Sunday, August 21, 2011

ဣတ္ထိယနွယ်ဝင် သိစေချင် (၂၀) သားအိမ်ကျခြင်း

သားအိမ်ကျခြင်းကို ဆေးပညာဝေါဟာရအားဖြင့် GENITAL PROLAPSE ဟုခေါ်၏။ သားအိမ်နှင့်မွေးလမ်းကြောင်း အောက်ဘက်သို့ နေရာရွေ့ကာ ဆင်းသက်လာခြင်းကို ဆိုလို၏။
သားအိမ်ကျခြင်းကို ရောဂါအနုအရင့်ပေါ်မူတည်၍ သုံးမျိုးသုံးစား ခွဲခြားထား၏။ ပထမအုပ်စုကို First Degree-ဟု သတ်မှတ်ထား၏။ ၄င်းအုပ်စုတွင် သားအိမ်သည် အနည်းငယ် ရွေ့နေသော်လည်း သားအိမ်ခေါင်းဝသည် မွေးလမ်းကြောင်းအတွင်း၌သာ ရှိနေ၏။

ဒုတိယအုပ်စုကို Second Degree ဟု သတ်မှတ်ထား၏။ ၄င်းအုပ်စုတွင် လူနားသည် မတ်တတ်ရပ်လျှင်သော၎င်း၊ အားစိုက်လျှင်သော်၎င်း သားအိမ်ခေါင်းသည် မိန်းမကိုယ်အဝ၌ ပြူထွက်လာ၏။

တတိယအုပ်စုကို Third Degree ဟု သတ်မှတ်ထား၏။ ၄င်းအုပ်စုတွင် သားအိမ်တခုလုံးသည် မိန်းမကိုယ်အဝမှ အပြင်သို့ ရောက်နေ၏။

သားအိမ်ကျခြင်းနှင့်အတူ အခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများလည်း လိုက်ပါနေရာရွေ့တတ်၏။ ဆီးလမ်းကြောင့်အောက်ပိုင်း နေရာရွေ့ပါက Urethrocele ဟုခေါ်၏။ 
သားအိမ်နေရာရွေ့ပါက Cyatocele ဟုခေါ်၏။
အစာဟောင်းအိမ် နေရာရွေ့ပါက Rectocele ဟုခေါ်၏။
အူများနေရာရွေပါက Enterocele ဟုခေါ်၏။

သားအိမ်ကျခြင်းကြောင့် နော်ကဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာတတ်၏။ ၄င်းတို့မှာ---
(က) မွေးလမ်းကြောင်း ပြောင်းလဲခြင်း။
(ခ) မွေးလမ်းကြောင်း အနာဖြစ်ခြင်း။
(ဂ) သားအိမ်ခေါင်း ကြီးထွားခြင်း။
(ဃ) ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း။
(င) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။
(စ) မွေးလမ်းကြောင်း သွေးပြည့်လျှံခြင်းနှင့် ပြန်မဝင်နိုင်ခြင်း။
(ဆ) သားအိမ်ခေါင်းဝနှင့် မွေးလမ်းကြောင်း ကင်ဆာဖြစ်ခြင်း။
(ဇ) မွေးဖွားစဉ် ခက်ခဲခြင်းတို့ ဖြစ်ပါသည်။

မွေးလမ်းကြောင်းသည် မိန်းမကိုယ်ဝမှတဆင့် ပြင်ပသို့ရောက်နေသဖြင့် ပြင်ပလေနှင့် ထိတွေ့နေရ၏။ ၄င်းပြင် မကြာခဏ ပွန်းပဲ့တတ်၏။ ထိုအခါ မွေးလမ်းကြောင်းပေါ်တွင် ဖုံးအုပ်ထားသော အက်ဝီသီလျှံ အလွှာသည် ထူလာကာ Keratin ဖြင့် ဖုံးအုပ်ခြင်းခံရ၏။ ၄င်းအခြေအနေကို ဆေးပညာဝေါဟာရအားဖြင့် Keratinization or Vagina ဟုခေါ်၏။

မွေးလမ်းကြောင်းသည် ပြင်ပရောက်နေသဖြင့် မကြာခဏ အဝတ်နှင့်သော်၎င်း၊ ပေါင်နှင့်သော်၎င်း ပွတ်တိုက်မိ၏။ ထိုအခါ မွေးလမ်းကြောင်းပေါ်တွင် အနာဖြစ်လာ၏။ ထိုအနာသည် မွေးလမ်းကြောင်း၏
အောက်ဆုံး သို့မဟုတ်-သားအိမ်ဝအောက်ဆုံးတွင် ရှိနေတတ်၏။ ထိုနေရာတွင် သွေးလည်ပတ်မှုနှုန်း နည်းပါးခြင်းကြောင့်လည်း ဖြစ်ဖွယ်ရှိ၏။ ဤကဲ့သို့ အနာဖြစ်ခြင်းကို ဆေးပညာဝေါဟာရအားဖြင့် Decubitalulceration ဟု ခေါ်၏။

သားအိမ်နှင့်မွေးလမ်းကြောင်း အောက်ပိုင်း လျှောဆင်းလာသောအခါ Supravaginal cervix ဟုခေါ်သော သားပိမ်ခေါင်းအထက်ပိုင်းသည် ဆွဲဆန့်ခြင်းခံရ၏။ ထိုအခါ ၄င်းအစိတ်အပိုင်းသည် ရြှ်ထွက်လာ၏။ ထိုသိုပရှည်ထွက်လာခြင်းကို Elogation of The Supravaginal Cervix ဟုခေါ်၏။ ၄င်းပြင် သားအိမ်ခေါင်းဝသည်  ရေနှင့်သွေးများဖြင့် ပြည့်နေတတ်၏။ ၄င်းကို Congestion and Oddema ဟုခေါ်၏။ ၄င်းအခြင်းအရာများအားလုံးကို စုပေါင်း၍ Hypertrophy or The Cervix ဟုခေါ်၏။

ဆီးအိမ်နေရာရွေ့လာပါက Cystocele ဟုခေါ်၏။ ၄င်းကဲ့သို့ဖြစ်ပေါ်လာလျှင် ဆီးညှစ်၍သွားသောအခါ ဆီးပြွန်အောက်ပိုင်း ကွေးကောက်ကာ ဆီးလမ်းကြောင်း ပိတ်ဆို့သဖြင့် ဆီးသွားရာ၌ ခက်ခဲလာ၏။
URETER ဟုခေါ်သော ဆီးပို့ပြွန်အောက်ပိုင်း ကွေးကောက်ကို တွန်းပြောင်းလာမှုကြောင့် ဆီးလမ်းကြောင်း ပိတ်ဆို့လာ၏။ ထိုအခါ ရေများ စုဝေးမှုကြောင့် ဆီးပို့ပြွန်နှင့် ကျောက်ကပ်ဖောင်းကားလာ၏။ ၄င်းတို့ကို HYDROURETER AND HYDRONHPHROSIS ဟုခေါ်၏။  ထိုကဲ့သို့ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းကို OBSTRUCTIVELESIONS OF THE URINARY TRACT ဟုခေါ်၏။


CYSTOCELE ဖြစ်ပေါ်လာသောအခါ ဆီးသွားရာ၌ ဆီးကို ကုန်စင်အောင် မထုတ်ပစ်နိုင်ပေ။ ထိုသို့ ဆီးကျန်နေသည့်အတွက် ရောဂါပိုးမွှားများ ဝင်ရောက်ရန် အခြေအနေကောင်း ဖြစ်၏။ ထိုအခါ ပိုးဝင်၍ ဆီးအိမ်ရောင်ခြင်း ဖြစ်လာတတ်၏။ ထိုမှတဆင့် ပိုးမွှားပျံ့နှံ့သွားပါက ဆီးလမ်းကြောင်းအထက်ပိုင်းအထိ ရောက်သွားတတ်၏။ ဆီးအိမ်ရောင်ခြင်းကို CYSTITIS ဟုခေါ်၏။ ဆီးပို့ပြွန်ရောင်ခြင်းကို PYELITIS AND PYELONEPHRITIS ဟုခေါ်၏။ ဆီးလမ်းကြောင်းတခုလုံး ရောင်ရမ်း၍ ပိုးဝင်ခြင်းကို INFECTION OF URINARY TRACT ဟုခေါ်၏။


ပြင်ပသို့ကျွံထွက်နေသော သားအိမ်ခေါင်းဝနှင့် မွေးလမ်းကြောင်းတို့သည် တခါတရံ သွေးများနှင့်ရေများ အလွန်အမင်းပြည့်လျှံကာ ဖောင်းကားနေတတ်၏။ ထိုသို့ဖောင်းကားနေမှုကြောင့် အတွင်းသို့ပြန်သွင်း၍ မရဘဲ ရှိနေတတ်၏။ ထိုသို့ ပြန်သွင်း၍ မ၇သောအခြေအနေကို INCARCERATION OF THE PROLAPSE ဟုခေါ်၏။


သားအိမ်ကျခြင်းကြောင့် သားအိမ်ခေါင်းဝနှင့် မွေးလမ်းကြောင်းတို့သည် မကြာခဏ အနာဖြစ်ခြင်း၊ မကြာခဏ ပွတ်တိုက်မိခြင်း၊ မကြာခဏ ဒဏ်ရာရခြင်းတို့ရှိသော်လည်း သားအိမ်ခေါင်းဝနှင့် မွေးလမ်းကြောင်းတိုပတွင် ကင်ဆာဖြစ်ပွားခြင်းကို လွန်စွာတွေ့ရခဲ၏။ ကင်ဆာဖြစ်ပွားနှုန်း လွန်စွာနည်းပါးကြောင်း တွေ့ရှိရ၏။


သားအိမ်ကျခြင်းကြောင့် ထိုလူနာသည် ကိုယ်ဝန်ရှိလာသောအခါ အခက်အခဲကြုံရတတ်၏။ သားအိမ် ကြီးထွားလာပြီး ဖိထားခြင်းကြောင့် ကိုယ်ဝန်ရှိစဉ် သားအိမ်ကျခြင်း ပိုမိုဆိုးဝါးလာတတ်၏။ ကိုယ်ဝန်ရလာသောအခါ သားအိမ်ကျခြင်း ပြန်လည်လျော့ပါးသွား၏။ လစေ့၍ မွေးဖွားသောအခါ
ပြင်ပရောက်နေသော သားအိမ်ခေါင်းဝမှပင် ကလေးကို မွေးရလေ့ရှိ၏။


သားအိမ်ကို အောက်သို့ လျှောမကျစေရန် သဘာဝအလျောက် ထိန်းပင့် မ,ထားသောအရာများ ရှိ၏။ ခန္ဓာဗေဒ သဘောတရားအရ လေ့လာပါက ၄င်း ပင့်မ,ထားသောအရာများမှာ LIGAMENT ဟုခေါ်သော အရွတ်ပိုင်းများ ဖြစ်ကြ၏။ ၄င်းအရွတ်ပိုင်းများမှာ RPUND LIGAMENT UTEROSACRAL LIGAMENT BROAD LIGAMENTS AND THEIR CELLUCAR TISSUE များ ဖြစ်ကြ၏။ ၄င်းအရွတ်ပိုင်းအများက သားအိမ်ကို ပင်မ, ထားကြ၏။


မွေးလမ်းကြောင်းကို ပင့်မ,ထားသော အင်္ဂါများမှာ CARDINAL LIGAMENTS LEVATOR ANITRIANGUCAR LIGAMENT PERINEAL MUSCLE PUBOCERVICAL FASCIA PERINEAL BODY နှင့် RECROVAGANIL FASCIA  တို့ဖြစ်ကြ၏။ 


သားအိမ်ကျနေသော လူနာများတွင် ၉၅-ရာခိုင်နှုန်းက ကလေးများများ မွေးဖူးသော လူနာများ ဖြစ်ကြ၏။ ကလေးများစွာ မွေးခြင်းသည် သားအိမ်ကျခြင်းနှင့် ဆက်စပ်မှုရှိနေ၏။ သားအိမ်နှင့် မွေးလမ်းကြောင်းတို့အား ပင့်မ,ထားသော အင်္ဂါအစိတ်အပိုင်းတို့တွင် အားနည်းမှုဖြစ်ပေါ်စေပါက သားအိမ်ကျရန် အလားအလာများ၏။


အောင်(ဆေး-၁) 
(ရုပ်ရှင် အမြုတေ ၂၀၀၆-ခု ဒီဇင်္ဘာ)

No comments: