Wednesday, May 4, 2011

လစဉ် ဟောစာတမ်း ( မေလ ၂၀၁၁ )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မေလ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
 
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ တပိုင်းတစ ဖြစ်နေတတ်သလို အကျိုးခံစားမှုလဲ နည်းနေတတ်တယ်။ ဟိုဟာ လုပ်ရာမှာလို, ဒီဟာလုပ်ရမှာလိုနဲ့ အချိန်တွေကုန်နေတတ်တယ်။ လုပ်ငန်းအသစ်ကို မပြောင်း သင့်ပါ။ ငွေအတွက် သောကများနေတယ်။ ကျန်းမာရေးလဲ ညံ့တယ်။ 

ကျန်းမာရေး=ညံ့တယ်။   
ယတြာ=မွေးနေ့တွင် သက်သတ်လွတ်စား၍ ကော်ဖီတခွက်နဲ့ ကိတ်မုန့် ၉-ချပ် ဘုရားလှူပါ။ 
  
*****************************************************************************

( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေနေလိမ့်မယ်။ အလှူအတန်းတွေလဲ လုပ်ရတတ်တယ်။ မမျှော်လင့်တဲ့ဆီက ငွေတွေလဲ ၀င်တတ်တယ်။ ကားအသစ်လဲ ၀င်တတ်တယ်။ အိမ်ထောင်ရေး ပြဿနာတော့ သတိထားပါ။ 
ကျန်းမာရေး=ကောင်းပါတယ်။  
ယတြာ=ကြာပန်းအဖြူရောင် ဘုရားလှူပါ။     
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ အကြီးအကဲတွေရဲ့ ကူညီစောင်မမှုတွေ ခံရတတ်တယ်။ လုပ်ငန်းတွေ တိုးတက်မယ်။ ရာထူးလဲ မြင့်တတ်တယ်။ လာဘ်လာဘတွေ ရွှင်မယ်။ လွတ်လပ်သူများ သတိထားပါ။ အိမ်ထောင်ကျတတ်တယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့လဲ တွေ့ရတတ်တယ်။ 
ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=အိပ်ရာ ရွှေအိပ်လိုက်ပါ။   
********************************************************************************

( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်အတွက် စိတ်ညစ်စရာတွေ ပေါ်တတ်တယ်။ လခစားအလုပ်ဆိုရင် ထွက်ချင်စိတ် ပေါ်တတ်တယ်။ မထွက်ပါနဲ့။ အိမ်ထောင်ရေး သတိထားပါ။ မျက်နှာ သိပ်ပွင့်နေတယ်။ 
ကျန်းမာရေး=ဦးခေါင်းနဲ့ ၀မ်းရေ ဒုက္ခပေးမယ်။  
ယတြာ=မိမိအိမ်က ဘုရားကို တနင်္လာနေ့မှာ အမွှေးနံ့သာနဲ့ ရေသပ္ပါယ်ပါ။ 
*******************************************************************************

( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ ငွေကြေးတွေ ဆုံးတတ်တယ်။ သတိထားပါ။ ငွေအတွက် သောကရောက်ရတတ်တယ်။ သူခိုး ခိုးခံရကိန်း မြင်တယ်။ ဖြေရှင်းစရာ ပြဿနာတွေ ပေါ်တတ်သလို လုပ်ငန်းတွေ ထိခိုက်တတ်တယ်။ 
ကျန်းမာရေး=မကြာခဏ ညံ့နေတယ်။
ယတြာ=ဗုဒ္ဓေါ ဆိုတဲ့ဂုဏ်တော်နဲ့ အဓိဋ္ဌာန် ပုတီးစိပ်ပါ။ 


********************************************************************************

( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ တိုးချဲ့ရတတ်တယ်။ လုပ်ငန်းတိုးတက်တာမျိုး ရာထူးတိုးတာမျိုးလဲ ကြုံရတတ်တယ်။ ပတ်ဝန်းကျင်မှာ တန်ခိုးသြဇာတွေ မြင့်တက်လာမယ်။ ဂုဏ်သတင်းတွေ ကျော်ကြားလာမယ်။ လူမျိုးခြား ဘာသာခြားတို့ရဲ့ ကူညီမှုကို ခံရတတ်တယ်။ သတိထားပါ အလွန်ရင်းနှီးတဲ့ မိတ်ဆွေရဲ့ အထင်လွှဲ မုန်းတီးမှုကို ခံရတတ်တယ်။ 
ကျန်းမာရေး=ဆွေမျိုး အကြီးအကဲ နေထိုင်မကောင်း ဖြစ်တတ်တယ်။
ယတြာ=ဗုဒ္ဓဟူးနေ့မှာ ရှောက်သီးသုပ် ဆွမ်းတော်ကပ်ပါ။ 
  
********************************************************************************

( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေနေလိမ့်မယ်။ ငွေရှိတဲ့သူတွေရဲ့ ကူညီစောင်မမှုတွေ ခံရမယ်။ အများရဲ့ ကြည်ညိုလေးစားမှုတွေလဲ ခံရမယ်။ လုပ်ငန်းသစ်တွေ စရမယ်။ မမျှော်လင့်တဲ့ဆီက ငွေတွေဝင်တတ်တယ်။ 
ကျန်းမာရေး=သင့်ပါတယ်။     
ယတြာ=လောက၀ိဒူ ဂုဏ်တော်ကို မွေးနေ့တိုင်းတွင် ပုတီးစိပ်ပါ။ 
  

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: