Friday, June 17, 2011

လစဉ် ဟောစာတမ်း ( ဂျွန်လ ၂၀၁၁)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဂျွန်လ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လာဘ်လာဘတွေ ကောင်းပါတယ်၊ အင်္ဂါနံ စက်တွေ စိန်တွေ ဝင်တတ်တယ်၊ ရာထူးတွေလဲ တိုးတတ်တယ်၊ လွတ်လပ်တဲ့သူ ဆိုရင် ချစ်သူရတတ်တယ်၊ ကျန်းမာရေး အချစ်ရေး အားလုံး ကောင်းပါတယ်။ 

ကျန်းမာရေး=ကောင်းတယ်။   
ယတြာ=မိမိမွေးနေ့တွင် ဆီမီးသက်စေ့လှူ၍ လိုရာဆု တောင်းပါ။ 
  
*****************************************************************************

( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ ခရီးဝေး ခရီးနီးတွေ သွားလာလှုပ်ရှားရတတ်တယ်၊ မိတ်ဟောင်း ဆွေကောင်းတွေနဲ့လဲ ပြန်လည်ဆုံတွေ့ရတတ်တယ်၊ အထက်လူကြီးတွေရဲ့ ကူညီစောင်မမှုတွေလဲ ခံရတတ်တယ်။ မိတ်ကောင်းဆွေကောင်းတွေလဲ ရတတ်တယ်။ အချစ်ရေးမှာ စမ်းပွင့်နေတယ်။ 
ကျန်းမာရေး=သင့်ပါတယ်။  
ယတြာ=မွေးနေ့တွင် မုန့်ဆီကြော် ဘုရားကပ်လှူပါ။     
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ ကိုယ်ပိုင်လုပ်ငန်းတွေ တိုးချဲ့ရလိမ့်မယ်။ ငွေတွေလဲ တသောသောဝင်ပြီး ဒလဟော ထွက်နေတတ်တယ်၊ သတိထားပါ။ ရင်းနှီးတဲ့မိတ်ဆွေရဲ့ မုန်းတီးမှုကိုလဲ ခံရတတ်တယ်။
ကျန်းမာရေး=အရေပြားမှာ အဖုအပိမ့် ထွက်တတ်တယ်။ 
ယတြာ=မကြာမကြာ မွေးနေ့တိုင်း သက်သတ်လွတ်စား၍ အဓိဋ္ဌာန်နဲ့ ပုတီးစိပ်ပါ။
********************************************************************************

( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ ဗျာများမနေပါနဲ့၊ လုပ်ကိုင်မြဲအလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ပါ။ တခြားအလုပ်ကို ပြောင်းချင်တဲ့စိတ်ကို ခဏဖြေဖျောက်လိုက်ပါ၊ စီးပွားရေးကလဲ နဲနဲညံ့တယ်၊ အမှုအခင်း သတိထားပါ။
ကျန်းမာရေး=ခြေထောက်မှာ ဥပါဒ်ပေးတတ်တယ်။ 
ယတြာ=ကြာပန်းအဖြူရောင် ဘုရားကပ်လှူပါ။ 
 
*******************************************************************************

( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ ဝင်ငွေတွေတော့ အသင့်အတင့် ကောင်းပါတယ်။ သို့သော် လုပ်ငန်းမှာ အခက်အခက်တွေနဲ့ ကြုံရသလို အလုပ်ကလဲ ပင်ပန်းနေတတ်တယ်။ ငွေတွေ ဘာတွေ ပျောက်တတ်တယ်၊ သတိထားပါ။ တပါးသူရဲ့ မကောင်းသတင်းတွေလဲ အလွင့်ခံရတတ်တယ်။ 
ကျန်းမာရေး=ဝမ်းရေ၌ ဥပါဒ်ပေးမယ်။ 
ယတြာ=အရဟံ ဂုဏ်တော်ကို မွေးနေ့တိုင်း ကိုးပါတ်စိပ်ပါ။ 


********************************************************************************

( စနေ )
မိတ်ဆွေ ဒီလထဲမှာ လာဘ်လာဘတွေ ရွှင်နေပြီး ဝင်ငွေထွက်ငွေ မမျှဖြစ်နေတတ်တယ်၊ မိမိဆွေမျိုးသားချင်းထဲမှ သတင်းကောင်းတွေ ကြားရတတ်တယ်၊ ရာထူးဂုဏ်ထူးတွေလဲ ရတတ်သလို ခရီးအသွားအလာ နဲနဲများနေမယ်၊ 
ကျန်းမာရေး=ခြေတွေလက်တွေ ကိုက်ခဲနေလိမ့်မယ်။
ယတြာ=မိမိမွေးနေ့မှာ အမွေးနံ့သာနဲ့ ဘုရားကို ရေသပ္ပါယ်ပါ။ 
  
********************************************************************************

( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ ခရီးတွေ များနေတတ်တယ်၊ လာဘ်လာဘတွေလဲ ကောင်းပါတယ်၊ အထက်လူကြီး ဆရာသမားလို ပုဂ္ဂိုလ်တွေရဲ့ ကူညီစောင့်ရှောက်မှုကိုလဲ ခံရတတ်တယ်။ လူချစ်လူခင်ပေါပြီး စမ်းပွင့်နေတယ်။ 
ကျန်းမာရေး=သွားကိုက်သွားနာ ဖြစ်တတ်တယ်။     
ယတြာ=မိမိရဲ့ မွေးနေ့တွင် အိပ်ရာ ရွှေ့အိပ်ပြီး ဆင်းရဲနွမ်းပါးသူကို ကူညီပါ ထောက်ပံ့ပါ။ 
  

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: