Thursday, August 4, 2011

လစဉ် ဟောစာတမ်း ( သြဂုတ်လ ၂၀၁၁)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( သြဂုတ်လ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းကိုင်ငန်းတွေ စိတ်တိုင်းကျ အဆင်ပြေမယ်၊ ရာထူးတွေလဲ တက်တတ်တယ်၊ အထက်လူကြီးတွေက ကြည့်လိမ့်မယ်၊ မိတ်ဆွေကောင်းတွေလဲရမယ် ၊ အချစ်ရေး ကောင်းတယ်၊

ကျန်းမာရေး=ညံ့တယ်။    
ယတြာ=ဆလပ်ရွက်ပေါ်မှာ ဇီးသီး ကိုးလုံးတင်ပြီး လမ်းလေးခွမှာ ချထားပါ။ 
*****************************************************************************

( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လာဘ်သပ်ပကာတွေ တအားရွှင်တတ်တယ်။ အလုပ်အကိုင် အားလုံးအောင်မြင်မယ်။ သို့သော် အလုပ်အတွက်တော့ စိတ်ညစ်စရာတွေပေါ်တတ်တယ်။ အိမ်ထောင်ရေး သတိထားပါ။ မျက်နှာပွင့်တယ်။ 
ကျန်းမာရေး=ဝမ်းရေမှာ ဥပါဒ်ပေးသလို ခေါင်းလဲ မူးမော်တတ်တယ်။ 
ယတြာ=နေကြာနှစ်ပွင့် ဘုရားလှူပါ။      
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ မမျှော်လင့်ဘဲ အမှုအခင်း အရှုပ်အရှင်း ပေါ်တတ် တယ်။ လုပ်ငန်းတွေ အခက်အခဲတွေ့မယ်။ ငွေရေးကြေးရေး သတိထားပါ။ 
ကျန်းမာရေး=ခါးနာ ခြေနာ ဖြစ်လိမ့်မယ်။  
ယတြာ=တနင်္လာနေ့မှာ ငါး ရှစ်ကောင် လွှတ်ပါ။
********************************************************************************

( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ ပူပင်သောကတွေ များနေလိမ့်မယ်။ တပါးသူရဲ့ မကောင်းသတင်းလွင့်ခံရမှုတွေလဲ ခံရတတ်တယ်။ အလုပ်အကိုင်တွေ ထိခိုက်သလို ကျန်းမာရေးလဲ ညံ့နေတတ်တယ်။ 
ကျန်းမာရေး=ညံ့တယ်။ 
ယတြာ=မွေးနေ့မှာ ငါးသက်စေ့ လွှတ်ပါ။ 

*******************************************************************************

( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ ငွေကြေးတွေ သောကများနေမယ်။ အလုပ်အကိုင်မှာလဲ ဖြေရှင်းစရာပြဿနာတွေ ပေါ်တတ်တယ်။ ကျန်းမာရေး ညံ့သလို အလုပ်မှာ စိတ်မဝင်စားတာ ဖြစ်နေတယ်။ အိမ်ထောင်ရေးလဲ အဆင်မပြေပါ သတိထား။ 
ကျန်းမာရေး=ညံ့တယ်။ 
ယတြာ=လပြည့် လကွယ်နေ့တိုင်း သက်သတ်လွတ် စားပါ။ မိမိမွေးနေ့တိုင်း အဓိဋ္ဌာန်ပုတီးစိပ်ပါ။  


********************************************************************************

( စနေ )
မိတ်ဆွေ ဒီလထဲမှာ ဖြေရှင်းစရာတွေ တွေ့နေတတ်တယ်။ မနာလိုတဲ့ သူတွေကြောင့် လုပ်ငန်းထိခိုက်မယ်။ ငွေကြေးလဲ အခက်အခဲ ဖြစ်တတ် တယ်။ 
ကျန်းမာရေး=ညံ့နေတယ်။ သွားကိုက်သွားနာ ဖြစ်တတ်တယ်။ 
ယတြာ=မွေးနေ့တိုင်း သက်သတ်လွတ်စားပါ။ အဓိဋ္ဌာန်ပုတီးစိပ်ပါ။ 
********************************************************************************

( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ ဘာတခုမှ အဆင်မပြေပါ။ တပိုင်းတစတွေ ဖြစ်နေပြီး အလုပ်တွေ ရပ်နေရတတ်တယ်။ ကြာသပတေးနံနဲ့ ပတ်သက်ပြီး စကားတွေ များရတတ်တယ်။ အိမ်ထောင်ရေးလဲ ညံ့နတယ်။ 
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်လိမ့်မယ်။ 
ယတြာ=မိမိရဲ့ မွေးနေ့မှာ ကော်ဖီတခွက်နဲ့ ကိတ်မုန့် ၉-ချပ်ကို အိမ်ကဘုရားမှာ လှူပါ။ 

  

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: