Thursday, September 1, 2011

အကျိတ်

အသက် ၅-နှစ်အောက် ငယ်သော ကလေးငယ်တချို့၏ နားရွက်နောက်ကျော (နားရွက်နား ကပ်လျက်)၌ မန်ကျည်းစေ့ခန့် (သို့မဟုတ်) ဆီးကင်းခန့်၊ ဆီးဖြူသီးခန့် ဖြစ်စေ ထက်ဝက်ခြမ်းပြီး တခြမ်းကို ကပ်ထားသကဲ့သို့ ကလေးများတွင်  အကျိတ်ပေါက်သော်---
ရဲယိုပင်၏ အခေါက်အစို လက်တဝါးစာခန့်ကို ရေဆေးပြီး ဓားနှင့် နုပ်နုပ်စဉ်း၊
ထို့နောက် မြေအိုးကလေးထဲသို့ ရေသင့်တော်ရုံထည့်ပြီး သုံးခွက်တခွက်တင် ပြုတ်ရမည်၊
အအေးခံ၍ စစ်ယူပြီးနောက် ပုလင်းသန့်သန့်ထဲသို့ ထည့်၊
ကလေးများ နံနက် ထမင်းစားပြီး တကြိမ်၊ ညနေ ထမင်းစားပြီး တကြိမ်၊ တခါသောက်လျှင် ဟင်းခပ်စတီးဇွန်းနှင့် တဇွန်း ပုံမှန်သောက်ပေးရမယ်။ 
သောက်ခါနီးလျှင် သံပုရာသီး စစ်စစ်မှ သံပုရာရည် သုံးလေးစက်လောက် ထည့်သောက်လျှင် ပိုကောင်းသည်။


လိမ်းဆေးအနေနဲ့ ကြောင်ပန်းရွက်အစို ထောင်းပြီးသား အရည် (၁၀)ကျပ်သားနှင့် နှမ်းဆီစစ်စစ် (၁၀)ကျပ်သား ရောစပ်၍ မီးကျီးခဲ ရဲရဲမှာ ကျိုချက်ရမည်။ မကြာမကြာ မွှေပေးရင်း ကြောင်ပန်းရွက်ရည် ခန်းသွားလျှင် အအေးခံပြီး ပုလင်းသန့်သန့်ထဲသို့ ထည့်ထားရမည်၊ ၄င်း လိမ်းဆေးအဆီကို ကလေးငယ်များ၏ နားရွက်နောက်ကျောဘေး၌ ပေါက်တတ်သော အကျိတ်ကို မကြာမကြာ လိမ်းပေးရမည်။ ယင်းကဲ့သို့ ပုံမှန် ဆေးသောက်ပေးခြင်း၊ ဆေးလိမ်းပေးခြင်းပြုလျှင် တဖြည်းဖြည်း လျော့ပါးသက်သာ
ပျောက်ကင်းသွားမည်။

မောင်ကျော်(ဘီးလင်း)


No comments: