နို့စို့အရွယ် ကလေးသူငယ်ရှိသော သားသည်မိခင်များမှာ ထင်းပေါက်ခြင်း၊ ဖြတ်ခြင်း၊ ရေဆွဲခြင်း၊ အလေးအပင် မ,ခြင်း၊ ရွက်ခြင်း မပြုသင့်ပါ။ ထိုကဲ့သို့ အလေးမမူဘဲ အမှတ်တမဲ့ ပြုလုပ်လျှင် နို့ကြောင်းပိတ်ပြီး မလိုအပ်သော ဝေဒနာဆိုးကို ခံစားရတတ်ပါသည်။
မည်သို့ပင်ဖြစ်စေ အကြောင်းတခုခုကြောင့် သားသည်မိခင်များအဖို့ နို့ကြောင်းပိတ်ဝေဒနာကို ခံစားခဲ့ရသော်
ကျွန်းပင်မှ သီးသော ကျွန်းသီးကို ဆန်ဆေးရည်နှင့် သွေးပြီး တနေ့ သုံးကြိမ် လိမ်းပေးရုံသာ ဖြစ်ပါသည်။
အချို့ ပရဆေးဆိုင်များ၌ ကျွန်းသီး ဝယ်ယူရရှိတတ်ပါသည်။ အနီးစပ်ဆုံး သစ်တောဌာနနှင့် သစ်တောရုံးများတွင်လည်း တောင်းယူ ရရှိနိုင်ပါသည်။ ကျွန်းသီးမှာ ကွမ်းသီးလုံးခန့်သာ ရှိပါသည်။
နတ်မောက်မင်းသန့်နိုင်

No comments:
Post a Comment