Montgomery College မှာ တပတ် နှစ်ရက် တနင်္လာ နှင့်  ဗုဒ္ဓဟူး ညနေပိုင်း ၆-မှ-၉ နာရီ အချိန်
ကျောင်းတက်နေပါသည်။ ၈-၂၄-၁၁ နေ့က ကျောင်းဖွင့်ရက်ဖြစ်၍ ကျောင်းသွားပါသည်။
အတန်းချိန် စသည့်အခါမှာ ဆရာများက ကျောင်းသူ ကျောင်းသားတွေကို ၈-၂၃-၁၁ နေ့ နေ့လည် ၁.၅၁ မိနစ်အချိန် လှုပ်ခဲ့သည့် ၅.၉ ရှိ ငလျင်အကြောင်း မေးပါသည်။
အရင်ကြုံဖူးသလား
အခုကြုံရတော့ ဘယ်လိုခံစားရသလဲ
ဘယ်နေရာမှာ ရောက်နေသလဲ
ငလျင်လှုပ်သည့်အခါ ဘယ်လိုလုပ်ရမလဲ
ဘာလုပ်ရမလဲ -စသည် စသည် မေးပါသည်။
ထိုအခါ ကျောင်းသူ ကျောင်းသားတွေက မိမိတို့ရဲ့ အတွေ့အကြုံကို ပြောပြကြပါသည်။
ငလျင်လှုပ်သည့်အချိန်မှာ---
တယောက်က ဝါရှင်တန်ဒီစီ ကျောက်တိုင်နား ရောက်နေတယ်တဲ့၊
တယောက်က ထမင်းဆိုင်မှာ အလုပ်လုပ်နေတယ်တဲ့
တယောက်ကလဲ ဆိုင်တဆိုင်မှာ ဈေးရောင်းနေတယ်တဲ့
တယောက်က အိမ်မှာတဲ့
မိမိကတော့ ကွန်ပြူတာ အသုံးပြုနေပါတယ်။
ဆရာတယောက်က ငါးထပ်ရှိ ရုံးခန်းမှာ အလုပ်လုပ်နေတယ်တဲ့
ဆရာတယောက်က ကားမောင်းနေတယ်တဲ့
စသည်စသည် အသီးသီး ပြောပြီးကြတဲ့အခါမှာ ဆက်လက်ပြီး ဆရာက ငလျင်မလှုပ်ခင် လှုပ်နေတုန်း လှုပ်ပြီးသွားတဲ့အခါ ဘာတွေ ဘယ်လိုလုပ်ရမယ် စသည် သင်ပြပါသည်။
ဆရာသင်ပြပေးလိုက်သော ငလျင်နဲ့ ပတ်သက်သည့် ဆောင်စရာ ရှောင်စရာများကို ဗဟုသုတဖြစ်ဖွယ် တင်ပြပေးလိုက်ပါသည်၊
ဆောင်စရာ ဆောင်, ရှောင်စရာ ရှောင်၍ ငလျင်ဘေးမှ လွတ်မြောက်နိုင်ကြပါစေ။
Earthquake

No comments:
Post a Comment