Tuesday, April 5, 2011

လစဉ် ဟောစာတမ်း ( ဧပြီလ- ၂၀၁၁ )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဧပြီလ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေနေလိမ့်မယ်။ လုပ်သလောက် အကျိုးရှိနေတုံး အချိန်ကို အလဟဿ မဖြုန်းတီးပါနဲ့။ လာဘ်လာဘတွေလဲ ရွှင်နေတတ်တယ်။ ၀န်းကျင်အသိုင်းအ၀ိုင်းထဲမှာလဲ ကိုယ်က မျက်နှာ သာနေတယ်။ ငွေတွေရွှင်သလို အိမ်ထောင်ဘက်က ပြဿနာလုပ်လိမ့်မယ်။ 

ကျန်းမာရေး=သင့်ပါတယ်။   
ယတြာ=ကြာပန်း ကြာဖူး ဘုရားလှူ၍ လိုရာဆုတောင်းပါ။   
*****************************************************************************

( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ကောင်းသလို လခစားဆိုရင် ရာထူးတိုးလိမ့်မယ်။ ခရီးယာယီကိန်းတွေလဲ ကောင်းတယ်။ လွတ်လပ်သူဆိုရင် အိမ်ထောင်ရေး ကျတတ်တယ်။ ချစ်သူခင်သူတွေ ရလိမ့်မယ်။ 
ကျန်းမာရေး=ကောင်းပါတယ်။  
ယတြာ=အိပ်ယာ ရွှေ့အိပ်လိုက်ပါ။    
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ စိတ်ကူးကြံစည်သမျှတွေ အကောင်အထည် ပေါ်လာလိမ့်မယ်။ ငွေဝင်တွေလဲ ကောင်းနေတတ်တယ်။ သတိထားရန်။ မိတ်ဆွေရင်းက မုန်းတီးတတ်သလို သူခိုးရန်လဲ သတိထားပါ။ 
ကျန်းမာရေး=ဆွေမျိုးသားရင်း အကြီးအကဲ နေထိုင်မကောင်း ဖြစ်တတ်တယ်။
ယတြာ=မကြာမကြာ အဓိဋ္ဌာန်နဲ့ သက်သတ်လွတ် စားပါ။  
********************************************************************************

( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အတွက် စိတ်ညစ်စရာ ပေါ်နေလိမ့်မယ်။ စိတ်အေးအေး ထားပါ။ လာဘ်လာဘတွေ ရွှင်နေလိမ့်မယ်။ ထီတွေဘာတွေလဲ ပေါက်တတ်တယ်။ 
ကျန်းမာရေး=ဦးခေါင်းနဲ့ ၀မ်းရေ ဒုက္ခပေးသလို မျက်စိအားနဲနေမယ်။ 
ယတြာ=ကြာပန်း ၁၂-ပွင့်၊ သစ္စာပန်း ၆-ပွင့်ကို ဘုရားလှူ၍ လိုရာဆုတောင်းပါ။ 
*******************************************************************************

( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းအပြောင်းအရွှေ့ မလုပ်ပါနဲ့။ သတိထားပါ။ ငွေရေးကြေးရေး သောကများနေသလို မြေကိစ္စ, အမွေကိစ္စတွေနဲ့လဲ စကားများရတတ်တယ်။ အိမ်ထောင်ဘက်ရဲ့  အထင်လွဲခြင်းလဲ ခံရတတ်တယ်။ 
ကျန်းမာရေး=မကြာခဏ ဦးခေါင်းကိုက်လိမ့်မယ်။  
ယတြာ=ကြာသပတေးနေ့ ညနေ (၃)နာရီမှာ ခွေးကို လမ်းပေါ်ခေါ်၍ စမူဇာ (၅)ခု ကျွေးပါ။ 
********************************************************************************

( စနေ )
မိတ်ဆွေ ဒီလထဲမှာ အောင်မြင်မှုတွေ ရပြီး လာဘ်လာဘတွေ ရွှင်နေလိမ့်မယ်။ ထီတွေ ဘာတွေလဲ ပေါက်တတ်တယ်။ မမျှောင်လင့်ဘဲ ငွေတွေ ၀င်လာတတ်တယ်။ 
ကျန်းမာရေး=ဦးခေါင်းကိုက်မယ်၊ ခေါင်းမူးမယ်၊ ၀မ်းတွေ ပျက်တတ်တယ်။ 
ယတြာ=တနင်္လာနေ့မှာ ဆင်းတုတော်ကို အမွှေးနံ့သာနဲ့ ရေသပ္ပယ်ပါ။   
********************************************************************************

( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေပင်ပန်းပြီး အကျိုးမရှိသလို ဖြစ်နေပြီး အလုပ်တွေကလဲ တပိုင်းတစနဲ့ ငွေကြေးလဲ သောကများနေတယ်။ လုပ်ငန်းပြောင်းရွှေ့လုပ်ခြင်း သတိထားပါ။ အိမ်ထောင်ဘက်ကလဲ အဆင်မပြေ ဖြစ်နေတယ်။ 
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်လိမ့်မယ်။   
ယတြာ=အသက်ကြီးတဲ့ လူမမာကို ဆေးဘိုးဓာတ်စာလှူပါ။   

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: