပတေး။
(၂) တနင်္လာ သားသမီးအတွက် ပဉ္စပွတ်သည် သောကြာ။
(၃) အင်္ဂါ သားသမီးအတွက် ပဉ္စပွတ်သည် စနေ။
(၄) ဗုဒ္ဓဟူး သားသမီးအတွက် ပဉ္စပွတ်သည် တနင်္ဂနွေ။
(၅) ကြာသပတေး သားသမီးအတွက် ပဉ္စပွတ်သည် တနင်္လာ။
(၆) သောကြာ သားသမီးအတွက် ပဉ္စပွတ်သည် အင်္ဂါ။
(၇) စနေ သားသမီးအတွက် ပဉ္စပွတ်သည် ဗုဒ္ဓဟူး။

No comments:
Post a Comment