Wednesday, May 18, 2011

ဆီးချိုရောဂါ ကာကွယ်ဖို့

ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အချက်အလက်များ---
၁။ မိသားစု(မိဘ၊ မောင်နှမ)တွေမှာ ဆီးချိုရောဂါရှိနေခြင်း။
၂။ အသက် ၄၀-ကျော်သူဖြစ်ခြင်း (အမျိုးအစား ၂-ဆီးချိုရောဂါဟာ အသက်ငယ်သူတွေမှာ   
    အဖြစ်မျာေးနပေမယ့်)
၃။ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစာစားခြင်း (အချိုနဲ့ အဆီ များတဲ့အစာ စားခြင်း)
၎။ အ၀လွန်ခြင်း (အထူးသဖြင့် ၀မ်းဗိုက်မှာ အဆီများခြင်း)
၅။ သွေးတိုးရောဂါရှိခြင်း၊ သွေးတိုး ကိုလက်စထရော မြင့်နေခြင်း။
၆။ ဆေးလိပ်သောက်ခြင်း (သွေးတွင်း သကြားဓာတ်ကို ထိန်းသိန်းရခက်ခြင်း)
၇။ ကိုယ်ဝန်ဆောင်နေစဉ် (မွေးကင်းစ အလေးချိန် ၉-ပေါင်နဲ့ အထက်ရှိခြင်း)

သင့်မှာ ဆီးချိုရောဂါ ရှိနေပြီလား---
လူအများစုမှာ အမျိုးအစား ၂-ဆီးချိုရောဂါရှိနေကြပြီး ဝေဒနာဟာ တဖြည်းဖြည်းသာ ဖြစ်ပေါ်တတ်တဲ့ အတွက် ရောဂါရှိမှန်း မသိကြပါဘူး။ တချို့မှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဆီးချိုရောဂါဖြစ်ရင် သိနိုင်တဲ့လက္ခဏာတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
၁။ ဆီးသွားများခြင်းနှင့် ရေငတ်ခြင်း။
၂။ ဘာကြောင့်မှန်းမသိဘဲ မောပန်းနေခြင်း၊ (ဂလူးကို့စ်မှ စွမ်းအင်အဖြစ် မပြောင်းလဲနိုင်ပါ)
၃။ ရောဂါပိုးဝင်ခြင်း၊ ဥပမာ-မှက္ခရု ပေါက်ခြင်း၊ ဒါမှမဟုတ်-ပေါင်ခြံ ယားယံခြင်း၊ (
    ဆီးထဲမှာ သကြားပါဝင်မှုများတာဟာ ရောဂါပိုးကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါတယ်)
၎။ မျက်စိအမြင်ေ၀၀ါးခြင်း၊ ဒါမှမဟုတ်-အမြင်အာရုံ အနှာင့်အယှက်ဖြစ်ခြင်း၊ 
   (သွေးတွင်း သကြားဓာတ်များတာကြောင့် မျက်မြင်လွှာ Cells တွင်း အောက်ဆီဂျင်ရောက်ရှိမှု  
   နည်းသွားပြီး မျက်ကြည်လွှာကို ပျက်စီးစေပါတယ်။
၅။ ခြေထောက်နဲ့ လက်တွေမှာ ထုံခြင်း၊ ဒါမှမဟုတ်-ကျဉ်ခြင်း၊ (ဆီးချိုရောဂါကို မထိန်းသိမ်းနိုင်ခဲ့တာ 
   အချိန်ကြာလာရင် ခန္ဓာကိုယ်တခုလုံးရှိ အာရုံကြောများ ပျက်စီးသွားပါတယ်)
၆။ အနာတွေ အကျက်နှေးခြင်း၊( ဆီးချိုရော၈ါဟာ ခန္ဓာကိုယ်ရဲ့ အနာကျက်မှုပေါ် အကျိုးသက်ရောက်မှု 
   ရှိပါတယ်)
၇။ ခန္ဓာကိုယ် အလေးချိန် များလာခြင်း၊ ဒါမှမဟုတ်-နည်းသွားခြင်း၊ (ကိုယ်တွင်းမှ ထွက်သွားတဲ့ 
    အရည်တွေနဲ့ သကြားတွေအတွက် ယခင်ကထက် ပိုပြီးအစာစားရတာကြောင့် ကိုယ်အလေးချိန် 
    တိုးလာပါတယ်)။ အလေးချိန်လျော့ရတာဟာ ခန္ဓာကိုယ်မှ ကြွက်သားတွေကြီးထွားဖို့ ဂလူးကို့စ် 
    လုံလုံလောက်လောက် မရလို့ပါ။ 

ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲ ပြဿနာများ---
သွေးထဲမှာ ဂလူးကို့စ် များစွာရှိတာဟာ သွေးကြောတွေ၊ အာရုံကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးစေနိုင်ပါတယ်။ သင့်သွေးတွင်း ဂလူးကို့စ်အဆင့် အနည်းငယ် မြင့်တက်နေရင် ရေတိုအနေနဲ့ ဘာဝေဒနာမှ သင်မခံစားရပေမယ့် ရေရည်မှာ ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်မှုတွေ များစွာရှိပါတယ်။

သွေးကြောကြီး အခြေအနေ (နှလုံးသွေးကြော) Macrovascular Condition
သကြားဓာတ် ထိန်းသိမ်းမှုမကောင်းရင် သွေးကြောတွေ ကျဉ်းမြောင်းသွားပြီး နှလုံးတွင်း သွေးစီးဆင်းမှု နည်းကာ Angina(နှလုံးသွေးကြော ပိတ်ဆို့ခြင်းကြောင့် ၀ဲဘက် လက်မောင်တ၀ိုက်နဲ့ ရင်ဘတ်ထဲ နာကျင်ခြင်း) ဖြစ်တတ်ပါတယ်။ နှလုံး ဒါမှမဟုတ်-ဦးနှောက်တွင်းရှိ သွေးကြောတွေမှာလည်း လုံးဝ ပိတ်ဆို့မှုတွေ ဖြစ်သွားနိုင်ပြီး နှလုံးတိုက်ခိုက်ခံရတာ ဒါမှမဟုတ်-လေဖြတ်တာတွေ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ နှလုံးရောဂါ ဒါမှမဟုတ်-လေဖြတ်တာကြောင့် သေဆုံးမှု ငါးဆပိုများပါတယ်။

သွေးကြောငယ် အခြအနေ (Microvascular condition)
မျက်လုံး၊ အာရုံကြော၊ ကျောက်ကပ်တွင်းရှိ သွေးကြောငယ်တွေရဲ့ နံရံတွေ ထူလာပြီး အားနည်းလာပါတယ်။
မျက်မြင်လွှာတွင်း သွေးကြောတွေ ပိတ်ဆို့မှုဖြစ်ရင် အလင်းရောင် ဖြတ်သန်းမှုလည်း ပို့ဆို့တတ်ပါတယ်။ မကုသဘဲထားရင် မျက်စိအမြင် ကွယ်သွားနိုင်ပါတယ်။ သွေးတွင်း သကြားအဆင့်မြင့်တာနဲ့ သွေးပေါင်ချိန်များတာကြောင့် ကျောက်ကပ်ပျက်စီးပြီး ဆီးတွင်းပရိုတင်းဓာတ်တွေ စိမ့်ဝင်သွားပါတယ်။ အညစ်အကြေးတွေနဲ့ ရေပိုတွေဟာ ဆီးအဖြစ် စွန့်ထုတ်ရမယ့်အစား သွေးတွင်းမှာ စုလာပါတယ်။

ဆီးချိုရောဂါဆိုတာ ဘာလဲ---
ဆီးချိုရောဂါအကြောင်း နားလည်ဖို့အတွက် သင်ခန္ဓာကိုယ်ဟာ စွမ်းအင်အတွက် သကြားတမျိုးဖြစ်တဲ့ ဂလူးကို့စ်ပေါ် မှီခိုနေရတာကို သိရှီဖို့ လိုပ်အပ်ပါတယ်။ သင် စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ် (ဆန်၊ ပေါင်မုန့်၊ အာလူးမှစပြီး ပန်းသီးအထိ အစာတွေအားလုံး) တွေဟာ ခန္ဓာကိုယ်တွင် ဂလူးကို့စ်အဖြစ် ပြောင်းလဲသွားကာ သွေးတွင်းသို့ ၀င်ရောက်သွားပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်လာရင် မုန့်ချိုအိတ် (ပန်ကရိယ)မှ အင်ဆူလင်ဟော်မုန်းတွေ ထွက်လာဖို့ အချက်ပေးပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ သွေးထဲမှ ဂလူးကို့စ်တွေကို ဆဲလ်တွေစုပ်ယူအောင် ညွှန်ပြပေးပါတယ်။

အင်ဆူလင် ထုတ်လုပ်မှုလုပ်ငန်း လုံးဝ ပိတ်ပင်သွားရင် အမျိုးအစား ၁-ဆီးချိုရေဂြါ ဖြစ်ပေါ်လာပါတယ်။ ခန္ဓာကိုယ်က အင်ဆူလင် လုံလုံလောက်လောက် မထုတ်ပေးနိုင်ရင် ဒါမှမဟတု-ဆဲလ်တွေက အင်ဆူလင်ကို ခံနိုင်ရည်ရှိသွားရင် အမျိုးအစား ၂-ဆီးချိုရောဂါဟာ အဖြစ်များတဲံ ဆီးချိုရော၈ါပါ။ သွေးတွင်း သကြားဓာတ်တွေဟာ အချိန်ကြာမြင့်စွာ မြင့်မားနေခဲ့ရင် နှလုံးရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တာနဲ့ အမြင်ကွယ်တာတွေ ဖြစ်နိုင်ခြေ များလာပါတယ်။

ဆီးချိုရောဂါ သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ နံနက် အိပ်ရာထ ဘာအစာမှ မစားခင် သွေးစစ်ရပါတယ်။ Fasting Blood Sugar အဆင့် ၁၂၆ mg/dl ထက် များရင် ဆီးချိုရောဂါ ရှိနေပါတယ်။ ၁၀၀-မှ ၁၂၅ mg/dl ရှိရင် ဆီးချိုအကြို (Prediabetic) ဝေဒနာ ဖြစ်နေပြီး ဆီးချိုဖြစ်နိုင်ခြေ ရှိပါတယ်။ အကောင်းဆုံး သွေးသွင်းသကြားအဆင့်ဟာ ၁၀၀-mg/dl ထက် နည်းတာပါ။ 

ဆီးချိုရောဂါ ဖြစ်နိုင်ခြေများတဲ့ အစာလေးမျိုး---
၁။ အချိုရည်များ
ဆော်ဒါအချိုရည်တွေနဲ့ သစ်သီးဖျော်ရည် များများသောက်သူတွေဟာ အမျိုးအစား၂-ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများတယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်မှ အမျိုးသမီးပေါင်း ၉၁၀၀၀-ကို လေ့လာအပြီးမှာ တွေပရှိခဲံပါတယ်။ တွေ့ရှိချက်အရ သကြားလုံး လုံးဝမစားရဘူးလို့ အဓိပ္ပါယ်ရတာ မဟုတဘူးလို့ ဆိုပါတယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ်-ဆီးချိုအကြို ဖြစ်နေရင် အမေရိကန် ဆီးချိုအသင်းရဲ့ အဆိုအရ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေထဲမှာ သကြားကို အသင့်အတင့် ထည့်စားလို့ရတယ်လို့ အကြံပေးထားပါတယ်။ သကြားဟာ နေ့စဉ်ရရှိတဲ့ ကယ်လိုရီ ၁၀-ရာခိုင်နှုန်းထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ တနေ့ကို ၂၀၀၀-ကယ်လိုရီစားရင် သကြား လက်ဖက်ရည်ဇွန်းနဲ့ ၁၂-ဇွန်းသာ စားပါ။ ပုံမှန်အနေနဲ့ တနေ့ကို သကြား လက်ဖက်ရည်ဇွန်း ၃၁-ဇွန်း ရရှိတယ်လို့ ဆိုပါတယ်။

၂- အရက်ဖျော်ရည်
ဆွီဒင်မှ လေ့လာမှုအရ တနေ့ကို အရက် အသင့်အတင့် (တဖန်ခွက်နှင့် တ၀က်စာ ၀ိုင်အရက်) သောက်တာကြောင့် အမျိုးအစား ၂-ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့သွားတယ်လို့ သိရပါတယ်။ တနေ့ကို နှစ်ဖန်ခွက်ထက် ပိုသောက်ရင်တော့ ရောဂါဖြစ်နိုင်ခြေ သုံးဆနီးပါး ပိုသွားတယ်လို့ ဖော်ပြထားပါတယ်။

၃။ အဆင်သင့် စားလို့ရတဲ့ အစာ (Fast Food) အဆင်သင့် စားလို့ရတဲ့အစာတွေ အစားများတာကြောင့် ဆီးချိုရောဂါဖြစ်ရတဲ့ အဓိကအကြောင်းးရင်း ဖြစ်တဲ့ အ၀လွန်မှုတွေ ဖြစ်တတ်ပါတယ်။ ဘာဂါ၊ အာလူးချောင်းကြော်နဲ့ ကြက်သား ဆင်းဒ၀စ် အစရှိတဲ့ အဆင်သင့်စားလို့ရတဲ့ အစာတွေမှာ ထပ်ပြန်ကြော်ဆီ(Transfat)တွေ ပါဝင်ပါတယ်။ Transfat ဟာ ဆီးချိုရောဂါနဲ့ ဆက်နွယ်နေတဲ့ ရောင်၇မ်းမှုဖြစ်စဉ်ကို တိုးပွားစေပါတယ်။ Transfatမှာပါတဲ့ ကယ်လိုရီများ၊ ကစီ၊ သကြား၊ အာလူးနဲ့အတူ အရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် နည်းနည်းသာ ပါဝင်ာတွေကြောင့် အဆင်သင့်စားလို့ရတဲ့ အစောတွဟာ ဆီးချိုရောဂါဖြစ်အောင် ပြည့်ပြည့်စုံစုံ လုပ်ပေးသလို ဖြစ်သွားပါတယ်။


၎။ ၀က်ပေါင်ခြောက်နဲ့ ၀က်အူချောင်း
အမျိုးသမီးပေါင်း ၃၇၀၀၀-ကို လေ့လာအပြီးမှာ တပတ်ကို ၀က်ပေါင်ခြောက် နှစ်ကြိမ် စားသူတွေဟာ တပတ်ကို တကြိမ်ထက်နည်းပြီး စားသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၁၇-ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။ ၀က်အူချောင်းပါဝင်တဲ့ Hotdog ကို တပတ်နှစ်ကြိမ်စားရင် ရောဂါဖြစ်နိုင်ခြေ ၂၄-ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

ဒေါက်တာ ခင်မိုးမိုး



No comments: