အဖျားဝင်ပြီးနောက် ခံတွင်းပျက်တတ်သော်---
ခရမ်းကစောသီးခါးမျိုးကို ရှာရမယ်၊ အသီးကလေးတွေက ဆီးဖြူသီးသာသာလောက်ပဲ ရှိပါတယ်၊ မှည့်သွားရင် ဝါထိန်နေတယ်၊
အဲဒီ ခရမ်းကစော့သီး ၁၅-လုံးလောက်ကို ခူးပြီး ရေဆေး၊
ကျောက်ဆုံမှာ ကြေမွသွားအောင် နည်းနည်းထောင်း၊
ပန်ကန်အသေးတလုံးထဲကို ဇွန်းနဲ့ခပ်ထည့်၊
ပြီးတော့ လက်ညှိုး, လက်ခလယ်, လက်သူကြွယ် သုံးချောင်းနဲ့ နှိုက်ပြီး (တို့ပြီး) လျှာကို ထုတ်ကာ မကြာမကြာ ပွတ်ပေးပါ။
၁၅-လုံး နည်းမယ်ထင်ရင် ပိုပြီးတော့ ထည့်ထောင်းနိုင်ပါတယ်။
မောင်ကျော်(ဘီးလင်း)

No comments:
Post a Comment