Thursday, September 1, 2011

အရွယ်ရောက်ပြီးစ အမျိုးသမီးငယ်များ ဓမ္မတာနည်းသော်

အရွယ်ရောက်ပြီးစ အမျိုးသမီးငယ်များ ဓမ္မတာနည်းသော်
ရေချိုး မကြာစေနဲ့၊ 
အိပ်ရေး ဝအောင်အိပ်ပါ၊
အရသာအေးပြီး ဖန်၊ ချွဲတဲ့ အစာတွေကို သိပ်ပြီး မစားပါနဲ့၊
လစဉ် သွေးသား မမှန်ကန်သေးသော်---
အခါးဓာတ်ပါတဲ့ အသီးအရွက်တွေကို နည်းနည်းပိုစားသင့်တယ်၊
နေ့တိုင်းရယ်လို့တော့ မဟုတ်၊ ရက်ခြား, ရက်ခြားလောက်ပါ၊
အသီးအရွက်ဆိုတာကလည်း ကြောင်လျှာသီးနှင့် အရွက်၊ ကြက်ဟင်းခါးသီးနဲ့ အရွက်တွေကို နည်းနည်းမီးပြပြီးတော့ ထမင်းစားတိုင်း အတို့အမြှုပ်သဘောမျိုး စားသောက်သင့်တယ်၊
လစဉ် သွေးသားမမှန်ကန်သေးတဲ့ အမျိုးသမီးငယ်တွေ အခါးဓာတ်နဲ့ သင့်တော်တယ်။
အခါးဓာတ်လျော့တာ စားလိုသော်---ပိုးစာရွက်ဖြစ်ဖြစ်၊ ကြာဟင်းညွန့်ဖြစ်ဖြစ် တခုခုကို ကြက်သွန်ဖြူကဲပြီး ဟင်းချို(အရည်သောက်ဟင်း) ချက်ပြီး ထမင်းစားတိုင်း စားသောက်ပေးပါ။ 


မော်ကျော်(ဘီးလင်း) 


(အကျဉ်းချုပ်ဖော်ပြသည်)

No comments: