Saturday, April 9, 2011

ရွှေတိဂုံ စေတီတော် ဘုရားရှိခိုး

အောင်ကြောင်းမင်္ဂလာ၊ အောင်ဇေယျာတည့်၊
မဟာမုနိ၊ တုမရှိလျှင်၊
ဗောဓိညောင်ရွှေ၊ ပလ္လင်မြေမှ၊
လှည့်ချွေစိုးစံ၊ သတ္တံဌာနံ၊
ခက်လျှံညွန့်ဝေ၊ လင်းလွန်းမြေ၀ယ်၊
နေစဉ်အခါ၊ ဥက္ကလာမှ၊ 
ကမ္ဘာထူးလှ၊ တပုဿနှင့်၊ 
ဘလ္လိကမောင်၊ ညီနှင့်နောင်တို့၊
ဘုန်းခေါင်ထံပါး၊ ရောက်လာငြား၍၊
နှစ်ပါးမွှေးထုံ၊ သရဏဂုံနှင့်၊
ရှစ်စုံဆံမြတ်၊ သရီဓာတ်ကို၊ 
ရလတ်သောခါ၊ မင်းမြတ်စွာနဲ့၊
ဒေ၀ါအများ၊ မိုးသိကြားတို့၊
ကြိုးစားမယုတ်၊ လွန်အားထုတ်၍၊
သိင်္ဂုတ်တောင်တွင်၊ တိဂုံရှင်ကို၊
ဖူးမြင်စေငှါ၊ ဌာပနာ၏။
ရှေးခါရိပ်မြုံ၊ စံကြတုံသည်၊
သံ-ဂုံ-ပ-ရှင်၊ ထွတ်သခင်တို့၊
နောင်လျှင်မျှော်ဆ၊ ကောင်းကျိုးရဖို့၊
ဓမ္မကရိုဏ်၊ ခြောက်ရောင်ဆိုင်နှင့်၊
သင်းပိုင်ရေသနုပ်၊ ဆန်းစွာလုပ်သည့်၊
လက်ဆုပ်တောင်ဝှေး၊ ဂုဏ်ရောင်ပြေးလျက်၊ 
ကြိုင်မွှေးပျံ့သင်း၊ ဤတောင်မင်း၌၊
သီတင်းသုံးရာ၊ မှန်ခဲ့ပါ၏။
လေးဖြာစုပုံ၊ လေးဓာတ်စုံသား၊
တိဂုံဆံရှင်၊ မြတ်သခင်ကို၊
အိပ်လျှင်ရှိခိုး၊ နိုးလျှင်ဓိဋ္ဌာန်၊
ပြန်နိဗ္ဗာန်ကို၊ အမှန်ရောက်ရပါလိုသော မြတ်ရှင်စော၊
သြကာသ-သြကာသ-သြကာသပါဘုရား။

No comments: