ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( အောက်တိုဘာလ ၂၀၁၁ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=န့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ အိမ်မှာနေရတာ မပျော်ပိုက်ဘဲ ဖြစ်နေတတ်သလို လုပ်ငန်းတွေလဲ အခက်အခဲဖြစ်တတ်တယ်။ စီးပွားရေးလဲ ညံ့နေတယ်။ အလုပ်မပြောင်းပါနဲ့။
ကျန်းမာရေး=ခါးနဲ့ခြေထောက်တွေ ဥပါဒ်ပေးမယ်။
ယတြာ= မွေးနေ့မှာ ငါး ၂၆-ကောင် လွှတ်ပါ။

*****************************************************************************
( အင်္ဂါ )
မိတ်ဆွေ ဒီလထဲမှာ အလုပ်မှာ စိတ်မဝင်စားသလို ဖြစ်နေမယ် ပြဿနာ
ပေါ်တတ်တယ်။ အလုပ်တွေလဲ ပင်ပန်းနေလိမ့်မယ်။
ဖြေရှင်းစရာ ပြဿနာပေါ်တတ်တယ်။ လုပ်ငန်းထိခိုက်မယ်။

ကျန်းမာရေး=ညံ့တယ်။
ယတြာ=စနေနေ့ ၁၀-နာရီမှာ ဒံပေါက် တစ်ထုပ် ဆွမ်းတော်တင်ပါ။

*******************************************************************************
( ဗုဒ္ဓဟူး )
မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေ အခက်အခဲတွေ့နေလိမ့်မယ်။
နာမည်ဂုဏ်သတင်း ပျက်တတ်တယ်။ ငွေရေးကြေးရေး သတိထားပါ။

ကျန်းမာရေး=သွေးကိုအကြောင်းပြုတဲ့ရောဂါ ဖြစ်တတ်တယ်။
ယတြာ=မွေးနေ့မှာ ထီးနီ သက်စေ့ လှူပါ။
ယတြာ=မွေးနေ့မှာ ထီးနီ သက်စေ့ လှူပါ။
********************************************************************************
( ကြာသပတေး )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းသစ်တွေ စရလိမ့်မယ်။ မမျှော်လင့်ဘဲ
ငွေတွေ ဝင်လာတတ်တယ်။ သတိထားပါ အိမ်ထောင်ရေးပြဿနာ ကြုံတတ်တယ်။

ကျန်းမာရေး=သင့်ပါတယ်။
ယတြာ=လောကဝိဒူဂုဏ်တော် အဓိဋ္ဌာန်နဲ့ စိပ်ပါ။
ယတြာ=လောကဝိဒူဂုဏ်တော် အဓိဋ္ဌာန်နဲ့ စိပ်ပါ။
*******************************************************************************
( သောကြာ )
မိတ်ဆွေ ဒီလထဲမှာ အိုးအိမ်နေရာ ပြောင်းရွှေ့ကိန်း မြင်တယ်။ လာဘ်လာဘ ရွှင်တယ်။ အလုပ်အကိုင် ကောင်းတယ်။ လူမျိုးခြားတွေ မ,စဘို့ ကိန်း ရှိတယ်။
ကျန်းမာရေး=ဝမ်းရေနဲ့ ဦးခေါင်းမှာ ဒုက္ခပေးလိမ့်မယ်။
ယတြာ=မွေးနေ့မှာ မီးသက်စေ့လှူပါ။
ယတြာ=မွေးနေ့မှာ မီးသက်စေ့လှူပါ။
********************************************************************************
( စနေ )
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းအသစ်တွေ ပြောင်းဘို့ပေါ်တတ်တယ်။ ခရီးယာယီကိန်းလဲ တွေ့တယ်။ အလုပ်တွေလဲ တပိုင်းတစ ဖြစ်နေ လိမ့်မယ်။
ကျန်းမာရေး=မကြာခဏ ခေါင်းကိုက်လိမ့်မယ်။
ယတြာ=မွေးနေ့မှာ ကော်ဖီ တခွက်နဲ့ ကိတ်မုန့် ကိုးချပ် ဘုရားလှူပါ။
ယတြာ=မွေးနေ့မှာ ကော်ဖီ တခွက်နဲ့ ကိတ်မုန့် ကိုးချပ် ဘုရားလှူပါ။
********************************************************************************
( တနင်္ဂနွေ )
မိတ်ဆွေ ဒီလထဲမှာ ရုတ်တရက် ငွေတွေဝင်လာလိမ့်မယ်။ လာဘ်လာဘတွေ ရွှင်တယ်။ အလုပ်အတွက်တော့ စိတ်ညစ်စရာ
ပေါ်လိမ့်မယ်။ အကြီးအကဲ ဆရာသမားရဲ့ ဒုက္ခပေးခြင်း ခံရတတ်တယ်။

ကျန်းမာရေး=ခေါင်းမူးတတ်တယ်၊ ဝမ်းဗိုက်အောင့်တတ်တယ်။
ယတြာ=တနင်္လာနေ့မှာ မိမိအိမ်က ဘုရားကို ရေသပ္ပါယ်၍ ထန်းလျက် ၁၁-ခဲကို စက္ကူနဲ့ထည့်ပြီး လှူပါ။

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်
No comments:
Post a Comment