Friday, September 2, 2011

လစဉ် ဟောစာတမ်း ( စက်တင်ဘာလ ၂၀၁၁)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( စက်တင်ဘာလ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။

 ( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ မမျှော်လင့်ဘဲ ငွေတွေ ဝင်လာတတ်တယ်။ အလုပ်ကလည်း ထွက်ချင်စိတ်ပေါ်လာတတ်တယ်။ မထွက်ပါနဲ့လို့ အကြံ ပေးပါရစေ။ အိမ်ထောင်ရေးတော့ သတိထားပါ။ မျက်နှာသိပ်ပွင့်
နေတယ်။ 
ကျန်းမာရေး=ဦးခေါင်းနဲ့ ဝမ်းရေ ဥပါဒ်ပေးတတ်တယ် ဂရုစိုက်ပါ။   
ယတြာ=ကြာဖူး (သို့) ကြာပန်း ဘုရားလှူပါ။ 
*****************************************************************************

( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အခက်အခဲတွေ့နေသလို စိတ်ညစ်စရာ
တွေလဲ ရောက်လာတတ်တယ်။ စီးပွားရေး မကောင်းပါ။ အိမ်မှာနေရတာ မပျော်ပိုက်ဘဲ ဖြစ်နေတတ်တယ်။ 
ကျန်းမာရေး=ခါးနဲ့ ခြေထောက် နာတတ် မျက်တတ်တယ်။ အမှုအခင်း သတိထားပါ။ 

ယတြာ=မွေးနေ့တိုင်း ဂုဏ်တော်ပုတီးစိပ်၍ သက်သတ်လွတ်စားပါ။ 
*******************************************************************************

( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲနေတတ် တယ်။ ဖြေရှင်းစရာ ပြဿနာတွေလဲ ပေါ်တတ်တယ်။ လုပ်ငန်းတွေ ထိခိုက်မယ်။ အိမ်ထောင်ရှိရင်လဲ တကျက်ကျက် ဖြစ်နေတတ်တယ်။ အချစ်ရေး ညံ့နေတယ်။ 
ကျန်းမာရေး=သွားကိုက် သွားနာ ဖြစ်တတ်တယ်။  
ယတြာ=လပြည့် လကွယ်နေ့တိုင်း သက်သတ်လွတ်စားပါ။ 
********************************************************************************

( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ ပြောင်းရွှေ့ဘို့ စိတ်ကူးပေါ်နေ တတ်တယ်။ မပြောင်းပါနဲ့လို့ အကြံပေးပါရစေ။ အတူနေ အိမ်သားတွေလဲ ကျန်းမာရေး ညံ့နေတတ်တယ်။
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်တတ်တယ်။

ယတြာ=ကြံ ပန်းခိုင် ဘုရားလှူပါ။

*******************************************************************************

( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေသလို မျှော်လင့်တာတွေ
ဖြစ်လာတတ်တယ်။ လာဘ်လာဘတွေ ရွှင်နေတတ်တယ်။ အထက်လူကြီး ဆရာသမားတွေရဲ့ ကူညီမှုကို ခံရတတ်တယ်။ ချစ်သူတွေ့လိမ့်မယ်။ 
ကျန်းမာရေး=သင့်တယ်။ 
ယတြာ=အင်္ဂါနေ့တိုင်း ဆီထမင်း ဘုရားလှူပါ။ 

********************************************************************************

( စနေ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်လုပ်ရတာ အခက်အခဲ တွေ့နေလိမ့်မယ်။ သူတပါးရဲ့ အကြောင်းမဲ့ တိုက်ခိုက်မှုကို ခံရတတ်သလို မကောင်းသတင်းလဲ အလွင့်ခံရတတ်တယ်။ အိမ်သားတွေ ကျန်းမာရေး ညံ့နေတယ်။ ငွေတွေ ဘာတွေ ဂရုစိုက်သိမ်းပါ။ ပျောက်တတ် ရှတတ်တယ်။ 
ကျန်းမာရေး=သင့်တယ်။
ယတြာ=စနေနေ့နံနက် စောစော စနေထောင့်မှာ ထီးနီ သက်စေ့လှူပါ။ 
********************************************************************************

( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အဆင်ပြေ တိုးတက်ကောင်းမွန်နေ တတ်တယ်။ အိုးအိမ်အနေအထိုင် ပြောင်းရွှေ့ရတတ်တယ်။ သူခိုး ခိုးခံရတတ်တယ် သတိထား။ လူမျိုးခြား မ,စလိမ့်မယ်။ 
ကျန်းမာရေး=ခြေထောက် နာတတ် မျက်တတ်တယ်။ 
ယတြာ=မွေးနေ့တိုင်း အဓိဋ္ဌာန်ပုတီးစိပ်ပါ။ 

  

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

No comments: