Saturday, August 6, 2011

ပြည်ပုပ်အောင်း အနာစိမ်းအတွက်

မသန့်သော သွေးညစ် သွေးပုပ်များစု၍ လူ၏အသားစိုင် ခန္ဓာကိုယ်ပေါ်တွင် အနာစိမ်း အနာ
ပေါက်တတ်ပါသည်။ ထိုသို့ အနာပေါက်ခြင်းသည် ရောဂါ အပေါ်သို့ ထိုးထွက်လာခြင်းဖြစ်၍ တနည်းအားဖြင့် ကောင်းသည်ဟု ယူဆရပါသည်။ ရောဂါသည် အပေါ်သို့ ထွက်မလာဘဲ ခန္ဓာကိုယ်အတွင်း အောင်းနေပါလျှင် ကုသရ ပိုမိုခက်ခဲပြီး အပ်နဲ့ထွင်းရမည့်အရာ ပုဆိန်နဲ့ ထွင်းရ ဆိုသလို ကြန့်ကြာတော့သည်။ အနာစိမ်းမှ ပြည်ပုပ်များ ရင့်မှည့် ဝင်းနေပြီး တဆစ်ဆစ် ကိုက်ခဲလျှင် အလွန်အခံရခက်လှသည်။ 

မပူပါနဲ့ သက်သာပျောက်ကင်းစေသည့်နည်းလမ်း တင်ပြပါမည်။
ဤနည်းသည် အနာပေါက်လူနာ များစွာပျောက်ကင်းခဲ့သော နည်းလမ်းကောင်း ဖြစ်ပါသည်။
ဆေးအမယ် (အမည်) မှာလည်း ထွေထွေထူးထူး မလိုပါ။ တစောင်းလက်ပတ် တပင်ရှိလျှင် ပြီးပါသည်။

တစောင်းလက်ပတ်၏ အပေါ်ယံအလွှာကို ဓားဖြင့်လွှာလိုက်ပါ။ အတွင်းမှ အနှစ်ဖြူဖြူ ဖွေးဖွေးကို တွေ့ရပါမည်။ ထိုတစောင်းလက်ပတ် အနှစ်ဖြူဖြူကို အနာပေါ်အုပ်၍ အဝတ်သန့်သန့်ဖြင့် ပတ်စည်းထားလိုက်ပါ။ တနေ့ သုံးကြိမ် လဲပေးပါ။ အနာ ပြည်ပေါက်ပြီး ပျောက်သွားပါလိမ့်မည်။ ဘေးထွက်ဆိုးကျိုး မရှိ ငွေကုန်ကြေးကျ မရှိ သက်သာပျောက်ကင်းသောနည်းဖြစ်၍ တင်ပြလိုက်ပါသည်။

နတ်မောက် မင်းသန့်နိုင်

No comments: