ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဂျူလိုင်လ ၂၀၁၁ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေမယ်၊ လူမျိုးခြား ဘာသားခြားတွေရဲ့ ကူညီစောင်မမှုတွေ ရရှိမယ်၊ လုပ်ငန်းတိုးတက်တာမျိုး ရာထူးတိုးတာမျိုး ကြုံတွေ့ရတတ်တယ်။ ဂုဏ်သတင်းတွေ ကြော်ကြားလာမယ်၊
ကျန်းမာရေး=မျက်နှာပြင်မှာ ထိခိုက်တတ်တယ် သတိထားပါ။

ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ် စားပါ၊ အဓိဋ္ဌာန် ပုတီးစိပ်ပါ။
*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်း ကိုင်ငန်းတွေမှာ အတိုက်အခံလေးတွေ ရှိနေတတ်တယ် သတိထားပါ။ လူမျိုးခြား ဘာသာခြားတွေကတော့ ကူညီ မ,စတတ်ပါတတ်၊ လုပ်ငန်းမှာ နေရာကောင်းတွေ ရတတ်တယ်၊
ကျန်းမာရေး=အရေပြားမှာ အထုအပိန့်လေးတွေ ထွက်တတ်တယ်။
ယတြာ=တနင်္ဂနွေနေ့ ညနေတိုင်း မိမိအိမ်မှ ဘုရားကို ဆီမီးသက်စေ့လှူပါ။
*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ မမျှော်လင့်တာတွေ ရုတ်တရက်ဖြစ်လာတတ်တယ်၊ မျက်နှာလဲ ပွင့်တယ်၊ လုပ်ငန်းတိုးတက်တာမျိုး ရထူးတိုးမျိုးလဲ ကြုံရတတ်တယ်၊ မမျှော်လင့်ဘဲ ငွေတွေ အစုလိုက်ဝင်တာမျိုး ထီပေါက်တာမျိုးလဲ ကြုံရတတ်တယ်။
ကျန်းမာရေး=မျက်စိမှာ ဥပါဒ်ပေးမယ်။
ယတြာ=အမွှေးနံ့သာနဲ့ မိမိအိမ်မှ ဘုရားကို တနင်္လာနေ့မှာ ရေသပ္ပါယ်ပါ။
********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်မပြေ နှေးကွေးကြန့်ကြာနေမယ်၊ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတတ်တယ်၊ တပည့်လက်သားတွေလဲ ကိုယ့်ဆီက ထွက်သွားတတ်တယ်၊ ငွေကြေးတွေ ဆုံးပါးတတ်တယ် သတိထားပါ။ အချစ်ရေး အိမ်ထောင်ရေး ညံ့နေတယ်။
ကျန်းမာရေး=သွားနဲ့ပတ်သက်လို့ ဥပါဒ်ပေးမယ်။
ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စား၍ အဓိဋ္ဌာန်ပုတီးကို ၉-ပါတ်စိပ်ပါ။
*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေ ကောင်းမွန်မယ်၊ လုပ်ငန်းတွေလဲ အသစ်ချဲ့ထွင်တာမျိုး ဖြစ်တတ်တယ်၊ အများရဲ့ ကူညီစောင်မမှုတွေလဲ ခံရတတ်တယ်၊ လူချစ်လူခင် များမယ်၊ ဆုံးပြီးသားတွေ ပြန်ရတတ်တယ်။ အချစ်ရေး အိမ်ထောင်ရေး ညံ့တယ်။
ကျန်းမာရေး=သင့်တယ်။
ယတြာ=ဘုရား ရင်ဘတ်တော်တွင် ရွှေပြား ၁၂-ချပ် ချပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ပြောင်းချင်စိတ် ပေါ်တတ်တယ်၊ အိမ်မှာနေရတာ မပျော်ပိုက် ဖြစ်နေတတ်တယ်၊ မိမိငွေတွေလဲ သူတပါးထံ ရောက်နေတတ်တယ်၊ ငွေအတွက် သောကများနေ
တတ်တယ်၊ သတိထားပါ။
တတ်တယ်၊ သတိထားပါ။
ကျန်းမာရေး=ခါး ခြေထောက် နာကြဉ် ကိုက်ခဲတာတွေ ဖြစ်တတ်တယ်။
ယတြာ=မွေးနေ့တိုင်း ဗုဒ္ဓေါ ကို ပုတီး ၉-ပါတ်စိပ်ပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းသစ်တွေ စရလိမ့်မယ်၊ လာဘ်လာဘတွေ ရွှင်မယ်၊ ဆုံးပြီးသားတွေ ပြန်လည်ရရှိတတ်တယ်၊ အလုပ်အကိုင်တွေ အဆင်ပြေမယ်။ အများတကာရဲ့ အလေးပေးမှု ကြည်ညိုလေးစားကို ရမယ်။ အချစ်ရေး အိမ်ထောင်ရေးတွေလဲ ကောင်းပါတယ်။
ကျန်းမာရေး=သင့်တယ်။
ယတြာ=ကြာပန်းအဖြူရောင်ကို သောကြာနေ့တွင် ဘုရားလှူပါ။
ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်
1 comment:
hi dear sir how are you ?thank you , have a great day.....,
Post a Comment