Monday, August 8, 2011

ချောင်းဆိုး လည်ချောင်းနာသော်

အကြောင်းအမျိုးမျိုးကြောင့် ချောင်းတဟွတ်ဟွတ် ဆိုး, အိပ်ရေး ပျက်အောင် ဆိုး, ချောင်းဆိုးရလွန်း၍ လည်ချောင်းပါ နာလာရသူများအတွက် ငွေကုန်ကြေးကျ မရှိဘဲ ကိုယ်တိုင်ပြုလုပ် ဖော်စပ်သုံးစွဲနိုင်သော အလွယ်ကူဆုံး သက်သာပျောက်ကင်းစေသည့် ဆေးနည်းတလက်ကို လက်ဆင့်ကမ်းတင်ပြလိုက်ပါသည်။ 

လိုအပ်သော ဆေးအမည်မှာ-
* ကွမ်းရွက်
* အိမ်သုံး မီးဖိုချောင်သုံး ဆား။

ပထမ ကွမ်းရွက်တရွက်ထဲ ဆားဆန့်သလောက် ထည့်ထုပ်ပြီး မီးကျီးခဲရဲရဲပေါ်၌တင်၍ ဖုတ်ပါ။ ကွမ်းရွက် ခြောက်သွေ့သွားပြီး ဆားမီးဖုတ်ရပြီ ဖြစ်သည်။ ထိုကွမ်းရွက် ဆားမီးဖုတ်ကို ကွမ်းရွက်အစို တရွက်ထဲသို့ မန်ကျည်းစေ့ခန့် ထည့်ပြီး စားပေးပါ။ ငုံပေးပါ၊ အရည်ကိုလည်း မျိုချပေးပါ။ ထိုကဲ့သို့ တနေ့ နှစ်ကြိမ်မှ သုံးကြိမ်ထိ ပြုလုပ်ပေးပါက ချောင်းဆိုး လည်းချောင်းနာခြင်း သက်သာပျောက်ကင်း သွားပါလိမ့်မည်။

နတ်မောက်မင်းသန့်နိုင်

No comments: