ကျွန်တော် အခု ရေးသားမယ့် ဆေးကတော့ ရှေးအခါက နန်းတော်တွင်းမှာ အနေများတဲ့ မင်း-မိဖုရားတွေ အပုပ်-အခိုး-ငုပ်ရင် သောက်ကြလေ့ရှိတဲ့ နန်းတွင်း အခိုးပွင့်ဆေး ဖြစ်ပါတယ်။
အခိုးပွင့်ဆေး-
၁။ သင်္ဘောမဲဇလီရွက် အခြောက် (၂၀)ကျပ်သား။
၂။ ရွက်ညွန့် လက်ဖက်ခြောက် (အစစ်) (၁၀)ကျပ်သား။
၃။ လောက်သေရွက်အခြောက် (၁၀)ကျပ်သား၊
ထိုဆေးသုံးပါးကို ညက်နေအောင် အမှုန့်ထောင်းပြီး လေလုံတဲ့ ဖန်ပုလင်းတလုံးထဲသို့ ထည့်ထားပါ။
ဆီးချုပ်၊ ဝမ်းချုပ်၊ လေချုပ်ရင် ရေနွေးကြမ်းအိုးထဲထည့်လို့ လက်ဖက်ခြောက်အနေနဲ့ သောက်ပေးပါ။ အခိုးပွင့်လာပါလိမ့်မယ်။
ဒါ့အပြင် နှမ်းနက်ဆီနဲ့ နှပ်ထားတဲ့ လက်ဖက်သား စစ်စစ်ကို သုပ်ပြီးလည်း အထက်ပါ ဆေးသုံးပါးခတ်ထားတဲ့
ရေနွေးကြမ်းကို သောက်ပေးရင် အခိုး ပိုပြီး ပွင့်စေပြန်ပါတယ်။
သာထက်မောင်(မကွေး)
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

No comments:
Post a Comment